စားနေကျ အစားအသောက်တွေစားရင်း ဝိတ်ချကြမလား

ဝိတ်ချချင်တယ်။ အစားလည်း မလျော့ချင်ဘူး။ စားနေကျအတိုင်းပဲ ကြိုက်တတ်တာလေးတွေကို ဆက်စားချင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သဘောတကျနဲ့ စားနေမိတဲ့ အစားအစာလေးတွေထဲက ဘယ်ဟာလေးတွေက သင့်ကို ဝိတ်ကျစေတာလဲ ဆိုတာကို ပြောပြပေးပါရစေ။

စားနေကျ အစားအစာတွေထဲက ဝိတ်ကျစေမယ့် အစားအစာအချို့

နေ့စဉ် စားသုံးမိနေတဲ့ အစားအစာတွေထဲက သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေကတော့

  • ထောပတ်သီး

ထောပတ်သီးမှာ

monounsaturated fatty acids ၊ အမျှင်ဓာတ် ၊ phytochemicals တို့ ပါဝင်နေပါတယ်။ ထောပတ်သီးက အခြား အသီးအနှံတွေထက် ကယ်လ်လိုရီ ပိုများတယ်ဆိုပေမယ့် BMI ကိုထိန်းပေးသလို ခါးကအဆီတွေကို ဖယ်ရှားပေးဖို့လည်း ထောက်ကူပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

  • ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥတို့မှာ

အရည်အသွေးမြင့် ပရိုတင်း ၊ အဆီဓာတ် ၊ ဗီတာမင် D ၊ choline တို့လိုမျိုး အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ပရိုတင်းက အဆာခံနိုင်စေပြီး ခန္ဓာကိုယ်ကို အားပြည့်စေတာကြောင့် ဝိတ်ကျစေဖို့ အထောက်အကူပြုပေးပါတယ်။ မနက်ခင်းမှာ ကြက်ဥစားတာက အဆာခံနိုင်စေပြီး စားချင်စိတ်ကို လျှော့ချပေးပါတယ်။ တစ်နေ့တာမှာ အစားနည်းနည်းပဲ စားဖြစ်စေတာကြောင့် ဝိတ်ကျစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

  • ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ

ပရိုတင်း ၊ အမျှင်ဓာတ် တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှုကတော့ နည်းပါတယ်။
အမျှင်ဓာတ် နဲ့ ပရိုတင်းဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ထောက်ကူပေးနိုင်ပါတယ်။ နောက်ထပ် ကျန်းမာရေး အာနိသင်တွေအနေနဲ့ ပဲအမျိုးမျိုးက

  • သွေးတိုးကျစေတယ်

သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်

နှလုံးသွေးကြောဆိုင်ရာ ရောဂါခံစားရနိုင်ခြေ လျှော့ချပေးပါတယ်။

  • ဒိန်ချဉ်

ဒိန်ချဉ်က အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်အလေးချိန် ထိန်းညှိရာမှာ အထောက်အကူပြုပေးတဲ့ အကျိုးပြုဘက်တီးရီးယား (probiotics) တို့ပါဝင်နေပါတယ်။ ပရိုတင်းပါဝင်မှုနဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်မှုက အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေမှာပါ။ သကြား ထည့်မစားမိစေဖို့တော့ သတိပြုပါ။ သစ်သီး၊ cereal စတာတွေနဲ့ တွဲဖက်စားပေးလို့ ရပါတယ်။

  • ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ

အရည်အသွေးမြင့် ပရိုတင်း ၊ အကျိုးပြုအဆီဖြစ်တဲ့ omega-3 fatty acids တို့ပါဝင်နေပါတယ်။ omega-3 fatty acids က အစားခဏခဏ စားချင်စိတ် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါး စားပေးတာက ကိုယ်အလေးချိန် ကျစေသလို နှလုံးကျန်းမာစေမှာပါ။

  • သစ်သီး

သစ်သီးတွေမှာ သဘာဝ အချိုဓာတ် ပါပြီးသားပါ။ ဒါပေမယ့် သစ်သီးကို စားပေးတာက အမျှင်ဓာတ် ကြွယ်ဝစွာ ရရှိစေတာကြောင့် ကိုယ်အလေးချိန် လျှောပချရာမှာ အထောက်အကူပြုနိုင်မှာပါ။ သစ်သီး ပုံမှန်စားပေးတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်တာတွေ မဖြစ်စေဖို့ အထိရော်ကဆုံး ကာကွယ်ပေးနိုင်ပါတယ်။

  • ပြောင်းဖူးပေါက်ပေါက်

ရုပ်ရှင်ကြည့်ရင်း စားတတ်တဲ့ ပြောင်းဖူးပေါက်ပေါက်က ဝိတ်ကျစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ အစားအစာ တစ်ခုဆိုလို့ အံ့ဩမသွားပါနဲ့။ ပြောင်းဖူးပေါက်ပေါက်က

အမျှင်ဓာတ် ကြွယ်ဝတယ်

ပရိုတင်း ပါဝင်နေတယ်။

အားသာချက်က ကယ်လ်လိုရီပါဝင်မှုနည်းနေတာပါ။ ထောပတ် နည်းနည်းပဲ ထည့်ထားပြီး သကြားထည့်မထားတဲ့ ပြောင်းဖူး ပေါက်ပေါက် စားပေးတာက ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပေးနိုင်မှာပါ။

  • အယ်လ်မွန်စေ့

အယ်လ်မွန်စေ့မှာ

ပရိုတင်း ၊ အမျှင်ဓာတ် ၊ ဗီတာမင် E ၊ polyunsaturated fatsတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပရိုတင်းနဲ့ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဗီတာမင် E နဲ့ အကျိုးပြု အဆီ ပါဝင်နေမှုက နှလုံး ကျန်းမာစေဖို့လည်း အထောက်အကူပြုပေးပါတယ်။

Leave a Reply