
[UNICODE]
နည်းပြဖြစ်သူ မီခယ် အာတီတာက ခံစစ်မှူး ပါဘလို မာရီတစ်ယောက် ပွဲကစားဖို့ အဆင်သင့်မဖြစ်သေးချိန်မှာ မျက်နှာလွဲခဲပစ်အနေအထားနဲ့ အလောသုံးဆယ် အသုံးချခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
ချယ်လ်ဆီးနဲ့ရင်ဆိုင်တဲ့ ပွဲစဉ်မှာ ခံစစ်ပိုင်း လူအင်အားနည်းနေတဲ့ အခြေအနေကြောင့် ပွဲဆက်ပြတ်ပြီး ပွဲကစားဖို့ အဆင်သင့်မဖြစ်သေးတဲ့ မာရီကို ပွဲထွက်စာရင်းမှာ ထည့်သွင်းကစားစေခဲ့ရပြီး ကံကိုယုံပြီး ကွင်းထဲထည့်ပေးလိုက်သလို အခြေအနေမျိုးဖြစ်ခဲ့တယ်လို့ အာတီတာက ဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ဖြစ်ချင်ရာဖြစ်သဘော သူ့ကို အသုံးချခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့မှာ ဒါဏ်ရာရ ပွဲပါယ်တွေ အရမ်းများနေပါတယ်။ ပွဲဆက်အရမ်းပြတ်နေပြီး ပွဲကစားဖို့အဆင်သင့်မဖြစ်သေးတဲ့ သူ့အပေါ်မှာ မမျှမတပြုမူမိတာမျိုး ဖြစ်သွားတယ်လို့ပဲ ပြောရမှာပါ။ ဒါပေမယ့် သူက ဦးဆောင်သူကောင်းတစ်ယောက်ပါ။ ပြင်းပြင်းထန်ထန်လည်း ကြိုးစားသူပါ။ ပရော်ဖက်ရှင်နယ်လည်း အရမ်းဆန်ခဲ့ပါတယ်” လို့ အာတီတာက ပြောပြခဲ့တာပါ။
“သူက ကွင်းထဲမှာဆိုရင် အသင်းသားတွေအကြားမှာ ကောင်းကောင်းဆက်သွယ်ပေးနိုင်တဲ့သူတစ်ယောက်ပါ။ အသင်းကို တည်ငြိမ်စေပြီး ခံစစ်ကိုလည်း လုံခြုံစေသူတစ်ယောက်ပေါ့။ ရော့ဘ် (ဟိုလ်ဒင်း) နဲ့ တကယ်ကို မြန်မြန်ဆန်ဆန် အတွဲညီခဲ့သလို တနင်္ဂနွေပွဲတုန်းက လူးဝီးစ်နဲ့တွဲဖက်ကစားချိန်မှာလည်း အဆင်ပြေခဲ့ပါတယ်။ ၃ ပွဲဆက် Clean Sheet ယူနိုင်ခဲ့တာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်လည်းပါပါတယ်။ သူက ပွဲကစားခွင့်အတွက် ထိုက်တန်မှုရှိတဲ့ ကစားသမားပါ” လို့ အာတီတာက ဆိုသွားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် စပိန်လူမျိုး ခံစစ်မှူး ပါဘလို မာရီဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ခြေကျင်းဝတ်ဒါဏ်ရာ ရရှိခဲ့ပြီး နိုဝင်ဘာလကုန်အထိ အနားယူခဲ့ရသူပါ။ အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီးနောက် ကြံ့ခိုင်မှုပိုင်းပြန်လည်ပြည့်ဝဖို့အတွက် ပြင်ဆင်နေချိန်မှာပဲ အသင်းရဲ့ လူအင်အားအခြေအနေအရ ချယ်လ်ဆီးနဲ့ပွဲစဉ်ကို ဝင်ကစားခဲ့ရတာဖြစ်ပြီး ခြေစွမ်းဆက်တိုက်ပြသခဲ့တာကြောင့် နောက်ဆုံး အာဆင်နယ်အသင်း ကစားထားတဲ့ ပွဲစဉ် ၄ ပွဲစလုံးမှာ ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ မာရီပါဝင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ် ၄ ပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး ပေးဂိုး ၁ ဂိုးသာရှိထားသလို Clean Sheet လည်း ၃ ပွဲဆက်တိုက် ရရှိခဲ့ပါတယ်။
Source: Arsenal Media, Goal
[ZAWGYI]
နည္းျပျဖစ္သူ မီခယ္ အာတီတာက ခံစစ္မွဴး ပါဘလို မာရီတစ္ေယာက္ ပြဲကစားဖို႔ အဆင္သင့္မျဖစ္ေသးခ်ိန္မွာ မ်က္ႏွာလြဲခဲပစ္အေနအထားနဲ႔ အေလာသံုးဆယ္ အသံုးခ်ခဲ့ရတဲ့အတြက္ စိတ္မေကာင္းျဖစ္မိတယ္လုိ႔ ဝန္ခံေျပာဆိုလုိက္ပါတယ္။
ခ်ယ္လ္ဆီးနဲ႔ရင္ဆုိင္တဲ့ ပြဲစဥ္မွာ ခံစစ္ပိုင္း လူအင္အားနည္းေနတဲ့ အေျခအေနေၾကာင့္ ပြဲဆက္ျပတ္ျပီး ပြဲကစားဖို႔ အဆင္သင့္မျဖစ္ေသးတဲ့ မာရီကို ပြဲထြက္စာရင္းမွာ ထည့္သြင္းကစားေစခဲ့ရျပီး ကံကိုယံုျပီး ကြင္းထဲထည့္ေပးလုိက္သလို အေျခအေနမ်ိဳးျဖစ္ခဲ့တယ္လို႔ အာတီတာက ဆိုခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ျဖစ္ခ်င္ရာျဖစ္သေဘာ သူ႔ကို အသံုးခ်ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ကၽြန္ေတာ္တို႔မွာ ဒါဏ္ရာရ ပြဲပါယ္ေတြ အရမ္းမ်ားေနပါတယ္။ ပြဲဆက္အရမ္းျပတ္ေနျပီး ပြဲကစားဖို႔အဆင္သင့္မျဖစ္ေသးတဲ့ သူ႔အေပၚမွာ မမွ်မတျပဳမူမိတာမ်ိဳး ျဖစ္သြားတယ္လုိ႔ပဲ ေျပာရမွာပါ။ ဒါေပမယ့္ သူက ဦးေဆာင္သူေကာင္းတစ္ေယာက္ပါ။ ျပင္းျပင္းထန္ထန္လည္း ၾကိဳးစားသူပါ။ ပေရာ္ဖက္ရွင္နယ္လည္း အရမ္းဆန္ခဲ့ပါတယ္” လို႔ အာတီတာက ေျပာျပခဲ့တာပါ။
“သူက ကြင္းထဲမွာဆိုရင္ အသင္းသားေတြအၾကားမွာ ေကာင္းေကာင္းဆက္သြယ္ေပးႏုိင္တဲ့သူတစ္ေယာက္ပါ။ အသင္းကို တည္ျငိမ္ေစျပီး ခံစစ္ကိုလည္း လံုျခံဳေစသူတစ္ေယာက္ေပါ့။ ေရာ့ဘ္ (ဟိုလ္ဒင္း) နဲ႔ တကယ္ကို ျမန္ျမန္ဆန္ဆန္ အတြဲညီခဲ့သလို တနဂၤေႏြပြဲတုန္းက လူးဝီးစ္နဲ႔တြဲဖက္ကစားခ်ိန္မွာလည္း အဆင္ေျပခဲ့ပါတယ္။ ၃ ပြဲဆက္ Clean Sheet ယူႏုိင္ခဲ့တာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္လည္းပါပါတယ္။ သူက ပြဲကစားခြင့္အတြက္ ထုိက္တန္မႈရွိတဲ့ ကစားသမားပါ” လို႔ အာတီတာက ဆိုသြားခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ စပိန္လူမ်ိဳး ခံစစ္မွဴး ပါဘလို မာရီဟာ ျပီးခဲ့တဲ့ ဇြန္လတုန္းက ေျခက်င္းဝတ္ဒါဏ္ရာ ရရွိခဲ့ျပီး ႏိုဝင္ဘာလကုန္အထိ အနားယူခဲ့ရသူပါ။ အသင္းနဲ႔ျပန္လည္ပူးေပါင္းႏုိင္ခဲ့ျပီးေနာက္ ၾကံ့ခုိင္မႈပိုင္းျပန္လည္ျပည့္ဝဖို႔အတြက္ ျပင္ဆင္ေနခ်ိန္မွာပဲ အသင္းရဲ႕ လူအင္အားအေျခအေနအရ ခ်ယ္လ္ဆီးနဲ႔ပြဲစဥ္ကို ဝင္ကစားခဲ့ရတာျဖစ္ျပီး ေျခစြမ္းဆက္တုိက္ျပသခဲ့တာေၾကာင့္ ေနာက္ဆံုး အာဆင္နယ္အသင္း ကစားထားတဲ့ ပြဲစဥ္ ၄ ပြဲစလံုးမွာ ပါဝင္ကစားခြင့္ရရွိခဲ့သူျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ မာရီပါဝင္ကစားခဲ့တဲ့ အဆုိပါပြဲစဥ္ ၄ ပြဲစလံုးကို အႏဳိင္ရရွိခဲ့ျပီး ေပးဂိုး ၁ ဂိုးသာရွိထားသလို Clean Sheet လည္း ၃ ပြဲဆက္တုိက္ ရရွိခဲ့ပါတယ္။
Source: Arsenal Media, Goal