ချမ်းသာချင်သူတွေ အတွက် နည်းလမ်း (၅)သွယ်

ရည်မှန်းထားတာတွေကို ဖြစ်မြောက်အောင်လုပ်နိုင်ပြီးတော့ စိတ်ကျေနပ်နေရမယ်ဆိုရင် အောင်မြင်နေပြီလို့ ပြောနိုင်ပါပြီ။ လူတစ်ယောက်ဟာ တံခါးလက်ကိုင်ကို ဘယ်လိုလှည့်ပြီး ဖွင့်ရမှန်းမသိရင်တော့ အထဲကို ဝင်လို့ရမှာ မဟုတ်ပါဘူး။ အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်စေတဲ့ ကိစ္စတွေကို လုပ်ဆောင်နေသရွေ့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ အခုဆောင်းပါးမှာတော့ ဘဝမှာအောင်မြင်ဖို့ရည်မှန်းထားသူတွေ၊ ချမ်းသာချင်သူတွေ အတွက် အကြံပေးချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ အကြိမ်ပေါင်းများစွာ ကြိုးစားပါ

ကလေးငယ်တစ်ယောက်ဟာ ပစ္စည်းတစ်ခုကို ဘယ်လိုကိုင်ရမယ်ဆိုတာတောင် မသိပါဘူး။ သူဟာ လက်ထဲမှာ ကိုင်တယ်၊ နည်းလမ်းမမှန်တော့ ပြုတ်ကျတယ်၊ ပြန်ကိုင်တယ်၊ နောက်ဆုံးတော့ ပစ္စည်းကို အောက်သို့လွတ်မကျအောင် ကိုင်နိုင်ခဲ့ပါတယ်။ လူတိုင်း ကျရှုံးဖူးပါတယ်။ လဲကျရင် ပြန်ထ အဲဒါဘဝ။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ အကြိမ်ပေါင်းများစွာ ကြိုးစားလိုက်ပါ။ နောက်ဆုံးမှာ မုချ အောင်မြင်ပါလိမ့်မယ်။ Edison တောင် မီးသီးတစ်လုံးအလင်းရဖို့ အကြိမ်ပေါင်းတစ်သောင်းလောက် ကြိုးစားခဲ့ရတာမလား။

ချမ်းသာချင်သူတွေ အတွက် နည်းလမ်း (၅)သွယ်

၂။ လိုက်လျောညီထွေမှု ရှိပါစေ

ဒီနည်းလမ်နဲ့ ကြိုးစားလို့ မအောင်မြင်ရင်တော့ ပထမနည်းလမ်းက ဘာဖြစ်လို့ မအောင်မြင်တာလဲဆိုတာ ပြန်လည်သုံးသပ်ပြီးရင် နောက်တစ်ကြိမ် ပြန်လည်ကြိုးစားလိုက်ပါ။ နည်းလမ်းတစ်ခုမှာ ဘယ်လိုအားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်လိုက်ပါ။

၃။ ယုံကြည်စိတ်အပြည့်နဲ့လုပ်ပါ

“ကျွန်တော့်ကို လူတွေက အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း ဘာလို့ မီးသီးအောင်မြင်အောင် မလုပ်နိုင်သေးတာလဲလို့ လှောင်ပြောင်ရင် ကျနော်ပြန်ပြောလိုက်တဲ့ လက်သုံးစကားကတော့ ကျနော် မအောင်မြင်တာ မဟုတ်ပါဘူး၊ မီးလုံးကို တီထွင်ရာမှာ အလုပ်မဖြစ်တဲ့နည်းလမ်းတွေကို တွေ့ရှိခဲ့တာပါ” လို့ Edison က ပြောခဲ့ပါတယ်။ အောင်မြင်မှုပါရမီဆိုတာ ကြိုးစားအားထုတ်မှု ၉၉ ရာခိုင်နှုန်းနဲ့ စိတ်ကူးကောင်းခြင်း ၁ ရာခိုင်နှုန်း ပေါင်းစပ်ထားပါတယ်လို့ အယ်ဒီဆင်က ဆိုပါတယ်။

ချမ်းသာချင်သူတွေ အတွက် နည်းလမ်း (၅)သွယ်

၄။ လေ့လာခြင်းကို မရပ်တန့်လိုက်ပါနဲ့

မအောင်မြင်သေးတဲ့လူတချို့က ကိုယ့်ကိုကိုယ် စိတ်ဓာတ်ကျလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အောင်မြင်အောင်ဘယ်လိုကြိုးစားရမယ်၊ ပန်းတိုင်ကို ရောက်အောင် ဘယ်လိုသွားရမယ်ဆိုတာကို မသိကြသေးလို့ပါ။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ ပညာရပ်တွေကို ဆက်လက်လေ့လာရပါမယ်။ လေ့လာခြင်းကို ရပ်တန့်လိုက်ပြီဆိုတာနဲ့ ကျရှုံးမှုလမ်းကြောင်းပေါ် ရောက်နေပြီလို့ မှတ်ယူထားလိုက်ပါ။

၅။ စိတ်ဓာတ်ကြံ့ခိုင်ပါ

ပတ်ဝန်းကျင်က လူတွေဟာ အပြစ်ရှာကဲ့ရဲ့မယ်၊ လှောင်ပြောင်မယ်၊ သိက္ခာချမယ်၊ မင်းကို ငြင်းပယ်မယ်ဆိုရင်တောင်မှ စိတ်ဓာတ်မကျဘဲနဲ့ ခံနိုင်ရည်ရှိရပါမယ်။ မအောင်မြင်ခင်မှာတော့ အခက်အခဲ၊ အတားအဆီးအများကြီး ရင်ဆိုင်ရပါမယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ မအောင်မြင်ခင် ပြိုလဲမသွားအောင် စိတ်ဓာတ်ကြံခိုင်ဖို့ အရေးကြီးပါတယ်။ အောင်မြင်ဖို့အတွက် အချိန်တွေ၊ သည်းခံမှုတွေ စတေးရပါတယ်။ ကောက်ရိုးမီးလို တဟုန်ထိုးအောင်မြင်တာက ရေရှည်အတွက် မကောင်းပါဘူး။ အားလုံး အောင်မြင်ကြပါစေ။

နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့  Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply