ကျန်းမာစေဖို့ ရုပ်ရှင်ကြည့်မလား ဘောလုံးပွဲကြည့်မလား

နိုင်ငံတကာမှာ အားကစားပွဲစဉ်တွေအများအပြားကျင်းပနေကြပြီး အရင်ကနဲ့မတူဘဲ ကမ္ဘာအရပ်ရပ်မှာယှဉ်ပြိုင်ကစားနေတဲ့ အားကစားပွဲစဉ်တွေကို တီဗွီတွေ၊ စမတ်ခ်ဖုန်းတွေ၊ ကွန်ပျူတာနဲ့ တက်ဘလက်ခ်တွေကနေတဆင့်လည်းဖမ်းယူကြည့်နိုင်နေပြီဖြစ်ပါတယ်။

အားကစားပွဲတွေကိုကြည့်ရှုအားပေးတာက ကျွန်တော်တို့ကိုနေ့စဉ်တွေ့ကြုံနေရတဲ့ဘဝအခြေအနေတွေထဲကနေ လွတ်မြောက်ခွင့်ရစေနိုင်တဲ့အခွင့်အလမ်းတစ်ရပ်ပါ။

ဘောလုံးပွဲကြည့်ရှု့တာက တက်ကြွစေတယ်

အားကစားသမားတွေက ရယ်ရင်းမောရင်းပြေးရင်းလွှားရင်းယှဉ်ပြိုင်စားနေတာကို ကြည့်ပြီး သူတို့လုပ်နိုင်သလို ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့အတွေးမျိုးရရှိသွားတဲ့အခါ စိတ်အားတက်ကြွမှုကိုရရှိခံစားရမှာဖြစ်ပါတယ်။

အားကစားပွဲတွေအားပေးတာက လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်စေတယ်

လေ့လာမှုတစ်ရပ်အရ အားကစားပွဲတွေကို အားစားကွင်းထဲမှာပဲဖြစ်ဖြစ် တီဗွီဖန်သားပြင်ကနေပဲဖြစ်ဖြစ် အားပေးတဲ့အခါ တစေထိုင်နေတာမျိုးမဟုတ်ဘဲ ထရပ်လိုက်၊ခုန်ပေါက်လိုက်၊အော်ဟစ်အားပေးလိုက်၊လက်တွေဝှေ့ရမ်းပြီးအားပေးလိုက်လုပ်နေတာကြောင့် ခန္ဓါကိုယ်ရဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။

အသက်ပိုရှည်စေတယ်

ဘောလုံးပွဲကို ကွင်းထဲသွားကြည့်ရတာမကြိုက်ဘဲ ဖန်သားပြင်ကနေပဲကြည့်ချင်တဲ့သူမျိုးဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူချိန်းပြီးကြည့် တာက ခိုင်မာတဲ့ဆက်ဆံရေးတစ်ရပ်ကိုထိန်းသိမ်းနိုင်မှာဖြစ်သလို မိမိမိတ်ဆွေသူငယ်ချင်းတွေရော မိမိကိုယ်တိုင်ပါ အသက်ရှည်နိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်အထိတိုးလာမှာဖြစ်ပါတယ်။

ကင်ဆာရောဂါ၊နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကိုလည်း ၂ ဆတိုးစေတဲ့အပြင် တုပ်ကွေးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်စွမ်းရှိတယ်၊လို့ Brigham Young တက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်မှာပါရှိပါတယ်။

စုံတွဲတွေကြားက ဆက်ဆံရေးကို ကောင်းမွန်စေတယ်

သင့်ရဲ့ ချစ်သူကအားကစားဝါသနာပါသူတစ်ဦးဆိုရင် ကိုယ်ကအားကစားဝါသနာမပါရင်တောင်သူကြိုက်တဲ့အသင်းကို သူနဲ့အတူကြည့်ရှု အားပေးပါ။ အချိန်ကြာလာနဲ့အမျှ သင့်အနေနဲ့အားကစားပွဲတွေအကြောင်းနားလည်လာပြီး သူနဲ့ထပ်တူ အားကစားပွဲကိုစိတ်ဝင်စားလာပါလိမ့်မယ်။

မိမိနှစ်သက်တဲ့အသင်းအနိုင်ရတဲ့အခါ တက်စတိုစတုန်းဟော်မုန်းထုတ်လုပ်မှုတွေဖြစ်ပေါ်လာပြီး စုံတွဲနှစ်ဦးကြားကဆက်ဆံရေးကိုကောင်းမွန်စေပါတယ်။ ဝါသနာတူတာက စုံတွဲတွေကိုလိုက်ဖက်ညီစေပြီး နှလုံးကျန်းမာရေးကောင်းစေဖို့ အပြန်အလှန်အထောက်အကူပြုစေနိုင်သလို အသက်လည်းပိုရှည်စေပါတယ်။

ဦးနှောက်အတွက် အကျိုးပြုတယ်

အားကစားပွဲတွေကြည့်ရှုတာက လူမှုဆက်ဆံမှုစွမ်းရည်ကိုတိုးတက်စေနိုင်သလို စနစ်တကျနေထိုင်တတ်အောင်လည်းအထောက်အကူပြုပါတယ်။ အားကစားပွဲဗတွကြည့်ရှု့တာက ဦးနှောက်အတွက်လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်၊ လို့ ၂၀၀၈ ခုနှစ်ကချီကာဂိုတက္ကသိုလ်က သုတေသီတွေပြုလုပ်တဲ့လေ့လာမှုတစ်ရပ်အရသိရပါတယ်။

Ref: forbes

Leave a Reply