
[UNICODE]
ဆွီဒင်ဂန္တဝင် အီဗရာဟီမိုဗစ်ချ်နဲ့ နှိုင်းယှဉ်သုံးသက်ခံနေရတဲ့ အာဆင်နယ်လူငယ်တိုက်စစ်မှူး နီကိုလာ မိုလာဟာ ထင်မှတ်မထားလောက်အောင်ကို ကောင်းမွန်လွန်းတဲ့ စူပါအရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်တယ်လို့ သူကစားခဲ့တဲ့ အကယ်ဒမီအသီးသီးက တာဝန်ရှိသူတွေက Goal ရဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့ကြပါတယ်။
၁၈ နှစ်သား ဆွီဒင်ကြယ်ပွင့်လေးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာမှ ဆွီဒင်ကလပ် မဲလ်မိုအသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၅၀၀၀၀၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ခြေစွမ်းကောင်းတွေကြောင့် အကယ်ဒမီကိုရောက်ရှိပြီး မကြာခင်မှာတင် ပထမအသင်းကြီထံ ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အရပ် ၆ ပေ ၄ လက်မမြင့်မားတဲ့ ဆွီဒင်သားရဲ့ ခြေစွမ်းကို ဟေးလ်အန့်ဒ် အကယ်ဒမီက ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက ခုလို သုံးသပ်ပြခဲ့ပါတယ်။ “ကျွန်တော်တို့ တခြားအသင်းတွေနဲ့ရင်ဆိုင်ရတိုင်း သူတို့ပြောနေကြစကားက ‘ငါတို့ ဘာကြောင့် ဒီလိုကောင်လေးကို ခေါ်ယူခွင့်မရခဲ့တာလဲ’ ဆိုတာပါပဲ။ သူက တကယ်ကိုကောင်းမွန်တဲ့ကစားသမားပါ။ အသင်းမှာ ကြီးမားတဲ့သက်ရောက်မှုကို ဖြစ်စေသူပါ” လို့ အဆိုပါ ထိပ်တန်းအရာရှိက Goal ကို ပြောဆိုခဲ့ပါတယ်။
မိုလာရဲ့ ဆရာဟောင်းဖြစ်ပြီး လက်ရှိ ကိုပင်ဟေဂင် လူငယ်အသင်းရဲ့ နည်းပြဖြစ်သူ ရော်ဘင် အက်စတာဟက်ဒ်ကလည်း “ကျွန်တော် ကစားသမားအများအပြားကို တာဝန်ယူခဲ့ဖူးပါတယ်။ မိုလာကတော့ ပတ်ဝန်းကျင်အခြေအနေကို နားလည်နိုင်တဲ့သူမျိုးပါ။ သူ့ရဲ့ နည်းစနစ်ပိုင်းအရည်အသွေးက တခြားကစားသမားတွေနဲ့ ခြားနားပါတယ်။ အကြောင်းကတော့ သူက တတ်လွယ်လို့ပါ။ သူ့ရဲ့ အရည်အသွေးက တကယ်ကို သန့်စင်ကောင်းမွန်လွန်းတာပါ” လို့ အက်စတာဟက်ဒ်က Goal ကို ပြောပြခဲ့ပါတယ်။

“သူ့ရဲ့ ဘောလုံးအထိမ်းအသိမ်း၊ ထိချက်နဲ့ အဆုံးသတ်စွမ်းရည်က ထိပ်တန်းအဆင့်ပါ။ သူက ဖိအားပေးခံထားရတဲ့အချိန်မှာတောင် ဘောလုံးမဆုံးရှုံးအောင် ထိမ်းထားနိုင်သူပါ။ တိုက်စစ်ကို တန်ပိုအတင်အချပါ လုပ်ပေးနိုင်တဲ့သူမျိုးပါ။ ခန္ဓာကိုယ်အားသာချက်ကတော့ သူ့အတွက် ဘောနပ်စ်ပါပဲ” လို့ အက်စတာဟက်ဒ်က ဆိုသွားခဲ့ပါသေးတယ်။
မိုလာဟာ လက်ရှိ အာဆင်နယ်ပထမအသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့်ရနေပြီဖြစ်သလို ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရဖို့လည်း နီးစပ်နေပြီဖြစ်တယ်လို့ Goal က ဖော်ပြခဲ့ပြီး အီဗရာဟီမိုဗစ်ချ်လက်သစ် အမှန်တကယ်ဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေကို ပိုင်ဆိုင်နေပြီလို့ သုံးသပ်ဖော်ပြသွားခဲ့ပါတယ်။
Source: Goal
[ZAWGYI]
ဆီြဒင္ဂႏၱဝင္ အီဗရာဟီမိုဗစ္ခ်္နဲ႔ ႏိႈင္းယွဥ္သံုးသက္ခံေနရတဲ့ အာဆင္နယ္လူငယ္တုိက္စစ္မွဴး နီကိုလာ မိုလာဟာ ထင္မွတ္မထားေလာက္ေအာင္ကို ေကာင္းမြန္လြန္းတဲ့ စူပါအရည္အေသြးေကာင္းေတြကို ပိုင္ဆုိင္ထားသူျဖစ္တယ္လုိ႔ သူကစားခဲ့တဲ့ အကယ္ဒမီအသီးသီးက တာဝန္ရွိသူေတြက Goal ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ၾကပါတယ္။
၁၈ ႏွစ္သား ဆီြဒင္ၾကယ္ပြင့္ေလးဟာ ျပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလ ေနာက္ဆံုးရက္မွာမွ ဆီြဒင္ကလပ္ မဲလ္မိုအသင္းကေန အာဆင္နယ္အသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၀၀၀၀၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး ေျခစြမ္းေကာင္းေတြေၾကာင့္ အကယ္ဒမီကိုေရာက္ရွိျပီး မၾကာခင္မွာတင္ ပထမအသင္းၾကီထံ ေခၚယူျခင္းခံခဲ့ရသူျဖစ္ပါတယ္။

အရပ္ ၆ ေပ ၄ လက္မျမင့္မားတဲ့ ဆီြဒင္သားရဲ႕ ေျခစြမ္းကို ေဟးလ္အန္႔ဒ္ အကယ္ဒမီက ထိပ္ပိုင္းတာဝန္ရွိသူတစ္ဦးက ခုလို သံုးသပ္ျပခဲ့ပါတယ္။ “ကၽြန္ေတာ္တုိ႔ တျခားအသင္းေတြနဲ႔ရင္ဆုိင္ရတုိင္း သူတို႔ေျပာေနၾကစကားက ‘ငါတို႔ ဘာေၾကာင့္ ဒီလိုေကာင္ေလးကို ေခၚယူခြင့္မရခဲ့တာလဲ’ ဆိုတာပါပဲ။ သူက တကယ္ကိုေကာင္းမြန္တဲ့ကစားသမားပါ။ အသင္းမွာ ၾကီးမားတဲ့သက္ေရာက္မႈကို ျဖစ္ေစသူပါ” လို႔ အဆုိပါ ထိပ္တန္းအရာရွိက Goal ကို ေျပာဆိုခဲ့ပါတယ္။
မိုလာရဲ႕ ဆရာေဟာင္းျဖစ္ျပီး လက္ရွိ ကိုပင္ေဟဂင္ လူငယ္အသင္းရဲ႕ နည္းျပျဖစ္သူ ေရာ္ဘင္ အက္စတာဟက္ဒ္ကလည္း “ကၽြန္ေတာ္ ကစားသမားအမ်ားအျပားကို တာဝန္ယူခဲ့ဖူးပါတယ္။ မုိလာကေတာ့ ပတ္ဝန္းက်င္အေျခအေနကို နားလည္ႏုိင္တဲ့သူမ်ိဳးပါ။ သူ႔ရဲ႕ နည္းစနစ္ပိုင္းအရည္အေသြးက တျခားကစားသမားေတြနဲ႔ ျခားနားပါတယ္။ အေၾကာင္းကေတာ့ သူက တတ္လြယ္လို႔ပါ။ သူ႔ရဲ႕ အရည္အေသြးက တကယ္ကို သန္႔စင္ေကာင္းမြန္လြန္းတာပါ” လို႔ အက္စတာဟက္ဒ္က Goal ကို ေျပာျပခဲ့ပါတယ္။

“သူ႔ရဲ႕ ေဘာလံုးအထိမ္းအသိမ္း၊ ထိခ်က္နဲ႔ အဆံုးသတ္စြမ္းရည္က ထိပ္တန္းအဆင့္ပါ။ သူက ဖိအားေပးခံထားရတဲ့အခ်ိန္မွာေတာင္ ေဘာလံုးမဆံုးရံႈးေအာင္ ထိမ္းထားႏုိင္သူပါ။ တုိက္စစ္ကို တန္ပိုအတင္အခ်ပါ လုပ္ေပးႏုိင္တဲ့သူမ်ိဳးပါ။ ခႏၶာကိုယ္အားသာခ်က္ကေတာ့ သူ႔အတြက္ ေဘာနပ္စ္ပါပဲ” လို႔ အက္စတာဟက္ဒ္က ဆိုသြားခဲ့ပါေသးတယ္။
မိုလာဟာ လက္ရွိ အာဆင္နယ္ပထမအသင္းၾကီးနဲ႔အတူ ေလ့က်င့္ခြင့္ရေနျပီျဖစ္သလို ယူရိုပါလိဂ္ပြဲစဥ္ေတြမွာ ပါဝင္ကစားခြင့္ရဖို႔လည္း နီးစပ္ေနျပီျဖစ္တယ္လုိ႔ Goal က ေဖာ္ျပခဲ့ျပီး အီဗရာဟီမုိဗစ္ခ်္လက္သစ္ အမွန္တကယ္ျဖစ္လာႏိုင္တဲ့ အလားအလာေကာင္းေတြကို ပိုင္ဆုိင္ေနျပီလို႔ သံုးသပ္ေဖာ္ျပသြားခဲ့ပါတယ္။
Source: Goal