ဆာလီဘာတစ်ယောက် အာဆင်နယ်မှာ မပျော်မရွှင်ဖြစ်နေပြီလား

[UNICODE]

အာဆင်နယ်အသင်းက လူငယ်ခံစစ်မှူး ဝီလီယံ ဆာလီဘားဟာ လက်ရှိအသင်းမှာ သူရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မပျော်မရွှင်ဖြစ်နေပြီး လာမယ့်ဇန်နဝါရီမှာ အငှားထွက်ကစားဖို့ စိတ်ဆန္ဒရှိနေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အသက် ၁၉ နှစ်အရွယ် ပြင်သစ်လူငယ်ခံစစ်မှူးဟာ ယမန်နှစ်ရာသီတုန်းက အာဆင်နယ်အသင်းထံ ယူရို သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းဟောင်း စိန့်အန်တီယန်အသင်းထံ တစ်ရာသီအငှားပြန်သွားကစားခဲ့ပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။

လန်ဒန်ကလပ်ထံ ယခုနှစ်ရာသီမှာ ပြန်လည်ရောက်ရှိလာချိန်မှာတော့ မိခင်ဖြစ်သူဆုံးပါးထားတာကြောင့် စိတ်ဖိစီးမှုများနေတဲ့ အခြေအနေ၊ တည်ကန်ဘောအားနည်းချက်နဲ့ ဘာသာစကားအခက်အခဲတွေကြောင့် နည်းပြဖြစ်သူ အာတီတာက သူ့ကို ပွဲထွက်ခွင့်မပေးသေးပဲ အချိန်ယူလေ့ကျင့်စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆာလီဘားကို အငှားချထားဖို့ ရည်ရွယ်ကာ ယူရိုပါလိဂ် လူစာရင်းထဲမှာ ထည့်သွင်းခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အငှားချထားဖို့ အစီအစဉ်ပျက်ပြယ်သွားတာမို့ ဆာလီဘားဟာ အသင်းမှာဆက်ရှိနေခဲ့ပြီး လူငယ်တွေကို အဓိက အခွင့်အရေးပေးနေတဲ့ ယူရိုပါလိဂ်မှာလည်း ဝင်ကစားခွင့်မရဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ပါဝင်ကစားဖို့လည်း အဆင်သင့်မဖြစ်သေးတာမို့ ဆာလီဘားဟာ လက်ရှိအချိန်မှာ ယူ-၂၃ အသင်းမှာ သွားရောက်စားနေရပြီး အဆိုပါ အနေအထားကို စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဆာလီဘားဟာ ၂ လ သည်းခံစောင့်ဆိုင်းပြီး လာမယ့်ဇန်နဝါရီမှာ ကာလတိုအငှားစာချုပ်နဲ့ အသင်းပြောင်းရွှေ့ကစားဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

Source: FI, HITC

[ZAWGYI]

အာဆင္နယ္အသင္းက လူငယ္ခံစစ္မွဴး ဝီလီယံ ဆာလီဘားဟာ လက္ရွိအသင္းမွာ သူရင္ဆုိင္ေနရတဲ့ အေျခအေနေတြကို မေပ်ာ္မရႊင္ျဖစ္ေနျပီး လာမယ့္ဇန္နဝါရီမွာ အငွားထြက္ကစားဖို႔ စိတ္ဆႏၵရွိေနတယ္လုိ႔ ျပင္သစ္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ျပင္သစ္လူငယ္ခံစစ္မွဴးဟာ ယမန္ႏွစ္ရာသီတုန္းက အာဆင္နယ္အသင္းထံ ယူရို သန္း ၃၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းေဟာင္း စိန္႔အန္တီယန္အသင္းထံ တစ္ရာသီအငွားျပန္သြားကစားခဲ့ျပီး ေျခစြမ္းေကာင္းျပသႏုိင္ခဲ့ပါတယ္။

လန္ဒန္ကလပ္ထံ ယခုႏွစ္ရာသီမွာ ျပန္လည္ေရာက္ရွိလာခ်ိန္မွာေတာ့ မိခင္ျဖစ္သူဆံုးပါးထားတာေၾကာင့္ စိတ္ဖိစီးမႈမ်ားေနတဲ့ အေျခအေန၊ တည္ကန္ေဘာအားနည္းခ်က္နဲ႔ ဘာသာစကားအခက္အခဲေတြေၾကာင့္ နည္းျပျဖစ္သူ အာတီတာက သူ႔ကို ပြဲထြက္ခြင့္မေပးေသးပဲ အခ်ိန္ယူေလ့က်င့္ေစဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

အာတီတာဟာ ျပီးခဲ့တဲ့ေႏြရာသီတုန္းက ဆာလီဘားကို အငွားခ်ထားဖို႔ ရည္ရြယ္ကာ ယူရိုပါလိဂ္ လူစာရင္းထဲမွာ ထည့္သြင္းခဲ့ျခင္းမရွိခဲ့ပါဘူး။ ဒါေပမယ့္ အငွားခ်ထားဖို႔ အစီအစဥ္ပ်က္ျပယ္သြားတာမို႔ ဆာလီဘားဟာ အသင္းမွာဆက္ရွိေနခဲ့ျပီး လူငယ္ေတြကို အဓိက အခြင့္အေရးေပးေနတဲ့ ယူရိုပါလိဂ္မွာလည္း ဝင္ကစားခြင့္မရျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ပါဝင္ကစားဖို႔လည္း အဆင္သင့္မျဖစ္ေသးတာမို႔ ဆာလီဘားဟာ လက္ရွိအခ်ိန္မွာ ယူ-၂၃ အသင္းမွာ သြားေရာက္စားေနရျပီး အဆုိပါ အေနအထားကို စိတ္ပ်က္လက္ပ်က္ျဖစ္ေနတယ္လုိ႔ Football Insider က ေဖာ္ျပခဲ့ပါတယ္။

ဒါေၾကာင့္ ဆာလီဘားဟာ ၂ လ သည္းခံေစာင့္ဆုိင္းျပီး လာမယ့္ဇန္နဝါရီမွာ ကာလတိုအငွားစာခ်ဳပ္နဲ႔ အသင္းေျပာင္းေရႊ႕ကစားဖို႔ စီစဥ္ေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

Source: FI, HITC

Leave a Reply