
[UNICODE]
talkSPORT မှာ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် သုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရိုးမားအသင်းနည်းပြ ဂျိုဇီ မော်ရင်ဟိုက အင်္ဂလန်လက်ရွေးစင်အသင်းမှာ အာဆင်နယ်လူငယ်တောင်ပံလူ ဘူကာယို ဆာကာတစ်ယောက် ဘာကြောင့် ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ခဲ့တာလဲဆိုတာကို သုံးသပ်ပြောဆိုသွားပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြကတော့ ဘူကာယို ဆာကာတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ခြေစွမ်းပြသနိုင်နေတာဟာ ကလပ်အသင်းအဆင့်မှာကတည်းက ဖိအားဒါဏ်တွေ၊ ပွဲကြီးအတွေ့အကြုံတွေ ရယူလာနိုင်ခဲ့တာကြောင့်လို့ ဆိုခဲ့ပါတယ်။

ဆာကာဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့် အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ ၂ ရာသီမှာ ၈၄ ပွဲအထိပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ၁၁ ဂိုးသွင်းယူကာ ၁၆ ဂိုးဖန်တီးပေးခဲ့သူပါ။ ဆာကာဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေသူဖြစ်ပြီး အဓိကပြိုင်ပွဲကြီးတွေနဲ့ ဗိုလ်လုပွဲတွေမှာလည်း ပါဝင်ကစားခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း မော်ရင်ဟိုက “ပြောရရင် အသက်ကြီးတာ ငယ်တာ အဓိက မဟုတ်ဘူးဗျ။ အရည်အသွေး၊ ပါရမီ၊ ပင်ကိုယ်စရိုက်နဲ့ အတွေ့အကြုံတွေက အဓိကပဲ။ ဒီကလေးက ငယ်ပေမယ့် အဆိပ်ပြင်းတယ်။ အတွေ့အကြုံကောင်းတွေရှိတယ်။ သူက အသင်းကြီးတစ်သင်းမှာ ကစားနေတာ။ သူက ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ ကစားနေတာ။ ဒါတွေက သူ့ကို ရင့်ကျက်စေတာ” လို့ မော်ရင်ဟိုက talkSPORT ကို ပြောခဲ့ပါတယ်။

“သူ့မှာ နိုင်ငံတကာပွဲအတွေ့အကြုံတွေ ရှိထားပြီးသား။ ကလပ်အသင်းနဲ့ရော လက်ရွေးစင်အသင်းတွေနဲ့ရောပါပဲ။ ကျွန်တော်ကတော့ သူက အရမ်း ယုံကြည်မှုအားကောင်းတယ်၊ အရမ်း ပါရမီပြည့်ဝတယ်လို့ ယုံကြည်တယ်။ သူက နေရာစုံမှာလည်း အံဝင်အောင်ကစားနိုင်တယ်။ လူတွေက ဆန်ချိုတို့ ရက်ရှ်ဖို့တို့အကြောင်းပဲ ပြောချင်ကြတာပါ။ သူတို့က ကစားသမားကောင်းတွေဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဆာကာကိုပဲ နှစ်နှစ်ကာကာ ပိုယုံကြည်ပါတယ်။ သူက တကယ်ကို ကောင်းမွန်တဲ့ လူငယ်လေးတစ်ယောက်ပါ” လို့လည်း ပရီးမီးယားလိဂ် ဝါရင့်နည်းပြဟောင်းက ဆိုသွားပါသေးတယ်။
ဒါ့အပြင် မော်ရင်ဟိုက ဆာကာရဲ့ လက်ရှိခြေစွမ်းကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါရက်သ် ဆောက်သ်ဂိတ်တစ်ယောက် ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် ဂျာမနီနဲ့ပွဲစဉ်အတွက် လူရွေးချယ်ရေးမှာ ခေါင်းခဲရနိုင်တယ်လို့လည်း သုံးသပ်သွားပါသေးတယ်။
Source: Express, talkSPORT
[ZAWGYI]
talkSPORT မွာ ယူရို ၂၀၂၀ ျပိဳင္ပြဲအတြက္ သံုးသပ္သူအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ရိုးမားအသင္းနည္းျပ ဂ်ိဳဇီ ေမာ္ရင္ဟိုက အဂၤလန္လက္ေရြးစင္အသင္းမွာ အာဆင္နယ္လူငယ္ေတာင္ပံလူ ဘူကာယို ဆာကာတစ္ေယာက္ ဘာေၾကာင့္ ေျခစြမ္းတည္တည္ျငိမ္ျငိမ္နဲ႔ ကစားႏုိင္ခဲ့တာလဲဆုိတာကို သံုးသပ္ေျပာဆိုသြားပါတယ္။
ေပၚတူဂီလူမ်ိဳးနည္းျပကေတာ့ ဘူကာယို ဆာကာတစ္ေယာက္ ငယ္ငယ္ရြယ္ရြယ္နဲ႔ အဂၤလန္လက္ေရြးစင္အသင္းၾကီးမွာ ေျခစြမ္းျပသႏုိင္ေနတာဟာ ကလပ္အသင္းအဆင့္မွာကတည္းက ဖိအားဒါဏ္ေတြ၊ ပြဲၾကီးအေတြ႕အၾကံဳေတြ ရယူလာႏုိင္ခဲ့တာေၾကာင့္လုိ႔ ဆိုခဲ့ပါတယ္။

ဆာကာဟာ အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးေပမယ့္ အာဆင္နယ္အသင္းအတြက္ ျပီးခဲ့တဲ့ ၂ ရာသီမွာ ၈၄ ပြဲအထိပါဝင္ကစားေပးခဲ့သူျဖစ္ျပီး ၁၁ ဂိုးသြင္းယူကာ ၁၆ ဂိုးဖန္တီးေပးခဲ့သူပါ။ ဆာကာဟာ အာဆင္နယ္အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပသေနသူျဖစ္ျပီး အဓိကျပိဳင္ပြဲၾကီးေတြနဲ႔ ဗိုလ္လုပြဲေတြမွာလည္း ပါဝင္ကစားခြင့္ရရွိခဲ့သူလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္း ေမာ္ရင္ဟိုက “ေျပာရရင္ အသက္ၾကီးတာ ငယ္တာ အဓိက မဟုတ္ဘူးဗ်။ အရည္အေသြး၊ ပါရမီ၊ ပင္ကိုယ္စရိုက္နဲ႔ အေတြ႕အၾကံဳေတြက အဓိကပဲ။ ဒီကေလးက ငယ္ေပမယ့္ အဆိပ္ျပင္းတယ္။ အေတြ႕အၾကံဳေကာင္းေတြရွိတယ္။ သူက အသင္းၾကီးတစ္သင္းမွာ ကစားေနတာ။ သူက ကမၻာ့အေကာင္းဆံုးလိဂ္မွာ ကစားေနတာ။ ဒါေတြက သူ႔ကို ရင့္က်က္ေစတာ” လို႔ ေမာ္ရင္ဟိုက talkSPORT ကို ေျပာခဲ့ပါတယ္။

“သူ႔မွာ ႏုိင္ငံတကာပြဲအေတြ႕အၾကံဳေတြ ရွိထားျပီးသား။ ကလပ္အသင္းနဲ႔ေရာ လက္ေရြးစင္အသင္းေတြနဲ႔ေရာပါပဲ။ ကၽြန္ေတာ္ကေတာ့ သူက အရမ္း ယံုၾကည္မႈအားေကာင္းတယ္၊ အရမ္း ပါရမီျပည့္ဝတယ္လို႔ ယံုၾကည္တယ္။ သူက ေနရာစံုမွာလည္း အံဝင္ေအာင္ကစားႏုိင္တယ္။ လူေတြက ဆန္ခ်ိဳတို႔ ရက္ရွ္ဖို႔တို႔အေၾကာင္းပဲ ေျပာခ်င္ၾကတာပါ။ သူတို႔က ကစားသမားေကာင္းေတြဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ဆာကာကိုပဲ ႏွစ္ႏွစ္ကာကာ ပိုယုံၾကည္ပါတယ္။ သူက တကယ္ကို ေကာင္းမြန္တဲ့ လူငယ္ေလးတစ္ေယာက္ပါ” လို႔လည္း ပရီးမီးယားလိဂ္ ဝါရင့္နည္းျပေဟာင္းက ဆိုသြားပါေသးတယ္။
ဒါ့အျပင္ ေမာ္ရင္ဟိုက ဆာကာရဲ႕ လက္ရွိေျခစြမ္းေၾကာင့္ အဂၤလန္လက္ေရြးစင္အသင္းနည္းျပ ဂါရက္သ္ ေဆာက္သ္ဂိတ္တစ္ေယာက္ ၁၆ သင္းအဆင့္မွာ ရင္ဆုိင္ရမယ့္ ဂ်ာမနီနဲ႔ပြဲစဥ္အတြက္ လူေရြးခ်ယ္ေရးမွာ ေခါင္းခဲရႏိုင္တယ္လုိ႔လည္း သံုးသပ္သြားပါေသးတယ္။
Source: Express, talkSPORT