ဂွမ်ဒူဇီကို စာချုပ်သက်တမ်းတိုးတော့မယ့် အာဆင်နယ်

[UNICODE]

အာဆင်နယ်အသင်းက ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်မှာ မထင်မှတ်ပဲ ဂန်းနားတွေက ပြင်သစ်ကြယ်ပွင့်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မက်တီယို ဂွမ်ဒူဇီနဲ့ အာဆင်နယ်အသင်းတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၂ ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်ပါသဘောတူညီချက်တွေအရ နောက်ထပ်တစ်နှစ် အလိုအလျောက်သက်တမ်းတိုးခွင့် ရှိနေပါတယ်။

ဂန်းနားတွေဟာ ၂၂ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ပါ သဘောတူညီချက်ကို အသုံးချပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးမြှင့်ဖို့ စီစဉ်လာတာပါ။

ခုလိုမျိုး စီစဉ်လာရတဲ့အကြောင်းအရင်းကတော့ ဂွမ်ဒူဇီကိုရောင်းချရာမှာ ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားရရှိဖို့အတွက်လို့ ပြင်သစ်နဲ့ ဗြိတိန်အခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဂန်းနားတွေအနေနဲ့ ဂွမ်ဒူဇီရဲ့တန်ကြေးကို ပေါင် ၈.၆ သန်းသာ သတ်မှတ်ထားပေမယ့် အဆိုပါပမာဏကို အပြည့်အဝပေးချေလိုတဲ့ကလပ် မရှိဘူးဖြစ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ပြင်သစ်ကွင်းလယ်လူကို မာဆေးလ်အသင်းထံ ရောင်းချဖို့ စီစဉ်နေရာမှာ လက်ကျန်စာချုပ်သက်တမ်း၊ ကာယကံရှင်ရဲ့ ခြေစွမ်းနဲ့ အာဆင်နယ်ကိုယ်တိုင်ရဲ့ အလွန်အမင်းရောင်းထုတ်ချင်နေတဲ့ ဆန္ဒတွေကြောင့် ဈေးနှိမ်ကမ်းလှမ်းခြင်းခံနေရပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်အသင်း တာဝန်ရှိသူတွေဟာ သူတို့ရဲ့ အပြောင်းအရွှေ့နည်းဗျူဟာကို ပြောင်းလဲလာခဲ့တာပါ။ ကာယကံရှင်ရဲ့စာချုပ်ကို အလိုအလျောက် သက်တမ်းတိုးမြှင့်ခြင်းအားဖြင့် ပြောင်းရွှေ့ကြေးပမာဏကိုလည်း မြှင့်တင်သတ်မှတ်တော့မှာဖြစ်သလို ဝယ်လက်ရှာဖွေဖို့အတွက်လည်း ပိုမိုအချိန်ရစေမှာဖြစ်ပါတယ်။

Source: Metro, Le 10 Sport

[ZAWGYI]

အာဆင္နယ္အသင္းက ကြင္းလယ္လူ မက္တီယို ဂြမ္ဒူဇီကို ေရာင္းထုတ္ဖို႔ စီစဥ္ေနတယ္လုိ႔ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနခ်ိန္မွာ မထင္မွတ္ပဲ ဂန္းနားေတြက ျပင္သစ္ၾကယ္ပြင့္ကို စာခ်ဳပ္သက္တမ္းတိုးျမွင့္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ သတင္းထြက္ေပၚလာခဲ့ပါတယ္။

မက္တီယို ဂြမ္ဒူဇီနဲ႔ အာဆင္နယ္အသင္းတို႔အၾကား ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ လာမယ့္ ၂၀၂၂ ခုႏွစ္ ဇြန္လမွာ သက္တမ္းကုန္ဆံုးေတာ့မွာျဖစ္ျပီး စာခ်ဳပ္ပါသေဘာတူညီခ်က္ေတြအရ ေနာက္ထပ္တစ္ႏွစ္ အလိုအေလ်ာက္သက္တမ္းတိုးခြင့္ ရွိေနပါတယ္။

ဂန္းနားေတြဟာ ၂၂ ႏွစ္အရြယ္ ျပင္သစ္ကြင္းလယ္လူနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ပါ သေဘာတူညီခ်က္ကို အသံုးခ်ျပီး ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးျမွင့္ဖို႔ စီစဥ္လာတာပါ။

ခုလိုမ်ိဳး စီစဥ္လာရတဲ့အေၾကာင္းအရင္းကေတာ့ ဂြမ္ဒူဇီကိုေရာင္းခ်ရာမွာ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္မားမားရရွိဖို႔အတြက္လို႔ ျပင္သစ္နဲ႔ ျဗိတိန္အေျခစိုက္ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဂန္းနားေတြအေနနဲ႔ ဂြမ္ဒူဇီရဲ႕တန္ေၾကးကို ေပါင္ ၈.၆ သန္းသာ သတ္မွတ္ထားေပမယ့္ အဆုိပါပမာဏကို အျပည့္အဝေပးေခ်လိုတဲ့ကလပ္ မရွိဘူးျဖစ္ေနပါတယ္။

အာဆင္နယ္အသင္းဟာ ျပင္သစ္ကြင္းလယ္လူကို မာေဆးလ္အသင္းထံ ေရာင္းခ်ဖို႔ စီစဥ္ေနရာမွာ လက္က်န္စာခ်ဳပ္သက္တမ္း၊ ကာယကံရွင္ရဲ႕ ေျခစြမ္းနဲ႔ အာဆင္နယ္ကိုယ္တုိင္ရဲ႕ အလြန္အမင္းေရာင္းထုတ္ခ်င္ေနတဲ့ ဆႏၵေတြေၾကာင့္ ေစ်းႏွိမ္ကမ္းလွမ္းျခင္းခံေနရပါတယ္။

ဒါေၾကာင့္လည္း အာဆင္နယ္အသင္း တာဝန္ရွိသူေတြဟာ သူတို႔ရဲ႕ အေျပာင္းအေရႊ႕နည္းဗ်ဴဟာကို ေျပာင္းလဲလာခဲ့တာပါ။ ကာယကံရွင္ရဲ႕စာခ်ဳပ္ကို အလိုအေလ်ာက္ သက္တမ္းတိုးျမွင့္ျခင္းအားျဖင့္ ေျပာင္းေရႊ႕ေၾကးပမာဏကိုလည္း ျမွင့္တင္သတ္မွတ္ေတာ့မွာျဖစ္သလို ဝယ္လက္ရွာေဖြဖို႔အတြက္လည္း ပိုမိုအခ်ိန္ရေစမွာျဖစ္ပါတယ္။

Source: Metro, Le 10 Sport

Leave a Reply