ဆာဂျီယို အဂူရိုကို အာဆင်နယ် တကယ်ခေါ်ယူတော့မှာလား

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက မန်ချက်စတာစီးတီးအသင်းနဲ့ လမ်းခွဲတော့မယ့် တိုက်စစ်မှူး ဆာဂျီယို အဂူရိုကို စိတ်ဝင်စားမှုရှိနေကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ မန်ချက်စတာစီးတီးအသင်းနဲ့အတူ အင်္ဂလန်မြေမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲသူဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်ရာသီကုန်ချိန်မှာ အသင်းနဲ့လမ်းခွဲတော့မှာပါ။

အဂူရိုအနေနဲ့ အသင်းသစ်စတင်ရှာဖွေနေပြီဖြစ်ပြီး အဂူရိုနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိနေတဲ့ နည်းပြအာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းဟာ အဆိုပါ အာဂျင်တီးနားသားကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေခဲ့ပါတယ်။

ဒါကြောင့်လည်း မီဒီယာတွေက အာဆင်နယ်အသင်းအနေနဲ့ ကောလဟာလတွေထွက်ပေါ်နေသလိုမျိုး ဆာဂျီယို အဂူရိုကို ခေါ်ယူဖို့ စီစဉ်နေသလားဆိုပြီး မေးမြန်းခဲ့တာဖြစ်ပြီး နည်းပြဖြစ်သူ အာတီတာက “ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ပါ။ ဖုန်းပြောဖို့ လိုအပ်လာချိန်မှာ သူနဲ့ ပြောဖြစ်မှာပါ” လို့ ပြုံးပြီး ဖြေဆိုသွားခဲ့တာပါ။

အာတီတာက အဂူရိုဟာ ဦးဆောင်နိုင်စွမ်းရှိပြီး ထက်မြက်တဲ့ခြေစွမ်းမျိုးကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်တယ်လို့ ချီးမွမ်းစကားလည်း ဆိုသွားခဲ့ပါတယ်။ “ဆာဂျီယိုနဲ့ပတ်သက်ပြီး လူတိုင်းသိထားတဲ့အချက်က သူက အသင်းကို မြှင့်တင်ပေးနိုင်သူဆိုတာပါပဲ။ သူက ဦးဆောင်နိုင်စွမ်းရှိသလို အရည်အသွေးကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ အရေးပါတဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ပြီး အသင်းကို အကျိုးပြုစေမယ့် သူမျိုးပါ။ သူကွင်းထဲမှာ ရှိနေသည်ဖြစ်စေ မရှိနေသည်ဖြစ်စေ အသင်းကို တိုးတက်အောင် ကူညီပေးနိုင်တဲ့သူမျိုးပါ” လို့ အာတီတာက ဆိုသွားခဲ့ပါတယ်။

ရာသီကုန်မှာ အလွတ်ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ မန်ချက်စတာစီးတီးအသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၅၇ ဂိုးအထိ သွင်းယူပေးထားပြီး မန်စီးတီးအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။

Source: Goal

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက မန္ခ်က္စတာစီးတီးအသင္းနဲ႔ လမ္းခြဲေတာ့မယ့္ တုိက္စစ္မွဴး ဆာဂ်ီယို အဂူရိုကို စိတ္ဝင္စားမႈရွိေနေၾကာင္း အရိပ္အျမြက္ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ့ အာဂ်င္တီးနားတုိက္စစ္မွဴး ဆာဂ်ီယို အဂူရိုဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ အဂၤလန္ေျမမွာ ၁၀ ႏွစ္ၾကာ ျဖတ္သန္းခဲသူျဖစ္ျပီး စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ လာမယ့္ရာသီကုန္ခ်ိန္မွာ အသင္းနဲ႔လမ္းခြဲေတာ့မွာပါ။

အဂူရိုအေနနဲ႔ အသင္းသစ္စတင္ရွာေဖြေနျပီျဖစ္ျပီး အဂူရိုနဲ႔ ပုဂၢိဳလ္ေရးအရ ရင္းႏွီးမႈရွိေနတဲ့ နည္းျပအာတီတာ ကိုင္တြယ္ေနတဲ့ အာဆင္နယ္အသင္းဟာ အဆုိပါ အာဂ်င္တီးနားသားကို ေခၚယူႏုိင္ဖို႔ ထိပ္ဆံုးကေန ေရပန္းစားေနခဲ့ပါတယ္။

ဒါေၾကာင့္လည္း မီဒီယာေတြက အာဆင္နယ္အသင္းအေနနဲ႔ ေကာလဟာလေတြထြက္ေပၚေနသလိုမ်ိဳး ဆာဂ်ီယို အဂူရိုကုိ ေခၚယူဖို႔ စီစဥ္ေနသလားဆိုျပီး ေမးျမန္းခဲ့တာျဖစ္ျပီး နည္းျပျဖစ္သူ အာတီတာက “ဘာေတြျဖစ္လာမလဲဆုိတာကို ေစာင့္ၾကည့္ပါ။ ဖုန္းေျပာဖို႔ လိုအပ္လာခ်ိန္မွာ သူနဲ႔ ေျပာျဖစ္မွာပါ” လို႔ ျပံဳးျပီး ေျဖဆိုသြားခဲ့တာပါ။

အာတီတာက အဂူရိုဟာ ဦးေဆာင္ႏုိင္စြမ္းရွိျပီး ထက္ျမက္တဲ့ေျခစြမ္းမ်ိဳးကိုလည္း ပိုင္ဆုိင္ထားဆဲျဖစ္တယ္လို႔ ခ်ီးမြမ္းစကားလည္း ဆိုသြားခဲ့ပါတယ္။ “ဆာဂ်ီယိုနဲ႔ပတ္သက္ျပီး လူတုိင္းသိထားတဲ့အခ်က္က သူက အသင္းကို ျမွင့္တင္ေပးႏုိင္သူဆိုတာပါပဲ။ သူက ဦးေဆာင္ႏုိင္စြမ္းရွိသလို အရည္အေသြးေကာင္းေတြလည္း ပိုင္ဆုိင္ထားပါတယ္။ အေရးပါတဲ့ အခိုက္အတန္႔ေတြကို ဖန္တီးေပးႏုိင္ျပီး အသင္းကို အက်ိဳးျပဳေစမယ့္ သူမ်ိဳးပါ။ သူကြင္းထဲမွာ ရွိေနသည္ျဖစ္ေစ မရွိေနသည္ျဖစ္ေစ အသင္းကို တိုးတက္ေအာင္ ကူညီေပးႏုိင္တဲ့သူမ်ိဳးပါ” လို႔ အာတီတာက ဆိုသြားခဲ့ပါတယ္။

ရာသီကုန္မွာ အလြတ္ထြက္ခြာေတာ့မယ့္ တုိက္စစ္မွဴး ဆာဂ်ီယို အဂူရိုဟာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၂၅၇ ဂိုးအထိ သြင္းယူေပးထားျပီး မန္စီးတီးအသင္းရဲ႕ သမုိင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ မွတ္တမ္းဝင္ထားသူျဖစ္ပါတယ္။

Source: Goal

Leave a Reply