စမစ်-ရိုးက ပုံမှန် ကစားချင်တာ ဘယ်လို Position မှာလဲ

[UNICODE]

အာဆင်နယ်အသင်းက ကွင်းလယ်လူ အီမီလီ စမစ်-ရိုးက Daily Mail နဲ့ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူး အစီအစဉ်မှာ သူတည်တည်ငြိမ်ငြိမ်နဲ့ အထိုင်တကျ ကစားချင်တဲ့ Position အကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

လူငယ်ကစားသမားဘဝ သက်တမ်းတစ်လျှောက် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတွေမှာ အမျိုးမျိုး ရွှေ့ပြောင်းကစားခဲ့ဖူးတဲ့ စမစ်-ရိုးဟာ လက်တလော အာဆင်နယ်မှာလည်း အဆိုပါနေရာ ၂ မျိုးလုံးမှာ ပါဝင်ကစားပေးနေသူဖြစ်ပါတယ်။

Daily Mail နဲ့ အင်တာဗျူးမှာတော့ အသက် ၂၀ အရွယ် အင်္ဂလိပ်ကွင်းလယ်လူလေးက သူ့အနေနဲ့ No.10 role ကွင်းလယ်တိုက်စစ်နေရာမှာ အတည်တကျ ကစားသွားချင်တယ်လို့ ထုတ်ဖော်ဖွင့်ဟလာခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုတော့ 10 role ကစားသမားလို့ပဲ ရှုမြင်ထားပါတယ်။ အထူးသဖြင့် ကွင်းလယ်ရဲ့ အတွင်းဘက်အကျဆုံး အပိုင်းမှာပေါ့။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ကစားဟန်မှာတော့ နည်းပြတောင်းဆိုချက်အရ တောင်ပံဆန်တဲ့နေရာမျိုးမှာ ဝင်ကစားနေရတာလည်း သိပ်တော့ ပြဿနာမရှိလှပါဘူး” လို့ သူကဆိုခဲ့ပါတယ်။

စမစ်-ရိုးဟာ မူလက အသင်းရဲ့ No.10 အဖြစ် တာဝန်ယူခဲ့ရပေမယ့် အသင်းကို နော်ဝေကွင်းလယ်လူ မာတင် အိုဒီဂတ်ရောက်ရှိလာချိန်ကတည်းက ကွင်းလယ်တိုက်စစ် ၃ ယောက်တန်းရဲ့ ဘယ်ဘက်ခြမ်းမှာ အဓိက ရွှေ့ပြောင်းကစားနေရသူဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း သူကခုလို ဆိုသွားခဲ့ပါသေးတယ်။

“နည်းပြက ကျွန်တော့်ကို Position အားဖြင့် တောင်ပံမှာနေရာချထားပေမယ့် အတွင်းဘက်ကိုဝင်ပြီး No.10 တစ်ယောက်လို ကစားခိုင်းနေတာကြောင့် အဆင်ပြေပါတယ်။ အမှန်အတိုင်းပြောရရင် အာဆင်နယ်မှာဆိုရင် ဘယ်နေရာမှာ ကစားရသည်ဖြစ်စေ ကျွန်တော် ပျော်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်က အာဆင်နယ် ပရိတ်သတ်တစ်ယောက်ဖြစ်နေလို့ပါ။ နေရာစုံ ပြောင်းရွှေ့ကစားနိုင်စွမ်းရှိတာမျိုးကိုလည်း ကျွန်တော် သဘောကျတာမို့ပါ” လို့လည်း စမစ်-ရိုးက ဆိုခဲ့ပါသေးတယ်။

Source: Daily Mail

[ZAWGYI]

အာဆင္နယ္အသင္းက ကြင္းလယ္လူ အီမီလီ စမစ္-ရိုးက Daily Mail နဲ႔ျပဳလုပ္ခဲ့တဲ့ သီးသန္႔အင္တာဗ်ဴး အစီအစဥ္မွာ သူတည္တည္ျငိမ္ျငိမ္နဲ႔ အထိုင္တက် ကစားခ်င္တဲ့ Position အေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။

လူငယ္ကစားသမားဘဝ သက္တမ္းတစ္ေလွ်ာက္ ကြင္းလယ္တုိက္စစ္နဲ႔ ေတာင္ပံေတြမွာ အမ်ိဳးမ်ိဳး ေရႊ႕ေျပာင္းကစားခဲ့ဖူးတဲ့ စမစ္-ရိုးဟာ လက္တေလာ အာဆင္နယ္မွာလည္း အဆုိပါေနရာ ၂ မ်ိဳးလံုးမွာ ပါဝင္ကစားေပးေနသူျဖစ္ပါတယ္။

Daily Mail နဲ႔ အင္တာဗ်ဴးမွာေတာ့ အသက္ ၂၀ အရြယ္ အဂၤလိပ္ကြင္းလယ္လူေလးက သူ႔အေနနဲ႔ No.10 role ကြင္းလယ္တုိက္စစ္ေနရာမွာ အတည္တက် ကစားသြားခ်င္တယ္လုိ႔ ထုတ္ေဖာ္ဖြင့္ဟလာခဲ့ပါတယ္။

“ကိုယ့္ကိုယ္ကိုေတာ့ 10 role ကစားသမားလို႔ပဲ ရႈျမင္ထားပါတယ္။ အထူးသျဖင့္ ကြင္းလယ္ရဲ႕ အတြင္းဘက္အက်ဆံုး အပိုင္းမွာေပါ့။ ဒါေပမယ့္ အာဆင္နယ္အသင္းရဲ႕ ကစားဟန္မွာေတာ့ နည္းျပေတာင္းဆိုခ်က္အရ ေတာင္ပံဆန္တဲ့ေနရာမ်ိဳးမွာ ဝင္ကစားေနရတာလည္း သိပ္ေတာ့ ျပႆနာမရွိလွပါဘူး” လို႔ သူကဆိုခဲ့ပါတယ္။

စမစ္-ရိုးဟာ မူလက အသင္းရဲ႕ No.10 အျဖစ္ တာဝန္ယူခဲ့ရေပမယ့္ အသင္းကို ေနာ္ေဝကြင္းလယ္လူ မာတင္ အိုဒီဂတ္ေရာက္ရွိလာခ်ိန္ကတည္းက ကြင္းလယ္တိုက္စစ္ ၃ ေယာက္တန္းရဲ႕ ဘယ္ဘက္ျခမ္းမွာ အဓိက ေရႊ႕ေျပာင္းကစားေနရသူျဖစ္ပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္ျပီးေတာ့လည္း သူကခုလို ဆိုသြားခဲ့ပါေသးတယ္။

“နည္းျပက ကၽြန္ေတာ့္ကို Position အားျဖင့္ ေတာင္ပံမွာေနရာခ်ထားေပမယ့္ အတြင္းဘက္ကိုဝင္ျပီး No.10 တစ္ေယာက္လို ကစားခုိင္းေနတာေၾကာင့္ အဆင္ေျပပါတယ္။ အမွန္အတုိင္းေျပာရရင္ အာဆင္နယ္မွာဆိုရင္ ဘယ္ေနရာမွာ ကစားရသည္ျဖစ္ေစ ကၽြန္ေတာ္ ေပ်ာ္ပါတယ္။ ဘာလို႔လဲဆိုရင္ ကၽြန္ေတာ္က အာဆင္နယ္ ပရိတ္သတ္တစ္ေယာက္ျဖစ္ေနလို႔ပါ။ ေနရာစံု ေျပာင္းေရႊ႕ကစားႏုိင္စြမ္းရွိတာမ်ိဳးကိုလည္း ကၽြန္ေတာ္ သေဘာက်တာမို႔ပါ” လို႔လည္း စမစ္-ရိုးက ဆိုခဲ့ပါေသးတယ္။

Source: Daily Mail

Leave a Reply