
[UNICODE]
ဂန္တဝင်ဟောင်း အီယန် ရိုက်က အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာတစ်ယောက် ယခုနှစ်ရာသီမှာ ကစားသမားတွေအပေါ် မျှော်လင့်ချက်ထားပုံမှားယွင်းခဲ့တယ်လို့ BBC Sport ရဲ့ Match of the Day အစီအစဉ်မှာ ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ ပထမရာသီဝက် ခြေစွမ်းကျဆင်းမှုနဲ့ ယခုနှစ်ရာသီ ကျရှုံးမှုတွေဟာ အဆိုပါမျှော်လင့်ချက်ထားပုံ မှားယွင်းတဲ့ကိစ္စနဲ့ဆက်နွယ်နေတယ်လို့ ရိုက်က ယုံကြည်နေပြီး မလိုအပ်ပဲ ကစားသမားတချို့အပေါ် လွန်လွန်ကဲကဲ ယုံကြည်မှုထားခဲ့တာက အဓိက ပြဿနာဖြစ်တယ်လို့ ထောက်ပြသွားပါတယ်။

“ဥပမာပြောရရင် ဒီရာသီမှာ ပက်ပေက ၁၆ ဂိုးသွင်းပြီး ဖန်တီးမှုက ၅ ကြိမ်ပါ။ သူက ရာသီအစကတည်းက ပွဲထွက်ကစားသမားအဖြစ် နေရာရနေသင့်တဲ့ကစားသမားမျိုးပါ။ ဒါပေမယ့် အာတီတာက အစောပိုင်းကာလတွေတုန်းက ဝီလီယံအပေါ် မျှော်လင့်ချက် ကြီးကြီးထားပြီး ဦးစားပေးခဲ့ပါတယ်။ ဘယ်လိုဖြစ်သွားသလဲဆိုရင်တော့ ကျွန်တော်တို့ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ။ ဝီလီယံ ဘာလုပ်နိုင်သလဲ ဘယ်လိုအရည်အသွေးမျိုးရှိလဲဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ပက်ပေက စွန့်စားဖို့ ပိုထိုက်တန်သူပါ။ ဘရိုက်တန်နဲ့ပွဲက သူ့သွင်းဂိုးတွေကို ကြည့်ရင် သူရဲ့ ထက်မြက်မှုကို မြင်နိုင်ပါတယ်။ သူက အာဆင်နယ်တိုက်စစ်မှာ လိုအပ်နေတဲ့ ဖန်တီးမှုကိုရော အဆုံးသတ်မှုကိုပါ လုပ်ပေးနိုင်သူပါ” လို့ ရိုက်က ပြောသွားပါတယ်။
“ရာသီစချိန်ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။ အာတီတာအနေနဲ့ ဝီလီယံအပေါ် ယုံကြည်မှုလွန်ကဲဟန်ပြနေမယ်ဆိုရင် ဘယ်သူ့အတွက်မှ အကျိုးဖြစ်ထွန်းမှာမဟုတ်ဘူးဆိုတာကိုပေါ့။ ဝီလီယံလည်း ခြေစွမ်းမပြနိုင်ခဲ့သလို ပက်ပေလည်း ယုံကြည်မှုပျောက်သွားခဲ့ပါတယ်။ အာတီတာရဲ့ တချို့လုပ်ရပ်တွေက မေးခွန်းထုတ်စရာပါ။ ကွင်းလယ်မှာ အင်အားဖြည့်တင်းဖို့ လိုအပ်နေချိန်မှာ ဝေးလော့ခ်လို ကစားသမားမျိုးကို အငှားထပ်ချခဲ့တာမျိုးပေါ့။ ဒန်နီ စီဘာယော့စ်ပါ ခြေစွမ်းမတည်ငြိမ်တော့ချိန်မှာ အသင်းက လူအင်အားမလုံလောက်တော့ပဲ ပြဿနာအကြီးကြီးတွေ တက်တော့တာပါပဲ” လို့လည်း သူက ဆိုခဲ့ပါသေးတယ်။

နီကိုလပ် ပက်ဟော ယခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲကစား၊ ၁၆ ဂိုးသွင်းယူပြီး ၅ ဂိုးဖန်တီးပေးနိုင်ခဲ့သလို ဂျိုး ဝေးလော့ခ်ကလည်း နယူးကာဆယ်အသင်းမှာ အငှားသွားရောက်ကစားနေစဉ်ကာလတွင်း ၁၅ ပွဲကစားပြီး ၈ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
Football London ကတော့ အာတီတာအနေနဲ့ ဝီလီယံ၊ စီဘာယော့စ်၊ လီနိုနဲ့ နကီတီယာတို့ကို လွဲမှားစွာ မျှော်လင့်ချက်ထားခဲ့မိတာက အာဆင်နယ်အသင်းကို ယခုနှစ်ရာသီမှာ သိသိသာသာ ထိခိုက်သွားစေရတဲ့အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။
Source: BBC Sport, Football London
[ZAWGYI]
ဂန္တဝင်ဟောင်း အီယန် ရိုက္က အာဆင္နယ်အသင်းရဲ့ နည်းျပျဖစ်သူ မီခယ် အာတီတာတစ်ယောက် ယခုနွစ်ရာသီမွာ ကစားသမားတြေအေပါ် မွေ်္လာင့်ခ်က္ထားပုံမွားယြင်းခဲ့တယ္လို့ BBC Sport ရဲ့ Match of the Day အစီအစဉ္မွာ ဝေဖန်ထောက်ျပသြားခဲ့ပါတယ်။
အာဆင္နယ်အသင်းရဲ့ ပထမရာသီဝက် ေျခစြမ်းက်ဆင်းမှုနဲ့ ယခုနွစ်ရာသီ က်ရှုံးမှုတြေဟာ အဆိုပါမွေ်္လာင့်ခ်က္ထားပုံ မွားယြင်းတဲ့ကိစ္စနဲ့ဆက္နြယ်နေတယ္လို့ ရိုက္က ယုံကြည်နျေပီး မလိုအပ္ပဲ ကစားသမားတခို့အေပါ် လြန္လြန္ကဲကဲ ယုံကြည္မှုထားခဲ့တာက အဓိက ျပဿနာျဖစ္တယ္လို့ ထောက်ျပသြားပါတယ်။

“ဥပမာေျပာရရင် ဒီရာသီမွာ ပက်ပေက ၁၆ ဂိုးသြင်းျပီး ဖန္တီးမှုက ၅ ကြိမ္ပါ။ သူက ရာသီအစကတည်းက ပြဲထြက္ကစားသမားအျဖစ် နေရာရေနသင့္တဲ့ကစားသမားမိုးပါ။ ဒါပေမယ့် အာတီတာက အေစာပိုင်းကာလေတြတုန်းက ဝီလီယံအေပါ် မွေ်္လာင့်ခ်က် ကြီးကြီးထားျပီး ဦးစားပေးခဲ့ပါတယ်။ ဘယ္လိုျဖစ်သြားသလဲဆိုရင်တော့ ကျြန်တ္တောို့ အားလုံးျမင်ကြတဲ့အတိုင်းပါပဲ။ ဝီလီယံ ဘာလုပ္နိုင်သလဲ ဘယ္လိုအရည်အေသြးမိုးရွိလဲဆိုတာကို ကျြန်တ္တောို့ သိပါတယ်။ ဒါပေမယ့် ပက်ပေက စြန့်စားဖို့ ပိုထိုက္တန်သူပါ။ ဘရိုက္တန္နဲ့ပြဲက သူ့သြင်းဂိုးတြေကို ကြည့်ရင် သူရဲ့ ထက်ျမက္မှုကို ျမင္နိုင္ပါတယ်။ သူက အာဆင္နယ္တိုက္စစ္မွာ လိုအပ်နေတဲ့ ဖန္တီးမှုကိုရော အဆုံးသတ္မှုကိုပါ လုပ်ပေးနိုင်သူပါ” လို့ ရိုက္က ေျပာသြားပါတယ်။
“ရာသီစခိန္ကတည်းက ကျြန်တော်ေျပာခဲ့ပါတယ်။ အာတီတာအေနနဲ့ ဝီလီယံအေပါ် ယုံကြည္မှုလြန္ကဲဟန်ျပေနမယ္ဆိုရင် ဘယ်သူ့အတြက္မွ အကိုးျဖစ္ထြန်းမွာမဟုတ္ဘူးဆိုတာကိုပေါ့။ ဝီလီယံလည်း ေျခစြမ်းမျပနိုင္ခဲ့သလို ပက်ပေလည်း ယုံကြည္မှုပေ်ာက်သြားခဲ့ပါတယ်။ အာတီတာရဲ့ တခို့လုပ်ရပ်တြေက မေးခြန်းထုတ္စရာပါ။ ကြင်းလယ္မွာ အင်အားျဖည့်တင်းဖို့ လိုအပ်နေခိန္မွာ ဝေးလော့ခ္လို ကစားသမားမိုးကို အငွားထပ္ခ်ခဲ့တာမိုးပေါ့။ ဒန္နီ စီဘာယော့စ္ပါ ေျခစြမ်းမတည်ျငိမ်တော့ခိန္မွာ အသင်းက လူအင်အားမလုံလောက်တော့ပဲ ျပဿနာအကြီးကြီးတြေ တက်တော့တာပါပဲ” လို့လည်း သူက ဆိုခဲ့ပါသေးတယ်။

နီကိုလပ် ပက်ဟော ယခုရာသီမွာ အသင်းအတြက် ျပိုင္ပြဲစုံ ၄၇ ပြဲကစား၊ ၁၆ ဂိုးသြင်းယူျပီး ၅ ဂိုးဖန္တီးပေးနိုင္ခဲ့သလို ဂိုး ဝေးလော့ခ္ကလည်း နယူးကာဆယ်အသင်းမွာ အငွားသြားရောက္ကစားနေစဉ္ကာလတြင်း ၁၅ ပြဲကစားျပီး ၈ ဂိုးသြင်းပေးနိုင္ခဲ့ပါတယ်။
Football London ကေတာ့ အာတီတာအေနနဲ့ ဝီလီယံ၊ စီဘာယော့စ်၊ လီနိုနဲ့ နကီတီယာတို့ကို လြဲမွားစြာ မွေ်္လာင့်ခ်က္ထားခဲ့မိတာက အာဆင္နယ်အသင်းကို ယခုနွစ်ရာသီမွာ သိသိသာသာ ထိခိုက်သြားစေရတဲ့အေကြာင်းအရင်းတြေထဲက တစ္ခ်က်ျဖစ္တယ္လို့ ဖော်ျပသြားပါတယ်။
Source: BBC Sport, Football London