
အာဆင်နယ်အသင်းဟာ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆင်အတွက် တရားဝင်ကမ်းလှမ်းမှု စတင်တော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အသုံးပြုသွားမှာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။
Daily Star နဲ့ Sport Mole အပါအဝင် အင်္ဂလန်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ အဆိုပါ အင်္ဂလန်လက်ရွေးစင်ကို ခေါ်ယူဖို့ အလွန်စိတ်ဝင်စားနေပြီး ကာယကံရှင်ကိုရော မိခင်ကလပ်ထံကိုပါ ချဉ်းကပ်မှုတွေ စတင်ပြုလုပ်နေပြီလို့ သိထားရပါတယ်။

Football London ကတော့ လက်စတာစီးတီးအသင်းဟာ မက်ဒီဆင်အတွက် ပေါင် သန်း ၆၀ အလိုရှိနေကြောင်း အာဆင်နယ်အသင်းထံ တောင်းဆိုထားပြီး ဂန်းနားတွေအနေနဲ့ အဆိုပါပမာဏကို ပေးချေသွားဖို့ ရည်ရွယ်ထားကြောင်းလည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
TheAFCBell လို စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ မက်ဒီဆင်ဆီကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့ ၄ နှစ် (+ ၁ နှစ်) စာချုပ် ကမ်းလှမ်းထားပြီးဖြစ်ပြီး ကာယကံရှင်ဘက်က အကြောင်းမပြန်သေးပေမယ့် လက်ခံလိုတဲ့ အရိပ်လက္ခဏာတွေတော့ ပြသထားတယ်လို့ သိထားရပါတယ်။

ဒါပေမယ့်လည်း လက်ရှိရရှိထားတဲ့သတင်းတွေအရ မက်ဒီဆင်အနေနဲ့ အာဆင်နယ်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့အကြား ညှိနှိုင်းမှုတွေကို အရင်စတင်စေချင်နေပြီး တိကျတဲ့အဖြေတစ်ခုထွက်လာမှသာ ကမ်းလှမ်းချက်ကို လက်ခံဖွယ်ရှိနေတယ်လို့လည်း သတင်းသိထားရပါတယ်။
လက်ရှိမှာတော့ ဂျိမ်းစ် မက်ဒီဆင်ဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဝင်ပြီးတဲ့နောက်မှာ သတ်မှတ်ခွင့်ကာလကို စတင်ခံစားနေပြီဖြစ်ပြီး အဆိုပါကာလအတွင်း အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘာတူညီချက်အတွက် ဆက်လက်ဆွေးနွေးဖွယ်ရှိနေပါတယ်။
Source: The Daily Star, Sport Mole, TheAFCBell