ကစားသမားဘဝ မပျက်ချင်ရင် အပျင်းမကြီးဖို့ သတိပေးခံရတဲ့ ပက်ပေ

[UNICODE]

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း လိုရစ် ရီမီက အာဆင်နယ်တောင်ပံ ကစားသမား နီကိုလပ် ပက်ပေအနေနဲ့ သူ့ရဲ့ ကစားသမားဘဝ မပျက်စီးသွားချင်ရင် တစ်ရက်ကလေးတာင်မှ အပျင်းကြီးနေလို့မရပဲ အပြင်းအထန်ကြိုးစားအားထုတ်နေမှဖြစ်လိမ့်မယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နီကိုလက် ပက်ဟော ယမန်နှစ်ရာသီအစတုန်းကမှ လိုင်လီအသင်းထံကနေ အာဆင်နယ်အသင်းထံကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၆၂ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၁၃ ဂိုးသွင်းယူပြီး ၁၃ ဂိုး ဖန်တီးပေးထားသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပက်ပေဟာ ခြေစွမ်းပိုင်းမှာ အသင်းနဲ့ အံဝင်မှုအားနည်းနေခဲ့ပြီး ပရိတ်သတ်တွေနဲ့ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေကို ခံနေရသူဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး လိုရစ် ရီမီကတော့ သူ့ရဲ့ ကစားသမားဘဝအတွေ့အကြုံတွေကို အခြေခံပြီး သတိပေးစကားဆိုလိုက်ပါတယ်။ “သူက လိုင်လီမှာတုန်းကတော့ ကြယ်ပွင့်ပဲ။ အသင်းရဲ့ အကောင်းဆုံးကစားသမားဆိုတာ သံသယမရှိပါဘူး။ ဒီလိုအခြေအနေမှာ နောက်ထပ်ခြေလှမ်းကို စလိုက်တာနဲ့ အဘက်ဘက်က မျှော်လင့်ချက်တွေက အရမ်းကိုမြင့်သွားတာပါ။ ဒီအခြေအနေမှာ တစ်နေ့တစ်မနက်တောင်မှ အပျင်းကြီးနေလို့ မရတော့ပါဘူး” လို့ ရီမီက Goal ကို ပြောဆိုသွားခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ကျူပီအာမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ခေါ်ယူမှုကို ခံခဲ့ရတဲ့ လိုရစ်ဟာ ချယ်လ်ဆီးမှာ ၂ ရာသီကစားပြီး ၇ ဂိုးသာသွင်းယူနိုင်ခဲ့သလို လူစားဝင်ကစားသမားအဖြစ် အရံခုံမှာထိုင်ရင်းသာ အချိန်ဖြုန်းခဲ့ရသူဖြစ်ပါတယ်။

ရီမီကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို ခြေခံပြီး ပက်ပေကို ခုလို သတိပေးစကား ဆိုသွားခဲ့ပါတယ်။ “ထိပ်တန်းအသင်းကြီးတွေဆီကို ရောက်ပြီဆိုတာနဲ့ ခြေစွမ်းတည်ငြိမ်မှုက သိပ်ကို အရေးပါလာပါပြီ။ အသင်းမှာ အထိုင်ကျဖို့ အချိန်ပေးပါ၊ အံမဝင်သေးလို့ပါဆိုပြီး မင်းငြင်းနေလို့မရပါဘူး။ အသင်းငယ်တွေမှာလိုမျိုး အမှားတွေ ခဏခဏလုပ်လို့လည်း မရတော့ပါဘူး။ ဘာလို့လဲ ဆိုရင် မင်းနေရာကို အစားဝင်ဖို့ စောင့်ဆိုင်းနေတဲ့ ကစားသမားတွေ အရံခုံမှာ အပြည့်ရှိနေတာကြောင့်ပါပဲ။ လူတိုင်းက နေရာရဖို့ အပြင်းအထန်လေ့ကျင့်နေကြတာ။ ဒီအချက်က အသင်းကြီးတွေနဲ့ အသင်းသေးတွေအကြားက ခြားနာချက်ပါပဲ” လို့ ရီမီက ဆိုခဲ့တာပါ။

လက်ရှိမှာ တူရကီကလပ် ခိုင်ကာ ရီဇီစပေါ်အသင်းမှာ ကစားနေတဲ့ ပြင်သစ်တိုက်စစ်မှူး ရီမီဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ကျူပီအာ၊ နယူးကာဆယ်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ်မှာကစားခဲ့တဲ့ ၄ ရာသီအတွင်း သွင်းဂိုး ၃၂ ဂိုးသွင်းယူခဲ့ဖူးသူဖြစ်ပါတယ်။

Source: Goal

[ZAWGYI]

ခ်ယ္လ္ဆီးအသင္းရဲ႕ တုိက္စစ္မွဴးေဟာင္း လိုရစ္ ရီမီက အာဆင္နယ္ေတာင္ပံ ကစားသမား နီကိုလပ္ ပက္ေပအေနနဲ႔ သူ႔ရဲ႕ ကစားသမားဘဝ မပ်က္စီးသြားခ်င္ရင္ တစ္ရက္ကေလးတာင္မွ အပ်င္းၾကီးေနလို႔မရပဲ အျပင္းအထန္ၾကိဳးစားအားထုတ္ေနမွျဖစ္လိမ့္မယ္လုိ႔ တုိက္တြန္းေျပာဆိုလုိက္ပါတယ္။

နီကိုလက္ ပက္ေဟာ ယမန္ႏွစ္ရာသီအစတုန္းကမွ လိုင္လီအသင္းထံကေန အာဆင္နယ္အသင္းထံကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းအတြက္ ၆၂ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၁၃ ဂိုးသြင္းယူျပီး ၁၃ ဂိုး ဖန္တီးေပးထားသူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပက္ေပဟာ ေျခစြမ္းပိုင္းမွာ အသင္းနဲ႔ အံဝင္မႈအားနည္းေနခဲ့ျပီး ပရိတ္သတ္ေတြနဲ႔ ကၽြမ္းက်င္သူေတြရဲ႕ ေဝဖန္မႈေတြကို ခံေနရသူျဖစ္ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္ျပီး လိုရစ္ ရီမီကေတာ့ သူ႔ရဲ႕ ကစားသမားဘဝအေတြ႕အၾကံဳေတြကို အေျခခံျပီး သတိေပးစကားဆိုလုိက္ပါတယ္။ “သူက လိုင္လီမွာတုန္းကေတာ့ ၾကယ္ပြင့္ပဲ။ အသင္းရဲ႕ အေကာင္းဆံုးကစားသမားဆိုတာ သံသယမရွိပါဘူး။ ဒီလိုအေျခအေနမွာ ေနာက္ထပ္ေျခလွမ္းကို စလိုက္တာနဲ႔ အဘက္ဘက္က ေမွ်ာ္လင့္ခ်က္ေတြက အရမ္းကိုျမင့္သြားတာပါ။ ဒီအေျခအေနမွာ တစ္ေန႔တစ္မနက္ေတာင္မွ အပ်င္းၾကီးေနလုိ႔ မရေတာ့ပါဘူး” လို႔ ရီမီက Goal ကို ေျပာဆုိသြားခဲ့ပါတယ္။

နယူးကာဆယ္နဲ႔ က်ဴပီအာမွာ ေျခစြမ္းျပသႏုိင္ခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ႕ ေခၚယူမႈကို ခံခဲ့ရတဲ့ လုိရစ္ဟာ ခ်ယ္လ္ဆီးမွာ ၂ ရာသီကစားျပီး ၇ ဂိုးသာသြင္းယူႏုိင္ခဲ့သလို လူစားဝင္ကစားသမားအျဖစ္ အရံခံုမွာထိုင္ရင္းသာ အခ်ိန္ျဖဳန္းခဲ့ရသူျဖစ္ပါတယ္။

ရီမီကေတာ့ သူ႔ရဲ႕ အေတြ႕အၾကံဳေတြကို ေျခခံျပီး ပက္ေပကို ခုလို သတိေပးစကား ဆိုသြားခဲ့ပါတယ္။ “ထိပ္တန္းအသင္းၾကီးေတြဆီကို ေရာက္ျပီဆိုတာနဲ႔ ေျခစြမ္းတည္ျငိမ္မႈက သိပ္ကို အေရးပါလာပါျပီ။ အသင္းမွာ အထိုင္က်ဖို႔ အခ်ိန္ေပးပါ၊ အံမဝင္ေသးလို႔ပါဆိုျပီး မင္းျငင္းေနလို႔မရပါဘူး။ အသင္းငယ္ေတြမွာလိုမ်ိဳး အမွားေတြ ခဏခဏလုပ္လို႔လည္း မရေတာ့ပါဘူး။ ဘာလို႔လဲ ဆိုရင္ မင္းေနရာကို အစားဝင္ဖို႔ ေစာင့္ဆုိင္းေနတဲ့ ကစားသမားေတြ အရံခံုမွာ အျပည့္ရွိေနတာေၾကာင့္ပါပဲ။ လူတုိင္းက ေနရာရဖို႔ အျပင္းအထန္ေလ့က်င့္ေနၾကတာ။ ဒီအခ်က္က အသင္းၾကီးေတြနဲ႔ အသင္းေသးေတြအၾကားက ျခားနာခ်က္ပါပဲ” လို႔ ရီမီက ဆိုခဲ့တာပါ။

လက္ရွိမွာ တူရကီကလပ္ ခိုင္ကာ ရီဇီစေပၚအသင္းမွာ ကစားေနတဲ့ ျပင္သစ္တုိက္စစ္မွဴး ရီမီဟာ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္ၾကတဲ့ က်ဴပီအာ၊ နယူးကာဆယ္နဲ႔ ခ်ယ္လ္ဆီးအသင္းေတြမွာ ပါဝင္ကစားခဲ့ဖူးျပီး ပရီးမီးယားလိဂ္မွာကစားခဲ့တဲ့ ၄ ရာသီအတြင္း သြင္းဂိုး ၃၂ ဂိုးသြင္းယူခဲ့ဖူးသူျဖစ္ပါတယ္။

Source: Goal

Leave a Reply