ကစားသမား ၆ ယောက်လောက် ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ အာတီတာ ဝန်ခံ

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေတာဟာ သူ့စိတ်ကြိုက်နည်းဗျူဟာနဲ့ ကစားဖို့အတွက် ကစားသမားအရင်းအမြစ် လိုအပ်ချက်တွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

အာတီတာက သူ့အနေနဲ့ အသင်းကို ၄-၃-၃ ကစားကွက်နဲ့ ခင်းကျင်းပြီး ကစားဖို့ နည်းပြရာထူးကို စတင်လက်ခံချိန်ကတည်းက ဆန္ဒရှိခဲ့ပေမယ့် လက်ရှိလူစာရင်းနဲ့ အဆင်မပြေကြောင်းနဲ့ ကစားသမားသစ် ၅ ဦး ၆ ဦးလောက်အထိ ထပ်မံဖြည့်တင်းနိုင်မှသာ သူ့စိတ်ကြိုက်နည်းဗျူဟာကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

မီခယ် အာတီတာဟာ အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးတဲ့နောက်မှာ ကစားသမားခေါ်ယူမှု ၆ ဦးအထိပြုလုပ်ထားပြီး အဆိုပါကစားသမားတွေထဲက ၃ ဦးဟာ အရံကစားသမားနေရာကို ဖြည့်တင်းဖို့အတွက် ခေါ်ယူခဲ့ရတာဖြစ်ပြီး ပါတေးနဲ့ ဂါဘရီယယ်တို့ ၂ ဦးသား အဓိကခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ အာတီတာအလိုရှိနေတဲ့ ပြီးခဲ့တဲ့နွေရာသီတုန်းက ကွင်းလယ်ဖန်တီးရှင် ဝယ်ယူပေးဖို့ ပျက်ကွက်ခဲ့သလို လာမယ့်ဇန်နဝါရီမှာလည်း ကစားသမားသစ်တွေကို ခေါ်ယူမယ်မခေါ်ယူဘူးဆိုတာနဲ့ ပတ်သက်ပြီး မီဒီယာတွေအကြားမှာ သတင်းအမျိုးမျိုးထွက်ပေါ်နေပါတယ်။

အသင်းရဲ့ လူအင်အားနဲ့ပတ်သက်ပြီး အာတီတာကတော့ ခုလိုပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော့်အတွက်တော့ ခုချိန်မှာ နေရာလွတ်တွေ ရှာဖွေပေးနိုင်မယ့် ကစားသမားတွေကို အသုံးချဖို့ ပိုအာရုံစိုက်နေရပါတယ်။ ဒါက ခုချိန်မှာ ကစားကွက်ထက်ပိုအရေးကြီးနေတယ်လို့လည်း ပြောရပါလိမ့်မယ်။ ခုအသင်းမှာက ကစားသမားအများစုက ကစားပုံ ထပ်နေကြပါတယ်။ နေရာစုံမှာ လှည့်ပတ်ကစားနိုင်ဖို့ အတော်ခက်ခဲပါတယ်။ ဒီတော့ ကစားကွက်ကို အပြောင်းအလဲလုပ်ဖို့ အတော်လေး အခက်တွေ့ရပါတယ်” လို့ အာတီတာကဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ၄-၃-၃ နဲ့ ကစားနိုင်ဖို့ မျှော်မှန်းထားပါတယ်။ တိကျတဲ့ လုပ်ဆောင်ချက်တွေနဲ့ နေရာစုံရွေ့လျားနိုင်မှုတွေနဲ့ တည်ဆောက်ချင်တာပါ။ ဒါပေမယ့် ခုချိန်မှာ အဲ့ဒီလိုကစားဖို့ နေရာ ၅ နေရာ ၆ နေရာလောက် ထပ်ဖြည့်ဆည်းရမယ့် ပုံပါပဲ။ အသင်းက အဲ့ဒီလိုကစားနိုင်စွမ်းမရှိပါဘူး။ ပြင်းထန်တဲ့ ပေါက်ကွဲအားတွေ၊ ထိရောက်တဲ့ စွမ်းဆောင်ရည်တွေ၊ ပြိုင်ဘက်ကို ဖိအားပေးနိုင်စွမ်းတွေ လိုအပ်နေပါတယ်” လို့လည်း အာတီတာက ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

Source: DAZN, Sky Sports, Football 365

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက အသင္းရဲ႕ ရလဒ္ေတြ ဆိုးရြားေနတာဟာ သူ႔စိတ္ၾကိဳက္နည္းဗ်ဴဟာနဲ႔ ကစားဖို႔အတြက္ ကစားသမားအရင္းအျမစ္ လိုအပ္ခ်က္ေတြ ရွိေနတာေၾကာင့္ျဖစ္တယ္လုိ႔ ဝန္ခံေျပာဆိုလုိက္ပါတယ္။

အာတီတာက သူ႔အေနနဲ႔ အသင္းကို ၄-၃-၃ ကစားကြက္နဲ႔ ခင္းက်င္းျပီး ကစားဖို႔ နည္းျပရာထူးကို စတင္လက္ခံခ်ိန္ကတည္းက ဆႏၵရွိခဲ့ေပမယ့္ လက္ရွိလူစာရင္းနဲ႔ အဆင္မေျပေၾကာင္းနဲ႔ ကစားသမားသစ္ ၅ ဦး ၆ ဦးေလာက္အထိ ထပ္မံျဖည့္တင္းႏုိင္မွသာ သူ႔စိတ္ၾကိဳက္နည္းဗ်ဴဟာကို ေဖာ္ေဆာင္ႏုိင္လိမ့္မယ္လုိ႔ ေျပာဆိုလိုက္ပါတယ္။

မီခယ္ အာတီတာဟာ အာဆင္နယ္အသင္းကို ေရာက္ရွိလာျပီးတဲ့ေနာက္မွာ ကစားသမားေခၚယူမႈ ၆ ဦးအထိျပဳလုပ္ထားျပီး အဆုိပါကစားသမားေတြထဲက ၃ ဦးဟာ အရံကစားသမားေနရာကို ျဖည့္တင္းဖို႔အတြက္ ေခၚယူခဲ့ရတာျဖစ္ျပီး ပါေတးနဲ႔ ဂါဘရီယယ္တို႔ ၂ ဦးသား အဓိကေခၚယူမႈျဖစ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ တာဝန္ရွိသူေတြဟာ အာတီတာအလိုရွိေနတဲ့ ျပီးခဲ့တဲ့ေႏြရာသီတုန္းက ကြင္းလယ္ဖန္တီးရွင္ ဝယ္ယူေပးဖို႔ ပ်က္ကြက္ခဲ့သလို လာမယ့္ဇန္နဝါရီမွာလည္း ကစားသမားသစ္ေတြကို ေခၚယူမယ္မေခၚယူဘူးဆိုတာနဲ႔ ပတ္သက္ျပီး မီဒီယာေတြအၾကားမွာ သတင္းအမ်ိဳးမ်ိဳးထြက္ေပၚေနပါတယ္။

အသင္းရဲ႕ လူအင္အားနဲ႔ပတ္သက္ျပီး အာတီတာကေတာ့ ခုလိုေျပာဆိုသြားခဲ့ပါတယ္။ “ကၽြန္ေတာ့္အတြက္ေတာ့ ခုခ်ိန္မွာ ေနရာလြတ္ေတြ ရွာေဖြေပးႏုိင္မယ့္ ကစားသမားေတြကို အသံုးခ်ဖို႔ ပိုအာရံုစိုက္ေနရပါတယ္။ ဒါက ခုခ်ိန္မွာ ကစားကြက္ထက္ပိုအေရးၾကီးေနတယ္လို႔လည္း ေျပာရပါလိမ့္မယ္။ ခုအသင္းမွာက ကစားသမားအမ်ားစုက ကစားပံု ထပ္ေနၾကပါတယ္။ ေနရာစံုမွာ လွည့္ပတ္ကစားႏုိင္ဖို႔ အေတာ္ခက္ခဲပါတယ္။ ဒီေတာ့ ကစားကြက္ကုိ အေျပာင္းအလဲလုပ္ဖို႔ အေတာ္ေလး အခက္ေတြ႕ရပါတယ္” လို႔ အာတီတာကဆိုခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ၄-၃-၃ နဲ႔ ကစားႏုိင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။ တိက်တဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ ေနရာစံုေရြ႕လ်ားႏုိင္မႈေတြနဲ႔ တည္ေဆာက္ခ်င္တာပါ။ ဒါေပမယ့္ ခုခ်ိန္မွာ အဲ့ဒီလိုကစားဖို႔ ေနရာ ၅ ေနရာ ၆ ေနရာေလာက္ ထပ္ျဖည့္ဆည္းရမယ့္ ပံုပါပဲ။ အသင္းက အဲ့ဒီလိုကစားႏုိင္စြမ္းမရွိပါဘူး။ ျပင္းထန္တဲ့ ေပါက္ကြဲအားေတြ၊ ထိေရာက္တဲ့ စြမ္းေဆာင္ရည္ေတြ၊ ျပိဳင္ဘက္ကို ဖိအားေပးႏုိင္စြမ္းေတြ လိုအပ္ေနပါတယ္” လို႔လည္း အာတီတာက ထုတ္ေဖာ္ဝန္ခံသြားခဲ့ပါတယ္။

Source: DAZN, Sky Sports, Football 365

Leave a Reply