
[UNICODE]
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူဟောင်း ဂီလ်ဘာတို ဆေးလ်ဗားက နည်းပြဟောင်း အာဆင်းဝင်းဂါးအနေနဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူးကို ရောင်းမထုတ်သင့်ခဲ့ဘူးလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အိုလီဗီယ ဂျရူးဟာ အာဆင်နယ်အသင်းမှာ ၅ ရာသီခွဲကြာ ကစားခဲ့ဖူးပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းထံ ပေါင် ၁၈ သန်းနဲ့ ရောင်းချခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်လူမျိုးတိုက်စစ်မှူးဟာ အာဆင်နယ်အသင်းမှာရှိနေစဉ်တုန်းက အပိုင်အခွင့်အရေးတွေကို မကြာခနလွဲချော်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ငြိုငြင်မှုတွေကို ခံခဲ့ရပေမယ့် သူ့ရဲ့ ကစားကွက်ချိတ်ဆက်ပြီး Build-up ကစားနိုင်စွမ်းနဲ့ အမြင့်ဘောအဆုံးသတ်စွမ်းရည်ကတော့ ကျွမ်းကျင်သူတွေရဲ့ ချီးမွမ်းမှုကို အမြဲခံခဲ့ရပါတယ်။
ဂန္တဝင်ဟောင်း ဂီလ်ဘာတိုကလည်း ခုချိန်မှာ ဂျရူးသာရှိနေဦးမယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ လက်ရှိကစားကွက်နဲ့ သေချာပေါက် အံဝင်မှာဖြစ်ပြီး အာတီတာအတွက် တကယ်အလုပ်ဖြစ်စေလိမ့်မယ်လို့ ဆိုသွားခဲ့တာပါ။

“အာဆင်နယ်မှာ ဖန်တီးနိုင်စွမ်း အားနည်းနေတယ်ဆိုတာ မှန်ပါတယ်။ ဖြတ်တင်ဘောတွေနဲ့ချည်း အတင်းကာရော ကစားနေခဲ့ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် တိုက်စစ်က ကစားသမားတွေက ကွင်းလယ်နဲ့ Build-up လုပ်ပြီး ချိတ်ဆက်ကစားနိုင်စွမ်း အားနည်းလို့ပါ။ ကျွန်တော့်အမြင်အရဆိုရင် အူဘာမီယန်းက ဒီအခြေအနေမှာ အကောင်းဆုံးကစားသမားမျိုးတော့ မဟုတ်ပါဘူး။ နောက်ပြီး လေထဲမှာလည်း ကောင်းကောင်းအသုံးချနိုင်တဲ့သူမျိုးလည်း မဟုတ်ပြန်ပါဘူး။ တကယ်လို့ ဂျရူးသာရှိနေမယ်ဆိုရင် အာဆင်နယ်အသင်းက မတူကွဲပြားတဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်နေလောက်ပါတယ်” လို့ ဂီလ်ဘာတိုက သုံးသပ်သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးကစားပေးထားတဲ့ ၆ ပွဲမာ ၈ ဂိုးအထိသွင်းယူပေးထားတဲ့ ပြင်သစ်လူမျိုးတိုက်စစ်မှူး အိုလီဗီယာ ဂျရူးဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့ ၅ နှစ်ခွဲအတွင်း ၂၅၃ ပွဲပါဝင်ကစားကာ ၁၀၅ ဂိုးသွင်းယူပေးနိုင်ခဲ့ဖြစ်ပါတယ်။
Source: HITC, TBR
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ကြင္းလယ္လူေဟာင္း ဂီလ္ဘာတို ေဆးလ္ဗားက နည္းျပေဟာင္း အာဆင္းဝင္းဂါးအေနနဲ႔ တုိက္စစ္မွဴး အိုလီဗီယာ ဂ်ရူးကို ေရာင္းမထုတ္သင့္ခဲ့ဘူးလုိ႔ သံုးသပ္ေျပာဆိုလုိက္ပါတယ္။
အသက္ ၃၄ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ့ ျပင္သစ္လက္ေရြးစင္တုိက္စစ္မွဴး အိုလီဗီယ ဂ်ရူးဟာ အာဆင္နယ္အသင္းမွာ ၅ ရာသီခြဲၾကာ ကစားခဲ့ဖူးျပီး ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာ ျမိဳ႕ခံျပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းထံ ေပါင္ ၁၈ သန္းနဲ႔ ေရာင္းခ်ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ျပင္သစ္လူမ်ိဳးတုိက္စစ္မွဴးဟာ အာဆင္နယ္အသင္းမွာရွိေနစဥ္တုန္းက အပိုင္အခြင့္အေရးေတြကို မၾကာခနလြဲေခ်ာ္ခဲ့တာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ ျငိဳျငင္မႈေတြကို ခံခဲ့ရေပမယ့္ သူ႔ရဲ႕ ကစားကြက္ခ်ိတ္ဆက္ျပီး Build-up ကစားႏုိင္စြမ္းနဲ႔ အျမင့္ေဘာအဆံုးသတ္စြမ္းရည္ကေတာ့ ကၽြမ္းက်င္သူေတြရဲ႕ ခ်ီးမြမ္းမႈကို အျမဲခံခဲ့ရပါတယ္။
ဂႏၱဝင္ေဟာင္း ဂီလ္ဘာတိုကလည္း ခုခ်ိန္မွာ ဂ်ရူးသာရွိေနဦးမယ္ဆုိရင္ အာဆင္နယ္အသင္းရဲ႕ လက္ရွိကစားကြက္နဲ႔ ေသခ်ာေပါက္ အံဝင္မွာျဖစ္ျပီး အာတီတာအတြက္ တကယ္အလုပ္ျဖစ္ေစလိမ့္မယ္လုိ႔ ဆိုသြားခဲ့တာပါ။

“အာဆင္နယ္မွာ ဖန္တီးႏုိင္စြမ္း အားနည္းေနတယ္ဆိုတာ မွန္ပါတယ္။ ျဖတ္တင္ေဘာေတြနဲ႔ခ်ည္း အတင္းကာေရာ ကစားေနခဲ့ပါတယ္။ ဒါက ဘာေၾကာင့္လဲဆိုရင္ တုိက္စစ္က ကစားသမားေတြက ကြင္းလယ္နဲ႔ Build-up လုပ္ျပီး ခ်ိတ္ဆက္ကစားႏုိင္စြမ္း အားနည္းလို႔ပါ။ ကၽြန္ေတာ့္အျမင္အရဆိုရင္ အူဘာမီယန္းက ဒီအေျခအေနမွာ အေကာင္းဆံုးကစားသမားမ်ိဳးေတာ့ မဟုတ္ပါဘူး။ ေနာက္ျပီး ေလထဲမွာလည္း ေကာင္းေကာင္းအသံုးခ်ႏုိင္တဲ့သူမ်ိဳးလည္း မဟုတ္ျပန္ပါဘူး။ တကယ္လုိ႔ ဂ်ရူးသာရွိေနမယ္ဆိုရင္ အာဆင္နယ္အသင္းက မတူကြဲျပားတဲ့ အေျခအေနမ်ိဳးကို ပိုင္ဆိုင္ေနေလာက္ပါတယ္” လို႔ ဂီလ္ဘာတိုက သံုးသပ္သြားခဲ့ပါတယ္။
ခ်ယ္လ္ဆီးအသင္းအတြက္ ေနာက္ဆံုးကစားေပးထားတဲ့ ၆ ပြဲမာ ၈ ဂိုးအထိသြင္းယူေပးထားတဲ့ ျပင္သစ္လူမ်ိဳးတိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူးဟာ အာဆင္နယ္အသင္းမွာ ကစားခဲ့တဲ့ ၅ ႏွစ္ခြဲအတြင္း ၂၅၃ ပြဲပါဝင္ကစားကာ ၁၀၅ ဂိုးသြင္းယူေပးႏုိင္ခဲ့ျဖစ္ပါတယ္။
Source: HITC, TBR