ခရမ်းသီး က ရင်ကြပ်စေသလား

ခရမ်းသီး က နှပ်စားစား၊ ကြော်စားစား၊ ချဉ်ရည်ဟင်းထဲ ထည့်ချက်ချက် အရသာရှိတဲ့ စားဖွယ်လေး တစ်မျိုးပါ။ ဒီလို စားလို့ အရသာရှိလှတဲ့ ခရမ်းသီးက ရင်ကြပ်စေတယ်။ ရင်ကြပ်ရှိရင် မစားရဘူးဆိုပြီး ကြားဖူးမှာပေါ့။ ဒါတကယ်ပဲလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ခရမ်းသီးက ရင်ကြပ်စေတာမျိုးကို ဖြစ်စေတာ မဟုတ်ဘဲ လေထုနဲ့ ခရမ်းသီးမှာ ကပ်ပါလာတဲ့ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေက ချောင်းဆိုးစေတာပါ။ ခရမ်းသီးက ရင်ကြပ်တာကို ပိုဆိုးစေတာမျိုး မရှိသလို အခုလို အကျိုးကျေးဇူးတွေကို ပေးပါသေးတယ်။

ခရမ်းသီး စားပေးမယ်ဆိုရင်

အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
ခရမ်းသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာစေနိုင်သလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာချင်တယ်ဆိုရင်တော့ ခရမ်းသီးကို စားပေးလို့ ရပါတယ်။
ခရမ်းသီး က ရင်ကြပ်စေသလား
ဝိတ်ကျစေနိုင်တယ်
အမျှင်ဓာတ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီးက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အသားအရေ လှစေတယ်
ခရမ်းသီးက ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေပြီး အသားအရေ လှပစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
အရိုးသန်မာစေတယ်
ဗီတာမင် ကေ ပါဝင်နေတဲ့ ခရမ်းသီးက အရိုးတွေကို သန်မာစေပြီး အရိုးပွတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဒါကြောင့် အရိုးသန်မာချင်တယ်ဆိုရင် ခရမ်းသီး စားပေးလို့ ရပါတယ်။
ဦးနှောက် ကျန်းမာစေတယ်
ခရမ်းသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးသလို မှတ်မိနိုင်စွမ်း ကောင်းစေဖို့ရော အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ခရမ်းသီး က ရင်ကြပ်စေသလား
နှလုံး ကျန်းမာစေတယ်
ခရမ်းသီးမှာ နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် သွေးကြောတွေကို ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေသလို နှလုံးကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ခရမ်းသီးက ရင်မကြပ်စေတဲ့အပြင် အခုလို အကျိုးကျေးဇူးလေးတွေကို ပေးစွမ်းနိုင်တယ်ဆိုတော့ ခရမ်းသီးကို စားပေးလို့ ရပါတယ်။
နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့  Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply