
[UNICODE]
အာဆင်နယ်အသင်းရဲ့ ပိုင်ရှင် အမေရိကန် ဘီလီယံနာ စတန် ခရွန်ကီက ပရိတ်သတ်တွေရဲ့ ဆန့်ကျင်မှုတွေ ရှိနေတဲ့ကြားက အသင်းကို ရောင်းမထုတ်ပဲ ဆက်လက်ထိမ်းသိမ်းထားရတဲ့အကြောင်းအရင်း ၃ ချက် ရှိတယ်လို့ ဘဏ္ဍာရေးကျွမ်းကျင်သူ ကီရန် မက်ဂွိုင်းယားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လက်တလောမှာ ဆွီဒင်လူမျိုး ဘီလီယံနာ ဒန်နီယယ် အက်ခ်က အာဆင်နယ်အသင်းကို ပေါင် ၂ ဘီလီယံနဲ့ ဝယ်ယူဖို့ ကြိုးပမ်းနေပေမယ့် ခရွန်ကီမိသားစုဘက်ကတော့ ရောင်းချဖို့ စိတ်ပါဝင်စားခြင်းမရှိကြောင်း အတိတလင်း ငြင်းဆိုထားပါတယ်။

ခရွန်ကီတို့ဘက်က အာဆင်နယ်အသင်းကို ရောင်းချဖို့ ဘာကြောင့် စိတ်ဝင်စားခြင်းမရှိတာလဲဆိုတာကို မက်ဂွိုင်းယားက Football Insider ကို ခုလို ပြောပြသွားခဲ့ပါတယ်။ “ခရွန်ကီက ငွေကြေးလိုအပ်တဲ့လူမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သူ အသင်းကို ရောင်းချင်တယ် မရောင်းချင်ဘူးဆိုတဲ့ ကိစ္စက အချက် ၃ ချက်အပေါ်မှာ မူတည်နေပါလိမ့်မယ်” လို့ သူကဆိုခဲ့ပါတယ်။
“ပထမတစ်ချက်က တန်ကြေးပါ။ တန်ကြေးက ရူးသွပ်လောက်အောင်များဖို့ လိုပါလိမ့်မယ်။ (အက်ခ် ကမ်းလှမ်းမယ့်) ပေါင် ၂ ဘီလီယံက အဲဒီလိုအခြေအနေမျိုး မပြောနဲ့ အာဆင်နယ်လိုအသင်းမျိုးအတွက် တန်ကြေးနဲ့ ကိုက်ညီရုံပမာဏမျိုး အနေအထားပဲရှိပါတယ်။ ဒုတိယတစ်ချက်ကတော့ ငွေကြေးလိုအပ်ချက်ပေါ်လာပြီး ရောင်းထုတ်တာမျိုးဖြစ်လာတာမျိုးပေါ့။ ဒါပေမယ့်လည်း အဲ့ဒီအချက်ကလည်း မဖြစ်နိုင်ပါဘူး။ ခရွန်ကီက (မိသားစုဝင်တွေရဲ့ ကြွယ်ဝမှုတွေမပါပဲ) သူ့ချည်းသက်သက်တောင် အလွန်ချမ်းသာတဲ့လူတစ်ယောက်ပါ” လို့ မက်ဂွိုင်းယားက ဆိုခဲ့ပါတယ်။

တကယ်တမ်းမှာလည်း အမေရိကန် သူဌေး စတန် ခရွန်ကီဟာ သူတစ်ဦးတည်း ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ ဘီလီယံရှိပြီး Wal-Mart ရဲ့ ဆက်ခံသူဖြစ်တဲ့ ဇနီးဖြစ်သူ အန်း ဝေါ်လ်တာ ခရွန်ကီကလည်း ဒေါ်လာ ၈.၆ ဘီလီယံ ကြွယ်ဝသူပါ။ သူတို့ဟာ ဒေါ်လာ ၂၃၅ ဘီလီယံကြွယ်ဝပြီး ကမ္ဘာ့အချမ်းသာဆုံးမိသားစုအဖြစ်သတ်မှတ်ခံထားရတဲ့ ဝေါ်လ်တန်မိသားစုဝင်တွေဖြစ်ကာ သားဖြစ်သူ ဂျို့ရှ် ခရွန်ကီဟာ ဝေါ်လ်တန်မိသားစုရဲ့ အမွေဆက်ခံသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
နောက်ဆုံးတစ်ချက်ကိုတော့ မက်ဂွိုင်းယားက ခုလိုပြောသွားပါတယ်။ “နောက်ထပ်တစ်ချက်ကတော့ ဒီကိစ္စတွေနဲ့ ကင်းကွာချင်စိတ်ပေါ်လာတာပဲဖြစ်ပါလိမ့်မယ်။ အသင်းကို စီမံရတာကို စိတ်ရှုပ်လာပြီး မပတ်သက်ချင်တော့တာမျိုး ဖြစ်လာခဲ့ရင် သူ ရောင်းထုတ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက သူ့ရဲ့သား ဂျို့ရှ်က အရင်ကတည်းက အာဆင်နယ်ပရိတ်သတ်ပါ။ ဒါကြောင့် ဒီကိစ္စက မိသားစုကိစ္စ ဖြစ်နေပြန်ပါတယ်။ အာဆင်နယ်ကို ဆုဖလားတွေ ပိုင်ဆိုင်နိုင်အောင် ပြင်ဆင်လို့ရသေးတဲ့ အခြေအနေမှာ ဖခင်ဖြစ်သူက လက်လွှတ်ချင်ရင်တောင်မှ ဂျို့ရှ်က လက်လွှတ်မှာမဟုတ်တာ သေချာပါတယ်” လို့ မက်ဂွိုင်းယားက ဆိုသွားခဲ့ပါတယ်။
Source: Football Insider
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ပိုင္ရွင္ အေမရိကန္ ဘီလီယံနာ စတန္ ခရြန္ကီက ပရိတ္သတ္ေတြရဲ႕ ဆန္႔က်င္မႈေတြ ရွိေနတဲ့ၾကားက အသင္းကို ေရာင္းမထုတ္ပဲ ဆက္လက္ထိမ္းသိမ္းထားရတဲ့အေၾကာင္းအရင္း ၃ ခ်က္ ရွိတယ္လုိ႔ ဘ႑ာေရးကၽြမ္းက်င္သူ ကီရန္ မက္ဂိြဳင္းယားက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
လက္တေလာမွာ ဆီြဒင္လူမ်ိဳး ဘီလီယံနာ ဒန္နီယယ္ အက္ခ္က အာဆင္နယ္အသင္းကို ေပါင္ ၂ ဘီလီယံနဲ႔ ဝယ္ယူဖို႔ ၾကိဳးပမ္းေနေပမယ့္ ခရြန္ကီမိသားစုဘက္ကေတာ့ ေရာင္းခ်ဖို႔ စိတ္ပါဝင္စားျခင္းမရွိေၾကာင္း အတိတလင္း ျငင္းဆိုထားပါတယ္။

ခရြန္ကီတို႔ဘက္က အာဆင္နယ္အသင္းကို ေရာင္းခ်ဖို႔ ဘာေၾကာင့္ စိတ္ဝင္စားျခင္းမရွိတာလဲဆုိတာကို မက္ဂိြဳင္းယားက Football Insider ကို ခုလို ေျပာျပသြားခဲ့ပါတယ္။ “ခရြန္ကီက ေငြေၾကးလိုအပ္တဲ့လူမ်ိဳး မဟုတ္ပါဘူး။ ဒါေၾကာင့္ သူ အသင္းကို ေရာင္းခ်င္တယ္ မေရာင္းခ်င္ဘူးဆိုတဲ့ ကိစၥက အခ်က္ ၃ ခ်က္အေပၚမွာ မူတည္ေနပါလိမ့္မယ္” လို႔ သူကဆိုခဲ့ပါတယ္။
“ပထမတစ္ခ်က္က တန္ေၾကးပါ။ တန္ေၾကးက ရူးသြပ္ေလာက္ေအာင္မ်ားဖို႔ လိုပါလိမ့္မယ္။ (အက္ခ္ ကမ္းလွမ္းမယ့္) ေပါင္ ၂ ဘီလီယံက အဲဒီလိုအေျခအေနမ်ိဳး မေျပာနဲ႔ အာဆင္နယ္လိုအသင္းမ်ိဳးအတြက္ တန္ေၾကးနဲ႔ ကိုက္ညီရံုပမာဏမ်ိဳး အေနအထားပဲရွိပါတယ္။ ဒုတိယတစ္ခ်က္ကေတာ့ ေငြေၾကးလိုအပ္ခ်က္ေပၚလာျပီး ေရာင္းထုတ္တာမ်ိဳးျဖစ္လာတာမ်ိဳးေပါ့။ ဒါေပမယ့္လည္း အဲ့ဒီအခ်က္ကလည္း မျဖစ္ႏုိင္ပါဘူး။ ခရြန္ကီက (မိသားစုဝင္ေတြရဲ႕ ၾကြယ္ဝမႈေတြမပါပဲ) သူ႔ခ်ည္းသက္သက္ေတာင္ အလြန္ခ်မ္းသာတဲ့လူတစ္ေယာက္ပါ” လို႔ မက္ဂိြဳင္းယားက ဆိုခဲ့ပါတယ္။

တကယ္တမ္းမွာလည္း အေမရိကန္ သူေဌး စတန္ ခရြန္ကီဟာ သူတစ္ဦးတည္း ပိုင္ဆိုင္မႈ ေဒၚလာ ၁၀ ဘီလီယံရွိျပီး Wal-Mart ရဲ႕ ဆက္ခံသူျဖစ္တဲ့ ဇနီးျဖစ္သူ အန္း ေဝၚလ္တာ ခရြန္ကီကလည္း ေဒၚလာ ၈.၆ ဘီလီယံ ၾကြယ္ဝသူပါ။ သူတို႔ဟာ ေဒၚလာ ၂၃၅ ဘီလီယံၾကြယ္ဝျပီး ကမၻာ့အခ်မ္းသာဆံုးမိသားစုအျဖစ္သတ္မွတ္ခံထားရတဲ့ ေဝၚလ္တန္မိသားစုဝင္ေတြျဖစ္ကာ သားျဖစ္သူ ဂ်ိဳ႕ရွ္ ခရြန္ကီဟာ ေဝၚလ္တန္မိသားစုရဲ႕ အေမြဆက္ခံသူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။
ေနာက္ဆံုးတစ္ခ်က္ကိုေတာ့ မက္ဂိြဳင္းယားက ခုလိုေျပာသြားပါတယ္။ “ေနာက္ထပ္တစ္ခ်က္ကေတာ့ ဒီကိစၥေတြနဲ႔ ကင္းကြာခ်င္စိတ္ေပၚလာတာပဲျဖစ္ပါလိမ့္မယ္။ အသင္းကို စီမံရတာကို စိတ္ရႈပ္လာျပီး မပတ္သက္ခ်င္ေတာ့တာမ်ိဳး ျဖစ္လာခဲ့ရင္ သူ ေရာင္းထုတ္ႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ခုရွိတာက သူ႔ရဲ႕သား ဂ်ိဳ႕ရွ္က အရင္ကတည္းက အာဆင္နယ္ပရိတ္သတ္ပါ။ ဒါေၾကာင့္ ဒီကိစၥက မိသားစုကိစၥ ျဖစ္ေနျပန္ပါတယ္။ အာဆင္နယ္ကို ဆုဖလားေတြ ပိုင္ဆုိင္ႏိုင္ေအာင္ ျပင္ဆင္လို႔ရေသးတဲ့ အေျခအေနမွာ ဖခင္ျဖစ္သူက လက္လႊတ္ခ်င္ရင္ေတာင္မွ ဂ်ိဳ႕ရွ္က လက္လႊတ္မွာမဟုတ္တာ ေသခ်ာပါတယ္” လို႔ မက္ဂိြဳင္းယားက ဆိုသြားခဲ့ပါတယ္။
Source: Football Insider