ကစားသမားရောင်းချမှုကနေ ပေါင် သန်း ၁၂၀ ကျော်ရှာဖွေတော့မယ့် အာဆင်နယ်

[UNICODE]

လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူချင်နေတဲ့ အာဆင်နယ်အသင်းဟာ ကစားသမားရောင်းချမှုကနေ အသုံးစားရိတ် ပေါင်သန်း ၁၂၀ ကျော် ရှာဖွေသွားဖို့ရှိနေတယ်လို့ Football London သတင်းဌာနက ဖော်ပြသွားပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ် အာတီတာဟာ အရည်အသွေးမြင့် ကစားသမားသစ်တစ်ချို့ကို ခေါ်ယူဖြည့်တင်းချင်နေပြီး ကိုဗစ်အကျပ်အတည်းနဲ့ ဥရောပဝင်ခွင့်မရေရာမှုတွေကြောင့် ဘက်ဂျက်ပိုင်းပြဿနာတစ်ချို့ကို ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်လည်း လာမယ့်နွေရာသီမှာ အသင်းမှာ မလိုအပ်တဲ့ကစားသမားတစ်ချို့ကို ထပ်မံရောင်းထုတ်ဖို့ စီစဉ်နေတာဖြစ်ပြီး အနည်းဆုံး ကစားသမား ၆ ဦးအထိ အသင်းကနေ ထွက်ခွာရဖို့ နီးစပ်နေပါတယ်။

အဆိုပါ ကစားသမားတွေထဲမှာ တိုက်စစ်ပိုင်းက အလက်ဇန်းဒါး လာကာဇက်နဲ့ အက်ဒီ နကီတီယာတို့ ပါဝင်နေပြီး ကွင်းလယ်ပိုင်းမှာတော့ မက်တီယို ဂွမ်ဒူဇီ၊ လူးကပ်စ် တော်ရဲယားနဲ့ အိန်းစလေ မိတ်လန်း-နိုင်းလ်စ်တို့ ပါဝင်နေပါတယ်။ ခံစစ်တန်းမှာတော့ ဟက်တာ ဘယ်လာရင်၊ ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်နဲ့ ဆေယက်ဒ် ကိုလာစီနက်တို့အတွက် ဝယ်လက်ရှာဖွေသွားမှာပါ။ ဂန်းနားတွေကတော့ အဆိုပါကစားသမားတွေကို ရောင်းချပြီး ပေါင် ၁၂၄ သန်းအထိ ရရှိနိုင်ဖို့ မျှော်လင့်ချက်ထားနေပါတယ်။

၎င်းကစားသမားတွေထဲမှာ ဘယ်လာရင်က ပီအက်စ်ဂျီ၊ မာဗရိုပါနို့စ်က စတုဂတ်နဲ့ ကိုလာစီနက်က လာဇီယိုစတဲ့အသင်းတွေထံ ပြောင်းရွှေ့ဖို့ သေချာသလောက်နီးပါးနီးစပ်နေပြီဖြစ်ပြီး နိုင်းလ်စ်နဲ့ နကီတီယာတို့ကိုတော့ အင်္ဂလိပ်ကလပ်အသင်းတွေက ချဉ်းကပ်နေကြပါတယ်။ လာကာဇက်နဲ့ ဂွမ်ဒူဇီတို့ကို ပြင်သစ်၊ ဂျာမနီနဲ့ စပိန်ကလပ်တွေက မျက်စိကျနေကြပြီး တော်ရဲယားကိုတော့ တောင်အမေရိကနဲ့ အီတလီကလပ်တွေက ချဉ်းကပ်နေကြပါတယ်။

နည်းပြအာတီတာအနေနဲ့ အဆိုပါ ကစားသမားတွေကို ရောင်းချခဲ့ပြီးရင် အသင်းကချထားပေးမယ့် ဘက်ဂျက်နဲ့ပေါင်းစပ်ကာ အထောင်တိုက်စစ်မှူး၊ ကွင်းလယ်တိုက်စစ်၊ ဗဟိုကွင်းလယ်လူ၊ ညာနောက်ခံလူ၊ ညာခြမ်းဗဟိုနောက်ခံလူနဲ့ ဂိုးသမားနေရာတွေကို ပြန်လည်ဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

Source: Football London

[ZAWGYI]

လာမယ့္ေႏြရာသီမွာ ကစားသမားသစ္ေတြ ေခၚယူခ်င္ေနတဲ့ အာဆင္နယ္အသင္းဟာ ကစားသမားေရာင္းခ်မႈကေန အသံုးစားရိတ္ ေပါင္သန္း ၁၂၀ ေက်ာ္ ရွာေဖြသြားဖို႔ရွိေနတယ္လို႔ Football London သတင္းဌာနက ေဖာ္ျပသြားပါတယ္။

အာဆင္နယ္အသင္းရဲ႕ နည္းျပ မီခယ္ အာတီတာဟာ အရည္အေသြးျမင့္ ကစားသမားသစ္တစ္ခ်ိဳ႕ကို ေခၚယူျဖည့္တင္းခ်င္ေနျပီး ကိုဗစ္အက်ပ္အတည္းနဲ႔ ဥေရာပဝင္ခြင့္မေရရာမႈေတြေၾကာင့္ ဘက္ဂ်က္ပိုင္းျပႆနာတစ္ခ်ိဳ႕ကို ရင္ဆုိင္ေနရပါတယ္။

ဒါေၾကာင့္လည္း လာမယ့္ေႏြရာသီမွာ အသင္းမွာ မလိုအပ္တဲ့ကစားသမားတစ္ခ်ိဳ႕ကို ထပ္မံေရာင္းထုတ္ဖို႔ စီစဥ္ေနတာျဖစ္ျပီး အနည္းဆံုး ကစားသမား ၆ ဦးအထိ အသင္းကေန ထြက္ခြာရဖို႔ နီးစပ္ေနပါတယ္။

အဆိုပါ ကစားသမားေတြထဲမွာ တုိက္စစ္ပိုင္းက အလက္ဇန္းဒါး လာကာဇက္နဲ႔ အက္ဒီ နကီတီယာတို႔ ပါဝင္ေနျပီး ကြင္းလယ္ပိုင္းမွာေတာ့ မက္တီယို ဂြမ္ဒူဇီ၊ လူးကပ္စ္ ေတာ္ရဲယားနဲ႔ အိန္းစေလ မိတ္လန္း-ႏုိင္းလ္စ္တို႔ ပါဝင္ေနပါတယ္။ ခံစစ္တန္းမွာေတာ့ ဟက္တာ ဘယ္လာရင္၊ ကြန္စတန္တီႏို႔စ္ မာဗရိုပါႏို႔စ္နဲ႔ ေဆယက္ဒ္ ကိုလာစီနက္တို႔အတြက္ ဝယ္လက္ရွာေဖြသြားမွာပါ။ ဂန္းနားေတြကေတာ့ အဆုိပါကစားသမားေတြကို ေရာင္းခ်ျပီး ေပါင္ ၁၂၄ သန္းအထိ ရရွိႏုိင္ဖို႔ ေမွ်ာ္လင့္ခ်က္ထားေနပါတယ္။

၎ကစားသမားေတြထဲမွာ ဘယ္လာရင္က ပီအက္စ္ဂ်ီ၊ မာဗရိုပါႏို႔စ္က စတုဂတ္နဲ႔ ကိုလာစီနက္က လာဇီယိုစတဲ့အသင္းေတြထံ ေျပာင္းေရႊ႕ဖို႔ ေသခ်ာသေလာက္နီးပါးနီးစပ္ေနျပီျဖစ္ျပီး ႏုိင္းလ္စ္နဲ႔ နကီတီယာတို႔ကိုေတာ့ အဂၤလိပ္ကလပ္အသင္းေတြက ခ်ဥ္းကပ္ေနၾကပါတယ္။ လာကာဇက္နဲ႔ ဂြမ္ဒူဇီတို႔ကို ျပင္သစ္၊ ဂ်ာမနီနဲ႔ စပိန္ကလပ္ေတြက မ်က္စိက်ေနၾကျပီး ေတာ္ရဲယားကိုေတာ့ ေတာင္အေမရိကနဲ႔ အီတလီကလပ္ေတြက ခ်ဥ္းကပ္ေနၾကပါတယ္။

နည္းျပအာတီတာအေနနဲ႔ အဆုိပါ ကစားသမားေတြကို ေရာင္းခ်ခဲ့ျပီးရင္ အသင္းကခ်ထားေပးမယ့္ ဘက္ဂ်က္နဲ႔ေပါင္းစပ္ကာ အေထာင္တုိက္စစ္မွဴး၊ ကြင္းလယ္တုိက္စစ္၊ ဗဟိုကြင္းလယ္လူ၊ ညာေနာက္ခံလူ၊ ညာျခမ္းဗဟိုေနာက္ခံလူနဲ႔ ဂိုးသမားေနရာေတြကို ျပန္လည္ျဖည့္တင္းဖို႔ စီစဥ္ေနပါတယ္။

Source: Football London

Leave a Reply