ပေါင်မုန့် ကြိုက်လား၊ ဒါဆို သင့်အတွက် သတင်းကောင်းလေးပါ

ပေါင်မုန့် ဆိုတာ ဗမာရိုးရာ အစားအစာမဟုတ်ပေမယ့် အစားများတဲ့ အစားအစာ အမျိုးအစားထဲမှာတော့ပါနေပါတယ်။ ကမ္ဘာမှာဆိုရင်တော့ စားသုံးသူ သိပ်များတဲ့ အစားအစာတစ်မျိုးပေါ့။ အနောက်နိုင်ငံတွေမှာတော့ ပေါင်မုန့်ကို ပုံစံမျိုးစုံနဲ့ မှီဝဲကြပေမယ့် မြန်မာပြည်မှာကတော့ အစာပြေစာအနေနဲ့ စားကြတာများပါတယ်။ ပေါင်မုန့်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်တဲ့အပြင် အရသာအမျိုးမျိုး ထည့်ပြီးတော့လည်း ထုတ်လုပ်ရောင်းချကြပါတယ်။ ပေါင်မုန့်ဆိုရင် အဖြူပဲဖြစ်ဖြစ်၊ အညိုပဲ ဖြစ်ဖြစ် သူ့ပုံသဏ္ဍာန်နဲ့သူ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဘယ်လိုအကျိုးပြုတာလဲဆိုတာကို သိချင်နေပြီဆိုရင်တော့ အောက်မှာ ပေါင်မုန့်ရဲ့ အကျိုးအာနိသင်တွေကို ဖတ်ကြည့်လိုက်တော့နော်။ အားပြည့်စေတယ် ပေါင်မုန့်မှာ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်တာကြောင့် ခန္ဓါကိုယ်စွမ်းအင်တွေ ရရှိဖို့ အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် တစ်နေ့လုံး အားပြည့်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေပါလိမ့်မယ်။ ဝမ်းဗိုက်နဲ့…

တမာ အစွမ်း အံ့မခန်း

တမာ နဲ့ အညာက ခွဲမရတဲ့ အရာပါ။ နွေပူပူ တမာရိပ်မှာ အကြမ်းရည်လေးသောက် လက်ဖက်လေးဝါးရတာက အတော်လေး အရသာရှိပါတယ်။ ဒီလိုမျိုး နွေပူချိန်မှာ အရိပ်အေးအေးကို ပေးတဲ့ တမာပင်က အရွက်၊ အခေါက်၊ အသီး အားလုံးလိုလို ဆေးဖက်ဝင်ပါတယ်။ ဒီတော့ အချဉ်စိမ်စားလေ့ရှိတဲ့ တမာရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ကြည့်လိုက်စို့လား! တမာ က အခုလို ဆေးဖက်ဝင်ပါတယ် တမာရဲ့ ဆေးဖက်ဝင်ပုံတွေကတော့ အောက်ပါအတိုင်းပါပဲ။ တမာက သွားနဲ့ခံတွင်း ကျန်းမာစေတယ် တမာရိုးနဲ့ သွားတိုက်လို့ ရသလို တမာရွက်က သွားချေးတွေကို ပြောင်စင်စေပြီး သွားနဲ့ခံတွင်း ကျန်းမာစေနိုင် ပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားဖုံးရောင်တာကိုလည်း သက်သာစေနိုင် ပါတယ်။ ပိုးသတ်ပေးနိုင်တယ် တမာရွက်က…

ခရမ်းသီး က ရင်ကြပ်စေသလား

ခရမ်းသီး က နှပ်စားစား၊ ကြော်စားစား၊ ချဉ်ရည်ဟင်းထဲ ထည့်ချက်ချက် အရသာရှိတဲ့ စားဖွယ်လေး တစ်မျိုးပါ။ ဒီလို စားလို့ အရသာရှိလှတဲ့ ခရမ်းသီးက ရင်ကြပ်စေတယ်။ ရင်ကြပ်ရှိရင် မစားရဘူးဆိုပြီး ကြားဖူးမှာပေါ့။ ဒါတကယ်ပဲလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ခရမ်းသီးက ရင်ကြပ်စေတာမျိုးကို ဖြစ်စေတာ မဟုတ်ဘဲ လေထုနဲ့ ခရမ်းသီးမှာ ကပ်ပါလာတဲ့ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေက ချောင်းဆိုးစေတာပါ။ ခရမ်းသီးက ရင်ကြပ်တာကို ပိုဆိုးစေတာမျိုး မရှိသလို အခုလို အကျိုးကျေးဇူးတွေကို ပေးပါသေးတယ်။ ခရမ်းသီး စားပေးမယ်ဆိုရင် အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ် ခရမ်းသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာစေနိုင်သလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာချင်တယ်ဆိုရင်တော့ ခရမ်းသီးကို စားပေးလို့ ရပါတယ်။…

Smart Person တွေလိုပဲ အိပ်ယာမဝင်ခင် စာဖတ်ကြည့်ပါလား

စာဖတ်တယ်ဆိုတာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုလို့ လူကြီးသူမတွေက အမြဲဆုံးမလေ့ရှိတယ်။ ကမ္ဘာပေါ်မှာ ထူးချွန်ထက်မြက်သူတိုင်းဟာ စာဖတ်ကြလေ့ရှိတယ်။ ဒီတော့ Smart Person တွေလိုပဲ အိပ်ယာမဝင်ခင် စာဖတ်ကြည့်ပါလား လို့ တိုက်တွန်းချင်ပါရဲ့။  Tesla ရဲ့ CEO (အမှုဆောင် အရာရှိချုပ်) ဖြစ်တဲ့ အီလွန် မတ်စ်ဟာ အိပ်ယာမဝင်ခင်မှာ စာဖတ်တဲ့ အလေ့အထရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒုံးပျံတွေတည်ဆောက်ဖို့ စာအုပ်တွေဖတ်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အဲ့လိုလေ့လာဖို့ အိပ်ယာမဝင်ခင် အချိန်တွေမှာ စာဖတ်ခဲ့တာပါ။ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေထဲမှာ အိပ်ယာမဝင်ခင် စာဖတ်ကြသူတွေအမြောက်အများရှိပါတယ်။ Facebook ရဲ့ မာ့ခ် ဇက်ကာဘတ်တို့၊ ဝါရင် ဘတ်ဖတ်တို့လည်း ဒီလို အလေ့အထမျိုးတွေ ရှိကြပါတယ်။ ဝါရင် ဘတ်ဖတ်ဆိုရင် တစ်နှစ်မှာ စာအုပ် ၆၀ ဖတ်လေ့ရှိပြီးတော့ အဲ့ဒီစာအုပ်အားလုံးကို…

ချမ်းသာချင်သူတွေ အတွက် နည်းလမ်း (၅)သွယ်

ရည်မှန်းထားတာတွေကို ဖြစ်မြောက်အောင်လုပ်နိုင်ပြီးတော့ စိတ်ကျေနပ်နေရမယ်ဆိုရင် အောင်မြင်နေပြီလို့ ပြောနိုင်ပါပြီ။ လူတစ်ယောက်ဟာ တံခါးလက်ကိုင်ကို ဘယ်လိုလှည့်ပြီး ဖွင့်ရမှန်းမသိရင်တော့ အထဲကို ဝင်လို့ရမှာ မဟုတ်ပါဘူး။ အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်စေတဲ့ ကိစ္စတွေကို လုပ်ဆောင်နေသရွေ့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ အခုဆောင်းပါးမှာတော့ ဘဝမှာအောင်မြင်ဖို့ရည်မှန်းထားသူတွေ၊ ချမ်းသာချင်သူတွေ အတွက် အကြံပေးချက်တွေကို ဖော်ပြလိုက်ပါတယ်။ ၁။ အကြိမ်ပေါင်းများစွာ ကြိုးစားပါ ကလေးငယ်တစ်ယောက်ဟာ ပစ္စည်းတစ်ခုကို ဘယ်လိုကိုင်ရမယ်ဆိုတာတောင် မသိပါဘူး။ သူဟာ လက်ထဲမှာ ကိုင်တယ်၊ နည်းလမ်းမမှန်တော့ ပြုတ်ကျတယ်၊ ပြန်ကိုင်တယ်၊ နောက်ဆုံးတော့ ပစ္စည်းကို အောက်သို့လွတ်မကျအောင် ကိုင်နိုင်ခဲ့ပါတယ်။ လူတိုင်း ကျရှုံးဖူးပါတယ်။ လဲကျရင် ပြန်ထ အဲဒါဘဝ။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ အကြိမ်ပေါင်းများစွာ ကြိုးစားလိုက်ပါ။ နောက်ဆုံးမှာ မုချ အောင်မြင်ပါလိမ့်မယ်။ Edison တောင် မီးသီးတစ်လုံးအလင်းရဖို့…

စားလို့ကောင်းတဲ့ ကညွတ် လေးရဲ့ ကောင်းကျိုးဆိုးကျိုး အမျိုးမျိုး

ခုခေတ် စားသောက်ဆိုင်တွေမှာဆိုရင် ကညွတ် ကင်ဆိုတဲ့ စားစရာအမယ်တစ်မျိုးကို အလွယ်တကူ ဝယ်စားလို့ရနေပါပြီ။ လူကြိုက်လည်း များလှပါတယ်။ စားသာစားနေတယ် ကိုယ်စားနေတဲ့ အစားအစာမှာ ဘယ်လို အာဟာရဓာတ်တွေနဲ့ အကျိုးကျေးဇူးတွေ ပါနေတယ်၊ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတယ်ဆိုတာကိုတော့ လူအများစု မသိကြတာများပါတယ်။ အာဟာရဗေဒ ကျန်းမာရေး ပညာရှင်တွေကတော့ ကညွတ်ဟာ အာဟာရဓါတ်တွေပြည့်ဝနေတဲ့ အရာဖြစ်လို့ နေ့စဉ်စားသောက်တဲ့အထဲ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးလို့ ဆိုကြပါတယ်။ ဒါ့အပြင် အဆီပါဝင်မှုကလည်း မရှိသလောက်ရှိနည်းတဲ့အတွက် ကယ်လိုရီပါဝင်မှုလည်း အရမ်းနည်းပါတယ်တဲ့။ ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေက များလွန်းတဲ့ ကညွတ်ကို စားဖူးတယ်ဆိုရင် ခုပြောပြပေးမယ့် အချက်လေးတွေကိုလည်း သိထားမှဖြစ်ပါလိမ့်မယ်။ အရိုးသန်မာစေတယ် – ဗီတာမင်ကေ ရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှု ပိုကောင်းစေတာပဲ ဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင် K ပမာဏရဲ့…