
[UNICODE]
လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာတစ်ယောက် ပင်ပန်းနွမ်းနယ်လွန်းပြီး ခြေစွမ်းကျဆင်းသွားတာမျိုးဖြစ်မသွားစေဖို့ အလွန်အကျူးအသုံးမချမိအောင် သတိထားဖို့ လိုအပ်လိမ့်မယ်လို့ ဂန္တဝင် ခံစစ်မှူး တိုနီ အဒမ်စ်က နည်းပြအာတီတာကို သတိပေးစကားဆိုလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလိပ်ကြယ်ပွင့် ဆာကာဟာ လက်ရှိရာသီအာဆင်နယ်အသင်းမှာ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ခြေစွမ်းပြသနေသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲပါဝင်ကစားကာ ၅ ဂိုးသွင်း ၃ ဂိုးဖန်တီးပေးထားသူပါ။

ဒါကြောင့်လည်း ရေရှည်မှာ ဆာကာတစ်ယောက်ပွဲပန်းပြီး ဒါဏ်ရာတွေရလာမှာ၊ ခြေစွမ်းကျဆင်းသွားမှာတွေကို စိုးရိမ်မိကြောင်း အဒမ်စ်က ထုတ်ပြောလာတာဖြစ်ပါတယ်။
“ကျွန်တော်မြင်တာကတော့ အာတီတာက ‘ဝင်သာကစားစမ်းပါ’ ဆိုပြီး အတင်းကွင်းထဲ ထည့်ပေးနေသလိုမျိုးဖြစ်နေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီအခြေခအနေမှာ ကစားသမားက ပင်ပန်းနွမ်းနယ်နေပြီလား မောဟိုက်နေပြီလားဆိုတာကို သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ လိုအပ်လာရင် အနားပေးဖို့ လူစားလဲဖို့လည်း ရဲရဲဝံ့ဝံ့တွေးသင့်ပါတယ်။ ဒီကိစ္စကို ယုံကြည်ချက်ရှိရှိလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” လို့ အဒမ်စ်က ပြောခဲ့ပါတယ်။

“ခုချိန်မှာ ဆာကာက ပုံမှန်ကစားနေရတယ်၊ ခြေစွမ်းလည်းပြနိုင်တယ်။ သူက ကွင်းထဲမှာ အမြဲရှိနေတယ်။ ဒါပေမယ့် အတွေ့အကြုံရှိကစားသမားတွေရဲ့ ဝန်းရံကူညီမှုတွေကြောင့်သာ မဟုတ်ရင် သူ ခုလိုခြေစွမ်းပြနိုင်မှာမဟုတ်ပါဘူး။ အရေးအကြီးဆုံးအချက်က နည်းပြအနေနဲ့ ‘ဒီနေ့ မင်းနားသင့်တယ်’ ဆိုတဲ့ စကားကို ယုံကြည်ချက်ရှိရှိပြောဖို့ပါ။ အာတီတာအနေနဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေ အများကြီးပြခဲ့ပါတယ်။ ဒါပေမယ့် သူက ဒီလိုလူငယ်ခြေတက်တွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံမရှိပါဘူး။ ဒါက စိုးရိမ်စရာအချက်ပါ” လို့လည်း သူကဆိုခဲ့တာပါ။
“ကျွန်တော့် ခန့်မှန်းချက်သာ မမှားဘူးဆိုရင် အာတီတာက ထိပ်တန်းနည်းပြဖြစ်လာမယ့် သူတစ်ယောက်ပါ။ ကျွန်တော့် အနေနဲ့ သူ့ကို တချို့ အတွေ့အကြုံလေးတွေ ပိုတိုးလာဖို့ မျှော်လင့်နေတာပါ။ ခုချိန်မှာ အာဆင်နယ်အသင်း ဒီနေရာကိုရောက်လာတာ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ။ ဒါကြောင့် သူတို့ကို ကာကွယ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ လူငယ်တွေရဲ့ အခြေအနေကို နားလည်နိုင်ဖို့ လိုအပ်ပါတယ်။ သူတို့ကတော့ အမြဲကစားချင်မှာပါပဲ။ ဒါပေမယ့် သူတို့ နားသင့်တဲ့အချိန်ကို သိနေဖို့က နည်းပြရဲ့ တာဝန်ပါ” လို့ အဒမ်စ်က Stadium Astro ကိုပြောခဲ့ပါတယ်။
Source: Metro, Stadium Astro
[ZAWGYI]
လူငယ္ေတာင္ပံကစားသမား ဘူကာယုိ ဆာကာတစ္ေယာက္ ပင္ပန္းႏြမ္းနယ္လြန္းျပီး ေျခစြမ္းက်ဆင္းသြားတာမ်ိဳးျဖစ္မသြားေစဖို႔ အလြန္အက်ဴးအသံုးမခ်မိေအာင္ သတိထားဖို႔ လိုအပ္လိမ့္မယ္လုိ႔ ဂႏၱဝင္ ခံစစ္မွဴး တိုနီ အဒမ္စ္က နည္းျပအာတီတာကို သတိေပးစကားဆိုလုိက္ပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ အဂၤလိပ္ၾကယ္ပြင့္ ဆာကာဟာ လက္ရွိရာသီအာဆင္နယ္အသင္းမွာ အေရးအပါဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ေျခစြမ္းျပသေနသူျဖစ္ျပီး အသင္းအတြက္ ျပိဳင္ပြဲစံု ၂၅ ပြဲပါဝင္ကစားကာ ၅ ဂိုးသြင္း ၃ ဂိုးဖန္တီးေပးထားသူပါ။

ဒါေၾကာင့္လည္း ေရရွည္မွာ ဆာကာတစ္ေယာက္ပြဲပန္းျပီး ဒါဏ္ရာေတြရလာမွာ၊ ေျခစြမ္းက်ဆင္းသြားမွာေတြကို စိုးရိမ္မိေၾကာင္း အဒမ္စ္က ထုတ္ေျပာလာတာျဖစ္ပါတယ္။
“ကၽြန္ေတာ္ျမင္တာကေတာ့ အာတီတာက ‘ဝင္သာကစားစမ္းပါ’ ဆိုျပီး အတင္းကြင္းထဲ ထည့္ေပးေနသလိုမ်ိဳးျဖစ္ေနပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ ဒီအေျခခအေနမွာ ကစားသမားက ပင္ပန္းႏြမ္းနယ္ေနျပီလား ေမာဟိုက္ေနျပီလားဆိုတာကို သတိထားေစာင့္ၾကည့္ဖို႔ လိုအပ္ပါလိမ့္မယ္။ လိုအပ္လာရင္ အနားေပးဖို႔ လူစားလဲဖို႔လည္း ရဲရဲဝံ့ဝံ့ေတြးသင့္ပါတယ္။ ဒီကိစၥကို ယံုၾကည္ခ်က္ရွိရွိလုပ္ေဆာင္ဖို႔ လိုအပ္ေနပါတယ္” လို႔ အဒမ္စ္က ေျပာခဲ့ပါတယ္။

“ခုခ်ိန္မွာ ဆာကာက ပံုမွန္ကစားေနရတယ္၊ ေျခစြမ္းလည္းျပႏုိင္တယ္။ သူက ကြင္းထဲမွာ အျမဲရွိေနတယ္။ ဒါေပမယ့္ အေတြ႕အၾကံဳရွိကစားသမားေတြရဲ႕ ဝန္းရံကူညီမႈေတြေၾကာင့္သာ မဟုတ္ရင္ သူ ခုလိုေျခစြမ္းျပႏုိင္မွာမဟုတ္ပါဘူး။ အေရးအၾကီးဆံုးအခ်က္က နည္းျပအေနနဲ႔ ‘ဒီေန႔ မင္းနားသင့္တယ္’ ဆိုတဲ့ စကားကို ယံုၾကည္ခ်က္ရွိရွိေျပာဖို႔ပါ။ အာတီတာအေနနဲ႔ ေကာင္းမြန္တဲ့လုပ္ေဆာင္ခ်က္ေတြ အမ်ားၾကီးျပခဲ့ပါတယ္။ ဒါေပမယ့္ သူက ဒီလိုလူငယ္ေျခတက္ေတြကို ကိုင္တြယ္ဖူးတဲ့ အေတြ႕အၾကံဳမရွိပါဘူး။ ဒါက စိုးရိမ္စရာအခ်က္ပါ” လို႔လည္း သူကဆိုခဲ့တာပါ။
“ကၽြန္ေတာ့္ ခန္႔မွန္းခ်က္သာ မမွားဘူးဆိုရင္ အာတီတာက ထိပ္တန္းနည္းျပျဖစ္လာမယ့္ သူတစ္ေယာက္ပါ။ ကၽြန္ေတာ့္ အေနနဲ႔ သူ႔ကို တခ်ိဳ႕ အေတြ႕အၾကံဳေလးေတြ ပိုတိုးလာဖို႔ ေမွ်ာ္လင့္ေနတာပါ။ ခုခ်ိန္မွာ အာဆင္နယ္အသင္း ဒီေနရာကုိေရာက္လာတာ လူငယ္ေတြရဲ႕ ၾကိဳးစားအားထုတ္မႈေၾကာင့္ပါ။ ဒါေၾကာင့္ သူတို႔ကို ကာကြယ္ေပးႏုိင္ဖို႔ လိုအပ္ပါတယ္။ လူငယ္ေတြရဲ႕ အေျခအေနကို နားလည္ႏုိင္ဖို႔ လိုအပ္ပါတယ္။ သူတို႔ကေတာ့ အျမဲကစားခ်င္မွာပါပဲ။ ဒါေပမယ့္ သူတို႔ နားသင့္တဲ့အခ်ိန္ကို သိေနဖို႔က နည္းျပရဲ႕ တာဝန္ပါ” လို႔ အဒမ္စ္က Stadium Astro ကိုေျပာခဲ့ပါတယ္။
Source: Metro, Stadium Astro