ကတ္တီပါလမ်းခွဲကို ရောက်လာတဲ့ အာဆင်နယ်နဲ့ ဆာလီဘား

[UNICODE]

အာဆင်နယ်အသင်း တာဝန်ရှိသူတွေနဲ့ ဝီလီယံ ဆာလီဘားရဲ့ ကိုယ်စားလှယ်တွေဟာ ပြင်သစ်လူငယ်ကြယ်ပွင့်ရဲ့ အနာဂတ်အတွက် ဆွေးနွေးမှုတွေ ရက်သတ္တပတ်အတန်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ သဘောတူညီချက်တစ်ခုဖန်တီးနိုင်ခဲ့ပြီဖြစ်တယ်လို့ ပြင်သစ် သတင်းမီဒီယာ GFFN က ဖော်ပြခဲ့ပါတယ်။

နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ ဆာလီဘားရဲ့ အေးဂျင့်တို့ရဲ့ ဂန်နားတွေဟာ ဆွေးနွေးမှုရလဒ်တွေအရ ဆာလီဘားကို ယခုဇန်နဝါရီမှာတင် အပြီးသတ်ထွက်ခွာခွင့်ပြုတော့မှာဖြစ်တယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြနေကြတာပါ။ ဒါပေမယ့်လည်း Goal အပါအဝင် ထိပ်တန်းမီဒီယာတွေကတော့ အာဆင်နယ်အသင်းဟာ အငှားထွက်ကစားဖို့သာ ခွင့်ပြုထားတယ်လို့ အခိုင်အမာဆိုနေဆဲပါ။

ဗြိတိန်မီဒီယာတွေဘက်ကတော့ အီဒူးနဲ့ ဆာလီဘားရဲ့ အေးဂျင့်တို့ဟာ ယခင်ကလည်း ယခုလို မျိုးပုံမှန်တွေ့ဆုံမှုမျိုးတွေရှိခဲ့ဖူးပြီး အပြီးသတ်အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးညှိနှိုင်းတာမျိုးမဟုတ်ပဲ အငှားချဖို့ကိစ္စကို ဆွေးနွေးတာသာဖြစ်တယ်လို့ တန်ပြန်ဖော်ပြနေကြပါတယ်။

နည်းပြအာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ကတော့ ဆာလီဘားဟာ အသင်းရဲ့ အနာဂတ်မှာ အရေးပါလာမယ့် ကစားသမားဖြစ်ပြီး သူ့ရဲ့ အနာဂတ်ကို ဇန်နဝါရီမှာ ဆုံးဖြတ်သွားဖို့ရှိပေမယ့် အသင်းမှာဆက်ထားမလား အငှားချထားမလားဆိုတာကိုသာ ဆုံးဖြတ်သွားမှာဖြစ်ပြီး အပြီးသတ်ထွက်ခွာခွင့်တော့ ပြုသွားမှာမဟုတ်ဘူးလို့ အတိတလင်းထုတ်ဖော်ပြောဆိုထားပါတယ်။

ဝီလီယံ ဆာလီဘားဟာ ယမန်နှစ်ရာသီတုန်းကမှ အာဆင်နယ်အသင်းထံ ပြင်သစ်ကလပ် စိန့်အန်တီယန်အသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယမန်နှစ်ရာသီတုန်းက ပြင်သစ်ကလပ်ထံ အငှားပြန်ချထားခဲ့ပါတယ်။

ယခုနှစ်ရာသီမှာတော့ အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကျောနံပါတ် ၄ ကိုပါ ဆက်ခံခွင့်ရရှိခဲ့ပေမယ့် ပြိုင်ပွဲတွေအတွက် လူစာရင်းတင်သွင်းချိန်မှာတော့ ယူရိုပါလိဂ်လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပဲ ပရီးမီးယားလိဂ်လူစာရင်းမှာသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ယူ-၂၃ အသင်းနဲ့သာ ပွဲကစားခွင့်အခွင့်အရေး ရရှိနေတာမို့ ကာယကံရှင်က စိတ်ပျက်နေတယ်လို့ သတင်းတွေကဆိုထားပါတယ်။

Source: Football London, GFFN, L’Equipe

[ZAWGYI]

အာဆင္နယ္အသင္း တာဝန္ရွိသူေတြနဲ႔ ဝီလီယံ ဆာလီဘားရဲ႕ ကိုယ္စားလွယ္ေတြဟာ ျပင္သစ္လူငယ္ၾကယ္ပြင့္ရဲ႕ အနာဂတ္အတြက္ ေဆြးေႏြးမႈေတြ ရက္သတၱပတ္အတန္ၾကာ ေဆြးေႏြးခဲ့ျပီးတဲ့ေနာက္မွာ သေဘာတူညီခ်က္တစ္ခုဖန္တီးႏုိင္ခဲ့ျပီျဖစ္တယ္လုိ႔ ျပင္သစ္ သတင္းမီဒီယာ GFFN က ေဖာ္ျပခဲ့ပါတယ္။

နည္းစနစ္ဒါရိုက္တာ အီဒူးနဲ႔ ဆာလီဘားရဲ႕ ေအးဂ်င့္တို႔ရဲ႕ ဂန္နားေတြဟာ ေဆြးေႏြးမႈရလဒ္ေတြအရ ဆာလီဘားကို ယခုဇန္နဝါရီမွာတင္ အျပီးသတ္ထြက္ခြာခြင့္ျပဳေတာ့မွာျဖစ္တယ္လုိ႔ ျပင္သစ္သတင္းေတြမွာ ေဖာ္ျပေနၾကတာပါ။ ဒါေပမယ့္လည္း Goal အပါအဝင္ ထိပ္တန္းမီဒီယာေတြကေတာ့ အာဆင္နယ္အသင္းဟာ အငွားထြက္ကစားဖို႔သာ ခြင့္ျပဳထားတယ္လုိ႔ အခိုင္အမာဆိုေနဆဲပါ။

ျဗိတိန္မီဒီယာေတြဘက္ကေတာ့ အီဒူးနဲ႔ ဆာလီဘားရဲ႕ ေအးဂ်င့္တို႔ဟာ ယခင္ကလည္း ယခုလို မ်ိဳးပံုမွန္ေတြ႕ဆံုမႈမ်ိဳးေတြရွိခဲ့ဖူးျပီး အျပီးသတ္အေျပာင္းအေရႊ႕ကိစၥကို ေဆြးေႏြးညွိႏိႈင္းတာမ်ိဳးမဟုတ္ပဲ အငွားခ်ဖို႔ကိစၥကို ေဆြးေႏြးတာသာျဖစ္တယ္လို႔ တန္ျပန္ေဖာ္ျပေနၾကပါတယ္။

နည္းျပအာတီတာနဲ႔ နည္းစနစ္ဒါရိုက္တာ အီဒူးတို႔ကေတာ့ ဆာလီဘားဟာ အသင္းရဲ႕ အနာဂတ္မွာ အေရးပါလာမယ့္ ကစားသမားျဖစ္ျပီး သူ႔ရဲ႕ အနာဂတ္ကို ဇန္နဝါရီမွာ ဆံုးျဖတ္သြားဖို႔ရွိေပမယ့္ အသင္းမွာဆက္ထားမလား အငွားခ်ထားမလားဆိုတာကိုသာ ဆံုးျဖတ္သြားမွာျဖစ္ျပီး အျပီးသတ္ထြက္ခြာခြင့္ေတာ့ ျပဳသြားမွာမဟုတ္ဘူးလို႔ အတိတလင္းထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ဝီလီယံ ဆာလီဘားဟာ ယမန္ႏွစ္ရာသီတုန္းကမွ အာဆင္နယ္အသင္းထံ ျပင္သစ္ကလပ္ စိန္႔အန္တီယန္အသင္းထံကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၇ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး ယမန္ႏွစ္ရာသီတုန္းက ျပင္သစ္ကလပ္ထံ အငွားျပန္ခ်ထားခဲ့ပါတယ္။

ယခုႏွစ္ရာသီမွာေတာ့ အသင္းထံ ျပန္လည္ေရာက္ရွိလာခဲ့ျပီး ေက်ာနံပါတ္ ၄ ကိုပါ ဆက္ခံခြင့္ရရွိခဲ့ေပမယ့္ ျပိဳင္ပြဲေတြအတြက္ လူစာရင္းတင္သြင္းခ်ိန္မွာေတာ့ ယူရိုပါလိဂ္လူစာရင္းမွာ ပါဝင္ခြင့္မရခဲ့ပဲ ပရီးမီးယားလိဂ္လူစာရင္းမွာသာ ပါဝင္ခြင့္ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း တကယ္တမ္းမွာေတာ့ ယူ-၂၃ အသင္းနဲ႔သာ ပြဲကစားခြင့္အခြင့္အေရး ရရွိေနတာမို႔ ကာယကံရွင္က စိတ္ပ်က္ေနတယ္လုိ႔ သတင္းေတြကဆိုထားပါတယ္။

Source: Football London, GFFN, L’Equipe

Leave a Reply