
[UNICODE]
အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရက်သ် ဆောက်သ်ဂိတ်က အရေးပါလှတဲ့ ချက်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းထုတ်ဖော်ပြသပြီး နိုင်ပွဲရရှိအောင် ပံ့ပိုးပေးသွားတဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကို အသေးစိတ် အမွှမ်းတင်ချီးမွမ်းသွားခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အာဆင်နယ်လူငယ် ဘူကာယို ဆာကာဟာ ယူရိုပြိုင်ပွဲရဲ့ ပထမအုပ်စုပွဲစဉ် ၂ ပွဲကို ဆောက်သ်ဂိတ်ရဲ နည်းစနစ်ပိုင်းဆုံးဖြတ်ချက်တွေကြောင့် လွဲချော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ချက်အသင်းနဲ့ပွဲစဉ်မှာတော့ မထင်မှတ်ပဲ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အသင်းရဲ့ အနိုင်ဂိုးကို Pre-assist လုပ်ပေးနိုင်ခဲ့သလို ပွဲပြီးချိန်မှာလည်း Star of the Match ဆုရရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဆောက်သ်ဂိတ်က “သူ အရမ်းကောင်းတယ်ဆိုတာကို လေ့ကျင့်ခန်းစဆင်းတဲ့ ပထမဆုံးနေ့ကတည်းက ကျွန်တော်တို့ သိနားလည်ထားပြီးသားပါ။ လေ့ကျင့်ခန်ဆင်းနေတဲ့တစ်လျှောက်လုံးမှာလည်း သူ့ခြေစွမ်းက တကယ်ကောင်းခဲ့ပါတယ်” လို့ ဆောက်သ်ဂိတ်က ဆိုခဲ့ပါတယ်။ “အချိန်တိုင်း သူက ကျွန်တော်တို့ အထင်ကြီးလောက်အောင် ခြေစွမ်းကောင်းထုတ်ပြနိုင်သူပါ။ သူက တကယ်ကို အားကိုးလောက်တဲ့ ကစားသမားမျိုးပါ။ ငယ်ရွယ်ပေမယ့် ထူးခြားတဲ့အရည်အသွေးတွေ ပိုင်ဆိုင်ထားပါတယ်” လို့လည်း သူကဆိုသွားပါတယ်။
ဒါ့အပြင် ဆာကာတစ်ယောက် ခုလိုခြေစွမ်းပြသနိုင်တာဟာ အာဆင်နယ်နည်းပြဖြစ်သူ အာတီတာက Off the ball ကစားပုံပိုင်နိုင်အောင် လေ့ကျင့်ပေးထားနိုင်မှုကြောင့်ဖြစ်တယ်လို့လည်း ဆောက်သ်ဂိတ်က ဆိုသွားပါတယ်။

“သူ့ရဲ့ ပြိုင်ဘက်ဖိအားဒါဏ်ကို တွန်းလှန်နိုင်စွမ်းက တတိယဇုံကို ထိုးဖောက်ရာမှာ ရမ်းရေးပါအရာရောက်ပါတယ် ချက်နဲ့ပွဲမှာဆိုရင် သူ့အနေနဲ့ တကယ်ကို ထူးခြားတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို လိုအပ်တဲ့နေရာမှာ ဝင်ကစားခိုင်းခဲ့တာပါ။ ဘာလို့လဲဆိုရင် သူ့ရဲ့ Off the ball ကစားနိုင်စွမ်းက အရမ်းကောင်းမွန်တာတာကြောင့်ပါ။ သူက ပြိုင်ဘက်တွေဆီကို ချဉ်းကပ်တဲ့နည်းလမ်းက တကယ်ကောင်းပါတယ်။ ဒီလို (Off the ball နိုင်နင်းတဲ့) ကစားပုံမျိုးကို အာတီတာလက်အောက်မှာ သူ ပိုင်ပိုင်နိုင်နိုင်ကစားခဲ့ဖူးတာကြောင့်ပါ။ ပြောရမယ်ဆိုရင် ကလပ်က ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းနေရချိန်တွေမှာတောင်မှ သူ့ကို ယုံယုံကြည်ကြည်နဲ့ ပွဲပေါင်းမြောက်များစွာ ကစားစေခဲ့တဲ့ အသီးအပွင့်တွေလို့ ဆိုလို့ရပါတယ်” လို့ အင်္ဂလန်နည်းပြက ဆိုခဲ့ပါတယ်။
ဆာကာရဲ့ အလားအလာအပေါ် သူ့ရဲ့ အမြင်ကိုလည်း ဆောက်သ်ဂိတ်က အောက်ပါအတိုင်း ပြောသွားခဲ့ပါသေးတယ်။ “သူ့ရဲ့ အဝင်/အထွက် အရည်အသွေးတွေနဲ့ ခြေထောက်ကို သက်သောင့်သက်သာရွေ့လျားနိုင်စွမ်းတွေက အဆင့်မြင့်မားပါတယ်။ သူက တကယ်ကို အရည်အသွေးမြင့်မားပြီး အလားအလာကောင်းတွေလည်း အများကြီးထုတ်ပြသွားတယ်လို့ ကျွန်တော်တော့ မြင်မိပါတယ်” လို့လည်း ဆောက်သ်ဂိတ်က ဆိုခဲ့ပါသေးတယ်။
Source: Express, talkSPORT
[ZAWGYI]
အဂၤလန္လက္ေရြးစင္အသင္းရဲ႕ နည္းျပျဖစ္သူ ဂါရက္သ္ ေဆာက္သ္ဂိတ္က အေရးပါလွတဲ့ ခ်က္အသင္းနဲ႔ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ အေကာင္းဆံုးေျခစြမ္းထုတ္ေဖာ္ျပသျပီး ႏိုင္ပြဲရရွိေအာင္ ပံ့ပိုးေပးသြားတဲ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကို အေသးစိတ္ အမႊမ္းတင္ခ်ီးမြမ္းသြားခဲ့ပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ အာဆင္နယ္လူငယ္ ဘူကာယို ဆာကာဟာ ယူရိုျပိဳင္ပြဲရဲ႕ ပထမအုပ္စုပြဲစဥ္ ၂ ပြဲကို ေဆာက္သ္ဂိတ္ရဲ နည္းစနစ္ပိုင္းဆံုးျဖတ္ခ်က္ေတြေၾကာင့္ လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ခ်က္အသင္းနဲ႔ပြဲစဥ္မွာေတာ့ မထင္မွတ္ပဲ ပြဲထြက္ကစားခြင့္ရရွိခဲ့ျပီး အသင္းရဲ႕ အႏုိင္ဂိုးကို Pre-assist လုပ္ေပးႏုိင္ခဲ့သလို ပြဲျပီးခ်ိန္မွာလည္း Star of the Match ဆုရရွိခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္ျပီး ေဆာက္သ္ဂိတ္က “သူ အရမ္းေကာင္းတယ္ဆိုတာကို ေလ့က်င့္ခန္းစဆင္းတဲ့ ပထမဆံုးေန႔ကတည္းက ကၽြန္ေတာ္တို႔ သိနားလည္ထားျပီးသားပါ။ ေလ့က်င့္ခန္ဆင္းေနတဲ့တစ္ေလွ်ာက္လံုးမွာလည္း သူ႔ေျခစြမ္းက တကယ္ေကာင္းခဲ့ပါတယ္” လို႔ ေဆာက္သ္ဂိတ္က ဆိုခဲ့ပါတယ္။ “အခ်ိန္တိုင္း သူက ကၽြန္ေတာ္တို႔ အထင္ၾကီးေလာက္ေအာင္ ေျခစြမ္းေကာင္းထုတ္ျပႏုိင္သူပါ။ သူက တကယ္ကို အားကိုးေလာက္တဲ့ ကစားသမားမ်ိဳးပါ။ ငယ္ရြယ္ေပမယ့္ ထူးျခားတဲ့အရည္အေသြးေတြ ပိုင္ဆုိင္ထားပါတယ္” လို႔လည္း သူကဆိုသြားပါတယ္။
ဒါ့အျပင္ ဆာကာတစ္ေယာက္ ခုလိုေျခစြမ္းျပသႏုိင္တာဟာ အာဆင္နယ္နည္းျပျဖစ္သူ အာတီတာက Off the ball ကစားပံုပိုင္ႏုိင္ေအာင္ ေလ့က်င့္ေပးထားႏုိင္မႈေၾကာင့္ျဖစ္တယ္လုိ႔လည္း ေဆာက္သ္ဂိတ္က ဆိုသြားပါတယ္။

“သူ႔ရဲ႕ ျပိဳင္ဘက္ဖိအားဒါဏ္ကို တြန္းလွန္ႏုိင္စြမ္းက တတိယဇံုကို ထိုးေဖာက္ရာမွာ ရမ္းေရးပါအရာေရာက္ပါတယ္ ခ်က္နဲ႔ပြဲမွာဆိုရင္ သူ႔အေနနဲ႔ တကယ္ကို ထူးျခားတဲ့ ေျခစြမ္းမ်ိဳးကို ျပသႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ သူ႔ကို လိုအပ္တဲ့ေနရာမွာ ဝင္ကစားခုိင္းခဲ့တာပါ။ ဘာလို႔လဲဆိုရင္ သူ႔ရဲ႕ Off the ball ကစားႏုိင္စြမ္းက အရမ္းေကာင္းမြန္တာတာေၾကာင့္ပါ။ သူက ျပိဳင္ဘက္ေတြဆီကို ခ်ဥ္းကပ္တဲ့နည္းလမ္းက တကယ္ေကာင္းပါတယ္။ ဒီလို (Off the ball ႏုိင္နင္းတဲ့) ကစားပံုမ်ိဳးကို အာတီတာလက္ေအာက္မွာ သူ ပိုင္ပိုင္ႏုိင္ႏုိင္ကစားခဲ့ဖူးတာေၾကာင့္ပါ။ ေျပာရမယ္ဆိုရင္ ကလပ္က ခက္ခဲတဲ့အေျခအေနေတြကို ျဖတ္သန္းေနရခ်ိန္ေတြမွာေတာင္မွ သူ႔ကို ယံုယံုၾကည္ၾကည္နဲ႔ ပြဲေပါင္းေျမာက္မ်ားစြာ ကစားေစခဲ့တဲ့ အသီးအပြင့္ေတြလို႔ ဆိုလို႔ရပါတယ္” လို႔ အဂၤလန္နည္းျပက ဆိုခဲ့ပါတယ္။
ဆာကာရဲ႕ အလားအလာအေပၚ သူ႔ရဲ႕ အျမင္ကိုလည္း ေဆာက္သ္ဂိတ္က ေအာက္ပါအတိုင္း ေျပာသြားခဲ့ပါေသးတယ္။ “သူ႔ရဲ႕ အဝင္/အထြက္ အရည္အေသြးေတြနဲ႔ ေျခေထာက္ကို သက္ေသာင့္သက္သာေရြ႕လ်ားႏုိင္စြမ္းေတြက အဆင့္ျမင့္မားပါတယ္။ သူက တကယ္ကို အရည္အေသြးျမင့္မားျပီး အလားအလာေကာင္းေတြလည္း အမ်ားၾကီးထုတ္ျပသြားတယ္လုိ႔ ကၽြန္ေတာ္ေတာ့ ျမင္မိပါတယ္” လို႔လည္း ေဆာက္သ္ဂိတ္က ဆိုခဲ့ပါေသးတယ္။
Source: Express, talkSPORT