ဂျူလီယန် ဘရန့်ဒ်နဲ့ အာဆင်နယ် အသင်းဆွေးနွေးနေ

[UNICODE]

အာဆင်နယ်အသင်းဟာ ဒေါ့မွန်အသင်းက အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ ဂျူလီယန် ဘရန့်ဒ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ ဂျာမန်မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး ဥရောပမီဒီယာတချို့က ဖော်ပြေနေကြပါတယ်။

ကွင်းလယ်တိုက်စစ်၊ တောင်ပံနဲ့ ကွင်းလယ်ဗဟိုနေရာစုံမှာ ကစားနိုင်တဲ့ ဘရန့်ဒ်ဟာ ယမန်နှစ်ရာသီတုန်းကမှ လေဗာကူဆင်အသင်းကနေ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချက်ချင်းဆိုသလို အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် လက်ရှိရာသီမှာတော့ သူ့စိတ်ကြိုက် ကွင်းလယ်တိုက်စစ်နေရာထက် နည်းစနစ်ပိုင်းလိုအပ်ချက်အရ နေရာစုံကို ရွှေ့ပြောင်းကစားနေရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားလာသူဖြစ်ပါတယ်။

ဟူဆန် အူဝါကို ခေါ်ယူရေး လက်လျှော့လိုက်တဲ့ အာဆင်နယ်အသင်းဟာ ဂျာမန်ကွင်းလယ်လူကို ခေါ်ယူဖို့ အထူးအာရုံစိုက်လာခဲ့ပြီး လက်တလောမှာတော့ ကစားသမားထံ ချဉ်းကပ်မှုတွေပြုလုပ်နေပြီလို့ ဂျာမန်သတင်းစာတွေက အခိုင်အမာဖော်ပြနေကြပြီဖြစ်ပါတယ်။

BILD ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းက အကယ်ဒမီ နည်းပြချုပ် မာတီဆက်ကာနဲ့ ဂျူလီယန် ဘရန့်ဒ်တို့ဟာ အေးဂျင့်ချင်းတူညီနေပြီး အာဆင်နယ်ဘက်က အဆိုပါအချက်ကိုလည်း အသုံးချနေတယ်လို့ ဆိုပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အမ်းမရိတ်ကို ပြောင်းရွှေ့ဖို့ စိတ်ပါဝင်စားမှုရှိနေပြီး အပြောင်းအရွှေ့ဟာ နောက်အကျဆုံး နွေရာသီမှာ ဖြစ်ပေါ်လာဖို့ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Daily Mail နဲ့ BILD ရဲ့ ဖော်ပြချက်တွေအရလည်း အာဆင်နယ်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ဘရန့်ဒ်ကို ခေါ်ယူစေချင်ကြောင်း ဆွေးနွေးပြောဆိုမှုက Trend တစ်ခုဖြစ်နေကြောင်း သိရပါတယ်။ ဂျာမန်သားရဲ့ ဖန်တီးနိုင်စွမ်း၊ ဘောလုံးအမြင်ရှိမှုနဲ့ တစ်ဦးချင်းအရည်အသွေးတွေဟာ အာဆင်နယ်အသင်းအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ အာဆင်နယ်အသင်းသားတွေက ယုံကြည်နေကြတာပါ။

လက်တလောမှာတော့ ကွင်းလယ်ဖန်တီးရှင် ခေါ်ယူချင်နေတဲ့ အာဆင်နယ်အသင်းဟာ ဘရန့်ဒ်အပြင် နော်ဝစ်ချ်အသင်းက အီမီလ် ဘူယွန်ဒီယာ၊ ဘာစီလိုနာက ရီကီ ပူယစ်နဲ့ ရီးရဲလ်မက်ဒရစ်က အစ္စကို တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။

Source: BILD, Daily Mail, Express

[ZAWGYI]

အာဆင္နယ္အသင္းဟာ ေဒါ့မြန္အသင္းက အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူ ဂ်ဴလီယန္ ဘရန္႔ဒ္ကို ေခၚယူဖို႔ ေဆြးေႏြးမႈျပဳလုပ္ေနတယ္လုိ႔ ဂ်ာမန္မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြကို ကိုးကားျပီး ဥေရာပမီဒီယာတခ်ိဳ႕က ေဖာ္ေျပေနၾကပါတယ္။

ကြင္းလယ္တိုက္စစ္၊ ေတာင္ပံနဲ႔ ကြင္းလယ္ဗဟိုေနရာစံုမွာ ကစားႏုိင္တဲ့ ဘရန္႔ဒ္ဟာ ယမန္ႏွစ္ရာသီတုန္းကမွ ေလဗာကူဆင္အသင္းကေန ေဒါ့မြန္အသင္းထံ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး ခ်က္ခ်င္းဆိုသလို အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပသႏုိင္ခဲ့ေပမယ့္ လက္ရွိရာသီမွာေတာ့ သူ႔စိတ္ၾကိဳက္ ကြင္းလယ္တုိက္စစ္ေနရာထက္ နည္းစနစ္ပိုင္းလိုအပ္ခ်က္အရ ေနရာစံုကို ေရႊ႕ေျပာင္းကစားေနရတာေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ စဥ္းစားလာသူျဖစ္ပါတယ္။

ဟူဆန္ အူဝါကို ေခၚယူေရး လက္ေလွ်ာ့လုိက္တဲ့ အာဆင္နယ္အသင္းဟာ ဂ်ာမန္ကြင္းလယ္လူကို ေခၚယူဖို႔ အထူးအာရံုစုိက္လာခဲ့ျပီး လက္တေလာမွာေတာ့ ကစားသမားထံ ခ်ဥ္းကပ္မႈေတြျပဳလုပ္ေနျပီလို႔ ဂ်ာမန္သတင္းစာေတြက အခိုင္အမာေဖာ္ျပေနၾကျပီျဖစ္ပါတယ္။

BILD ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းက အကယ္ဒမီ နည္းျပခ်ဳပ္ မာတီဆက္ကာနဲ႔ ဂ်ဴလီယန္ ဘရန္႔ဒ္တို႔ဟာ ေအးဂ်င့္ခ်င္းတူညီေနျပီး အာဆင္နယ္ဘက္က အဆုိပါအခ်က္ကိုလည္း အသံုးခ်ေနတယ္လုိ႔ ဆိုပါတယ္။ ကစားသမားကိုယ္တိုင္ကလည္း အမ္းမရိတ္ကို ေျပာင္းေရႊ႕ဖို႔ စိတ္ပါဝင္စားမႈရွိေနျပီး အေျပာင္းအေရႊ႕ဟာ ေနာက္အက်ဆံုး ေႏြရာသီမွာ ျဖစ္ေပၚလာဖို႔ရွိေနတယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

Daily Mail နဲ႔ BILD ရဲ႕ ေဖာ္ျပခ်က္ေတြအရလည္း အာဆင္နယ္အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ ဘရန္႔ဒ္ကို ေခၚယူေစခ်င္ေၾကာင္း ေဆြးေႏြးေျပာဆိုမႈက Trend တစ္ခုျဖစ္ေနေၾကာင္း သိရပါတယ္။ ဂ်ာမန္သားရဲ႕ ဖန္တီးႏုိင္စြမ္း၊ ေဘာလံုးအျမင္ရွိမႈနဲ႔ တစ္ဦးခ်င္းအရည္အေသြးေတြဟာ အာဆင္နယ္အသင္းအတြက္ အက်ိဳးျဖစ္ထြန္းေစလိမ့္မယ္လုိ႔ အာဆင္နယ္အသင္းသားေတြက ယံုၾကည္ေနၾကတာပါ။

လက္တေလာမွာေတာ့ ကြင္းလယ္ဖန္တီးရွင္ ေခၚယူခ်င္ေနတဲ့ အာဆင္နယ္အသင္းဟာ ဘရန္႔ဒ္အျပင္ ေနာ္ဝစ္ခ်္အသင္းက အီမီလ္ ဘူယြန္ဒီယာ၊ ဘာစီလိုနာက ရီကီ ပူယစ္နဲ႔ ရီးရဲလ္မက္ဒရစ္က အစၥကို တို႔ကိုလည္း ပစ္မွတ္ထားေနပါတယ္။

Source: BILD, Daily Mail, Express

Leave a Reply