ကြယ်ပွင့် ၃ ယောက်ကို ပထမကစားသမားတွေအဖြစ် တွဲဖက် သုံးသင့်နေပြီလား

[UNICODE]

အာဆင်နယ်အသင်းအနေနဲ့ လူငယ်ကြယ်ပွင့် ၃ ဦးဖြစ်တဲ့ မာတီနယ်လီ၊ ဆာကာနဲ့ စမစ်သ်-ရိုးတို့ကို မှန်မှန်ကန်ကန် အသုံးချမယ်ဆိုရင် အသင်းအတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ အင်္ဂလန်ဂန္တဝင်တွေဖြစ်ကြတဲ့ မာတင် ကီယွန်နဲ့ ဂယ်ရီ နဗီးလ်တို့က ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာဟာ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ လန်ဒန် ဒါဘီပွဲစဉ်မှာ ဘူကာယို ဆာကာ (၁၉ နှစ်)၊ အီမိုင်းလ် စမစ်သ်-ရိုး (၂၀ နှစ်) နဲ့ ဂါဘရီယယ် မာတီနယ်လီ (၁၉ နှစ်) တို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးချခဲ့ပြီး အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်း အနိုင်ရလဒ် ရယူနိုင်ခဲ့သလို ကြယ်ပွင့်လေး ၃ ဦးဟာလည်း ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။

အထူးသဖြင့် လက်ရှိရာသီ တစ်ရာသီလုံးနီးပါး အခွင့်အရေးဖန်တီးနိုင်စွမ်း နည်းပါးမှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေ ရှာဖွေနိုင်စွမ်း အားနည်းနေတဲ့ အာဆင်နယ်အသင်းဟာ လူငယ် ၃ ယောက်ဦးဆောင်တဲ့ ကွင်းလယ်တိုက်စစ်တန်းရဲ့ လုပ်အားနှုန်းနဲ့ အရည်အသွေးတွေကြောင့် လတ်တလော ခံစစ်ပိုင်းမှာ ပုံစံံကောင်းပြသနေတဲ့ ချယ်လ်ဆီးအသင်းကို ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ်ကြိမ်ပြလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဟောင်း မာတင် ကီယွန်က အောက်ပါအတိုင်း ဆိုခဲ့တာပါ။ “အာတီတာအနေနဲ့ ဒီ ၃ ယောက်ကို ဆက်သုံးဖို့ လိုအပ်ပါတယ်။ ဒီအတိုင်း ဆက်ချဉ်းကပ်သင့်ပါတယ်။ သူတို့က ရိုးရှင်းပေမယ့် ထိရောက်မှုရှိပါတယ်။ နောက်ပြီး ၄ ယောက်တန်း ခံစစ်ကိုလည်း ဆက်ပြီး အသုံးချသင့်ပါတယ်” လို့ သူက Daily Mail က သူ့ရဲ့ ဆောင်းပါးမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်ကလည်း ဒီလူငယ်ကစားသမား ၃ ဦးရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ဟာ ထိပ်တန်းအဆင့်မှာရှိနေပြီး အတွေ့အကြုံရရှိအောင် ဆက်ပြီး အသုံးချမယ်ဆိုရင် ရေရှည်မှာ အာဆင်နယ်အသင်းအတွက် အပြောင်းအရွှေ့ ကုန်ကျစရိတ် ပေါင်သန်းပေါင်းများစွာ သက်သာသွားအောင် ကူညီပေးနိုင်မယ့် ကြယ်ပွင့်တွေဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“ချယ်လ်ဆီးနဲ့ပွဲတုန်းက ပထမပိုင်းကို ကြည့်စမ်းပါ။ စမစ်-ရိုးက ကန်တေကို ကောင်းကောင်းစိန်ခေါ်ကစားနေတာပါ။ ကန်တေဆိုတာ ပရီးမီးယားလိဂ်မှာတင်မက ကမ္ဘာပေါ်မှာပါ အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမား တစ်ယောက်ပါ။ ဒီလူငယ်လေးတွေက ပိုပိုပြီး အန္တရာယ်ပေးနိုင်လာနေပါပြီ။ တကယ်ကို နိုင်ပွဲကို ဆာလောင်စိတ်နဲ့ လက်ဖျားခါလောက်ဖွယ် ခြေစွမ်းမျိုးပြသွားကြတာပါ” လို့ နဗီးလ်က ဆက်လက်ပြောဆိုသွားခဲ့တာပါ။

Source: Daily Mail, Sky Sports

[ZAWGYI]

အာဆင္နယ္အသင္းအေနနဲ႔ လူငယ္ၾကယ္ပြင့္ ၃ ဦးျဖစ္တဲ့ မာတီနယ္လီ၊ ဆာကာနဲ႔ စမစ္သ္-ရိုးတို႔ကို မွန္မွန္ကန္ကန္ အသံုးခ်မယ္ဆိုရင္ အသင္းအတြက္ သိသာထင္ရွားတဲ့ အက်ိဳးေက်းဇူးေတြကို ပိုင္ဆုိင္ႏုိင္လိမ့္မယ္လို႔ အဂၤလန္ဂႏၱဝင္ေတြျဖစ္ၾကတဲ့ မာတင္ ကီယြန္နဲ႔ ဂယ္ရီ နဗီးလ္တို႔က ေျပာဆိုလုိက္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ ရင္ဆုိင္ခဲ့တဲ့ လန္ဒန္ ဒါဘီပြဲစဥ္မွာ ဘူကာယို ဆာကာ (၁၉ ႏွစ္)၊ အီမိုင္းလ္ စမစ္သ္-ရိုး (၂၀ ႏွစ္) နဲ႔ ဂါဘရီယယ္ မာတီနယ္လီ (၁၉ ႏွစ္) တို႔ကို ပြဲထြက္ကစားသမားအျဖစ္ အသံုးခ်ခဲ့ျပီး အဆုိပါပြဲစဥ္မွာ အာဆင္နယ္အသင္း အႏုိင္ရလဒ္ ရယူႏုိင္ခဲ့သလို ၾကယ္ပြင့္ေလး ၃ ဦးဟာလည္း ေျခစြမ္းေကာင္းေတြျပသႏုိင္ခဲ့ပါတယ္။

အထူးသျဖင့္ လက္ရွိရာသီ တစ္ရာသီလံုးနီးပါး အခြင့္အေရးဖန္တီးႏိုင္စြမ္း နည္းပါးမႈေၾကာင့္ ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ သြင္းဂိုးေတြ ရွာေဖြႏုိင္စြမ္း အားနည္းေနတဲ့ အာဆင္နယ္အသင္းဟာ လူငယ္ ၃ ေယာက္ဦးေဆာင္တဲ့ ကြင္းလယ္တိုက္စစ္တန္းရဲ႕ လုပ္အားႏႈန္းနဲ႔ အရည္အေသြးေတြေၾကာင့္ လတ္တေလာ ခံစစ္ပိုင္းမွာ ပံုစံံေကာင္းျပသေနတဲ့ ခ်ယ္လ္ဆီးအသင္းကို ဂိုးေပါက္ျခိမ္းေျခာက္မႈ အၾကိမ္ၾကိမ္ျပလုပ္ႏုိင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ေဟာင္း မာတင္ ကီယြန္က ေအာက္ပါအတုိင္း ဆိုခဲ့တာပါ။ “အာတီတာအေနနဲ႔ ဒီ ၃ ေယာက္ကို ဆက္သံုးဖို႔ လိုအပ္ပါတယ္။ ဒီအတုိင္း ဆက္ခ်ဥ္းကပ္သင့္ပါတယ္။ သူတို႔က ရိုးရွင္းေပမယ့္ ထိေရာက္မႈရွိပါတယ္။ ေနာက္ျပီး ၄ ေယာက္တန္း ခံစစ္ကိုလည္း ဆက္ျပီး အသံုးခ်သင့္ပါတယ္” လို႔ သူက Daily Mail က သူ႔ရဲ႕ ေဆာင္းပါးမွာ ထည့္သြင္းေရးသားခဲ့ပါတယ္။

မန္ယူအသင္းရဲ႕ ဂႏၱဝင္ေဟာင္း ဂယ္ရီ နဗီးလ္ကလည္း ဒီလူငယ္ကစားသမား ၃ ဦးရဲ႕ အရည္အေသြးနဲ႔ စြမ္းေဆာင္ရည္ဟာ ထိပ္တန္းအဆင့္မွာရွိေနျပီး အေတြ႕အၾကံဳရရွိေအာင္ ဆက္ျပီး အသံုးခ်မယ္ဆိုရင္ ေရရွည္မွာ အာဆင္နယ္အသင္းအတြက္ အေျပာင္းအေရႊ႕ ကုန္က်စရိတ္ ေပါင္သန္းေပါင္းမ်ားစြာ သက္သာသြားေအာင္ ကူညီေပးႏုိင္မယ့္ ၾကယ္ပြင့္ေတြျဖစ္တယ္လုိ႔ ဆိုခဲ့ပါတယ္။

“ခ်ယ္လ္ဆီးနဲ႔ပြဲတုန္းက ပထမပိုင္းကို ၾကည့္စမ္းပါ။ စမစ္-ရိုးက ကန္ေတကို ေကာင္းေကာင္းစိန္ေခၚကစားေနတာပါ။ ကန္ေတဆိုတာ ပရီးမီးယားလိဂ္မွာတင္မက ကမၻာေပၚမွာပါ အေကာင္းဆံုး ကြင္းလယ္ခံစစ္ကစားသမား တစ္ေယာက္ပါ။ ဒီလူငယ္ေလးေတြက ပိုပိုျပီး အႏၱရာယ္ေပးႏုိင္လာေနပါျပီ။ တကယ္ကို ႏိုင္ပြဲကို ဆာေလာင္စိတ္နဲ႔ လက္ဖ်ားခါေလာက္ဖြယ္ ေျခစြမ္းမ်ိဳးျပသြားၾကတာပါ” လို႔ နဗီးလ္က ဆက္လက္ေျပာဆိုသြားခဲ့တာပါ။

Source: Daily Mail, Sky Sports

Leave a Reply