
[UNICODE]
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက တောင်ပံလူတွေဖြစ်ကြတဲ့ ရာဟင်းမ် စတာလင်နဲ့ ရိယာ့ဒ် မာရက်ဇ်တို့ နှစ်ဦးလုံးကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီဖြစ်တယ်လို့ Goal၊ Daily Mail နဲ့ Metro တို့က ဖော်ပြလိုက်ကြပါတယ်။
ပူပူနွေးနွေးပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီမှာ ရာဟင်းမ် စတာလင်းနဲ့ ရီယာ့ဒ် မာရက်ဇ်တို့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ယခုရက်ပိုင်းတွေမှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေပါတယ်။

ဒီလိုအခြေအနေမျိုးဖြစ်ပေါ်နေစဉ်မှာပဲ မန်စီတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် ၃ နှစ်နီးပါး တာဝန်ထမ်းဆောင်ဖူးတဲ့ မီခယ် အာတီတာက အဆိုပါတောင်ပံလူ ၂ ဦးလုံးကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့သတင်းပါ ဆက်လက်ထွက်ပေါ်လာတာပါ။
မန်စီးတီးနည်းပြ ပပ် ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီ ပွဲစဉ်အများစုမှာ သူတို့အသင်းရဲ့ တောင်ပံတိုက်စစ်အတွက် ဘာနာဒို ဆေးလ်ဗားနဲ့ ဖီးလ် ဖိုဒန်တို့ကို အဓိက အသုံးပြုခဲ့ပြီး ရေရှည်မှာလည်း အဆိုပါကစားသမားတွေကို အသုံးပြုသွားဖွယ်ရှိနေပါတယ်။ ဒါကြောင့်လည်း လုပ်ခလစာနှုန်းမြင့်မားပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၂ ဦးပေါင်း သွင်းဂိုးပါဝင်ပတ်သက်မှု ၁၄ ဂိုးသာရှိခဲ့တဲ့ စတာလင်နဲ့ မာရက်ဇ်တို့ကို ရောင်းထုတ်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာရော ဥရောပအဆင့်မှာပါ အခြေမလှဖြစ်ခဲ့သလို လာမယ့်ရာသီသစ်မှာလည်း ဥရောပဝင်ခွင့်ကို လက်လွှတ်ထားရတာကြောင့် အသင်းကို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ထိပ်တန်းကစားသမားအများအပြားကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းဖြစ်ပါတယ်။
အဆိုပါကစားသမား ၂ ဦးလုံးဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဟောင်းတွေဖြစ်ကြပြီး စတာလင်ကို ၂၀၁၄၊ ၁၅ ဝန်းကျင်တုန်းက ပစ်မှတ်ထားခဲ့ဖူးသလို မာရက်ဇ်ကိုလည်း လက်စတာစီးတီးမှာရှိနေစဉ် ၂၀၁၇ ခုနှစ်တုန်းက ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပါသေးတယ်။
Source: Goal, Daily Mail, Metro
[ZAWGYI]
အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းက ေတာင္ပံလူေတြျဖစ္ၾကတဲ့ ရာဟင္းမ္ စတာလင္နဲ႔ ရိယာ့ဒ္ မာရက္ဇ္တို႔ ႏွစ္ဦးလံုးကို ေခၚယူဖို႔ စတင္ၾကိဳးပမ္းေနျပီျဖစ္တယ္လုိ႔ Goal၊ Daily Mail နဲ႔ Metro တို႔က ေဖာ္ျပလိုက္ၾကပါတယ္။
ပူပူေႏြးေႏြးပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းဟာ လာမယ့္ေႏြရာသီမွာ ရာဟင္းမ္ စတာလင္းနဲ႔ ရီယာ့ဒ္ မာရက္ဇ္တို႔ကို ေရာင္းထုတ္ဖို႔ ဆံုးျဖတ္ထားျပီးျဖစ္တယ္လို႔ ယခုရက္ပိုင္းေတြမွာ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚလာေနပါတယ္။

ဒီလိုအေျခအေနမ်ိဳးျဖစ္ေပၚေနစဥ္မွာပဲ မန္စီတီးအသင္းမွာ လက္ေထာက္နည္းျပအျဖစ္ ၃ ႏွစ္နီးပါး တာဝန္ထမ္းေဆာင္ဖူးတဲ့ မီခယ္ အာတီတာက အဆုိပါေတာင္ပံလူ ၂ ဦးလံုးကို ေခၚယူဖုိ႔ ၾကိဳးပမ္းလာတဲ့သတင္းပါ ဆက္လက္ထြက္ေပၚလာတာပါ။
မန္စီးတီးနည္းျပ ပပ္ ဂြာဒီယိုလာဟာ ျပီးခဲ့တဲ့ရာသီ ပြဲစဥ္အမ်ားစုမွာ သူတို႔အသင္းရဲ႕ ေတာင္ပံတုိက္စစ္အတြက္ ဘာနာဒို ေဆးလ္ဗားနဲ႔ ဖီးလ္ ဖိုဒန္တို႔ကို အဓိက အသံုးျပဳခဲ့ျပီး ေရရွည္မွာလည္း အဆုိပါကစားသမားေတြကို အသံုးျပဳသြားဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္လည္း လုပ္ခလစာႏႈန္းျမင့္မားျပီး ျပီးခဲ့တဲ့ရာသီတုန္းက ၂ ဦးေပါင္း သြင္းဂိုးပါဝင္ပတ္သက္မႈ ၁၄ ဂိုးသာရွိခဲ့တဲ့ စတာလင္နဲ႔ မာရက္ဇ္တို႔ကို ေရာင္းထုတ္ဖုိ႔ စီစဥ္လာတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းကေတာ့ ျပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္မွာေရာ ဥေရာပအဆင့္မွာပါ အေျခမလွျဖစ္ခဲ့သလို လာမယ့္ရာသီသစ္မွာလည္း ဥေရာပဝင္ခြင့္ကို လက္လႊတ္ထားရတာေၾကာင့္ အသင္းကို ၾကီးမားတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ဖုိ႔ စီစဥ္ေနျပီး ထိပ္တန္းကစားသမားအမ်ားအျပားကို ေခၚယူဖို႔ ၾကိဳးပမ္းေနတဲ့အသင္းျဖစ္ပါတယ္။
အဆုိပါကစားသမား ၂ ဦးလံုးဟာ အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ေဟာင္းေတြျဖစ္ၾကျပီး စတာလင္ကို ၂၀၁၄၊ ၁၅ ဝန္းက်င္တုန္းက ပစ္မွတ္ထားခဲ့ဖူးသလို မာရက္ဇ္ကိုလည္း လက္စတာစီးတီးမွာရွိေနစဥ္ ၂၀၁၇ ခုႏွစ္တုန္းက ေခၚယူႏုိင္ဖို႔ နီးစပ္ခဲ့ပါေသးတယ္။
Source: Goal, Daily Mail, Metro