
[UNICODE]
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က အာဆင်နယ်အသင်းက လူငယ်ခံစစ်မှူး ဝီလီယံ ဆာလီဘားကို ခေါ်ယူခဲ့တာဟာ သက်သက်ငွေဖြုန်းတီးခဲ့တာသာဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ယမန်နှစ်ရာသီအစတုန်းက ဆာလီဘားကို စိန့်အန်တီယန်အသင်းထံကနေ ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဆိုပါရာသီတုန်းက ပြင်သစ်ကလပ်ရဲ့ တောင်းဆိုချက်အရ တစ်ရာသီအငှားချထားခဲ့ရပါတယ်။

အဲ့ဒီနောက်မှာလည်း အသင်းကိုပြန်ရောက်လာတဲ့ ဆာလီဘားကို ပွဲကစားခွင့်အခွင့်အရေးမပေးနိုင်ခဲ့ပဲ လူငယ်တွေကို အခွင့်အရေးပေးနေတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ လူစာရင်းမှာလည်း ထည့်သွင်းခံရခြင်းမရှိပဲ ချန်လှပ်ခံခရဲ့ပါတယ်။
ဒါကြောင့် ဆာလီဘားဟာ ပထမရာသီဝက်တစ်ခုလုံး ယူ-၂၃ အသင်းမှာသာ ကစားခဲ့ရတာမို့ စိတ်ပျက်လက်ပျက်ဖြစ်ကာ အသင်းကထွက်ခွာဖို့ ကြိုးပမ်းလာခဲ့တာပါ။ ခုချိန်မှာတော့ ပြင်သစ်ကလပ် နိုက်စ်အသင်းထံ ရာသီဝက်အငှားစာချုပ်နဲ့ အငှားချထားလိုက်ပြီဖြစ်ပေမယ့် Goal ရဲ့ ဖော်ပြချက်အရ နောက်ထပ် အငှားစာချုပ်ကို ၁ နှစ် သက်တမ်းထပ်တိုးဦးမှာဖြစ်တယ်လို့ သိထားရပါတယ်။

ဖာဒီနန်ကတော့ အာဆင်နယ်အသင်းဟာ မနှစ်ကတည်းက ဆာလီဘားကို မခေါ်ယူပဲ အသင်းမှာအသင့်သုံးလို့ရမယ့် အတွေ့အကြုံရှိခံစစ်မှူး တစ်ဦးဦးကို ခေါ်ယူခဲ့သင့်တယ်လို့ ဆိုသွားပါတယ်။ ထိပ်တန်းခံစစ်မှူးလိုအပ်နေချိန်မှာ လူငယ်ကစားသမား ဆာလီဘားအတွက် ငွေကုန်ခံခဲ့ပြီး နေရာလည်းမပေးနိုင်ခဲ့တာကြောင့် နှစ်ဦးနှစ်ဘက်နစ်နာခဲ့တယ်လို့ ဖာဒီနန်ကသုံးသပ်သွားပါတယ်။
“အာဆင်နယ်က ဗဟိုနောက်ခံလူ တစ်ယောက်လိုနေတုန်းပဲလို့ ကျွန်တော်ထင်ပါတယ်။ အဓိကပြဿနာက အဲဒါလို့ထင်ပါတယ်။ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံတာကောင်းပေမယ့် သူတို့လိုအပ်နေတာ နောက်ထပ်လူငယ်တစ်ယောက်မဟုတ်ပါဘူး။ သူတို့ရဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ပြဿနာက အဲ့ဒါပါ။ လိုအပ်တဲ့ကစားသမားကို မဝယ်ပဲ လူငယ်တွေကို အစားထိုးခေါ်ပြီး တကယ်တမ်း အသုံးမချနိုင်ဖြစ်တော့ ငွေတွေ အပိုကုန်ကုန်တာပေါ့။ ဆာလီဘား အခု ဘာဖြစ်သွားသလဲ။ ကျွန်တော်မြင်တာကတော့ ဒါက ငွေဖြုန်တီးခြင်းတစ်မျိုးပါပဲ” လို့ ဖာဒီနန်က ဆိုသွားခဲ့ပါတယ်။
Source: TBR
[ZAWGYI]
မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၱဝင္ ရီယို ဖာဒီနန္က အာဆင္နယ္အသင္းက လူငယ္ခံစစ္မွဴး ဝီလီယံ ဆာလီဘားကို ေခၚယူခဲ့တာဟာ သက္သက္ေငြျဖဳန္းတီးခဲ့တာသာျဖစ္တယ္လုိ႔ ေဝဖန္ေျပာဆိုလုိက္ပါတယ္။
အာဆင္နယ္အသင္းဟာ ယမန္ႏွစ္ရာသီအစတုန္းက ဆာလီဘားကို စိန္႔အန္တီယန္အသင္းထံကေန ေပါင္ ၂၇ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ျပီး အဆုိပါရာသီတုန္းက ျပင္သစ္ကလပ္ရဲ႕ ေတာင္းဆိုခ်က္အရ တစ္ရာသီအငွားခ်ထားခဲ့ရပါတယ္။

အဲ့ဒီေနာက္မွာလည္း အသင္းကိုျပန္ေရာက္လာတဲ့ ဆာလီဘားကို ပြဲကစားခြင့္အခြင့္အေရးမေပးႏုိင္ခဲ့ပဲ လူငယ္ေတြကို အခြင့္အေရးေပးေနတဲ့ ယူရိုပါလိဂ္ျပိဳင္ပြဲ လူစာရင္းမွာလည္း ထည့္သြင္းခံရျခင္းမရွိပဲ ခ်န္လွပ္ခံခရဲ့ပါတယ္။
ဒါေၾကာင့္ ဆာလီဘားဟာ ပထမရာသီဝက္တစ္ခုလံုး ယူ-၂၃ အသင္းမွာသာ ကစားခဲ့ရတာမို႔ စိတ္ပ်က္လက္ပ်က္ျဖစ္ကာ အသင္းကထြက္ခြာဖို႔ ၾကိဳးပမ္းလာခဲ့တာပါ။ ခုခ်ိန္မွာေတာ့ ျပင္သစ္ကလပ္ ႏုိက္စ္အသင္းထံ ရာသီဝက္အငွားစာခ်ဳပ္နဲ႔ အငွားခ်ထားလုိက္ျပီျဖစ္ေပမယ့္ Goal ရဲ႕ ေဖာ္ျပခ်က္အရ ေနာက္ထပ္ အငွားစာခ်ဳပ္ကို ၁ ႏွစ္ သက္တမ္းထပ္တိုးဦးမွာျဖစ္တယ္လုိ႔ သိထားရပါတယ္။

ဖာဒီနန္ကေတာ့ အာဆင္နယ္အသင္းဟာ မႏွစ္ကတည္းက ဆာလီဘားကို မေခၚယူပဲ အသင္းမွာအသင့္သံုးလုိ႔ရမယ့္ အေတြ႕အၾကဳံရွိခံစစ္မွဴး တစ္ဦးဦးကို ေခၚယူခဲ့သင့္တယ္လုိ႔ ဆိုသြားပါတယ္။ ထိပ္တန္းခံစစ္မွဴးလိုအပ္ေနခ်ိန္မွာ လူငယ္ကစားသမား ဆာလီဘားအတြက္ ေငြကုန္ခံခဲ့ျပီး ေနရာလည္းမေပးႏုိင္ခဲ့တာေၾကာင့္ ႏွစ္ဦးႏွစ္ဘက္နစ္နာခဲ့တယ္လုိ႔ ဖာဒီနန္ကသံုးသပ္သြားပါတယ္။
“အာဆင္နယ္က ဗဟိုေနာက္ခံလူ တစ္ေယာက္လုိေနတုန္းပဲလို႔ ကၽြန္ေတာ္ထင္ပါတယ္။ အဓိကျပႆနာက အဲဒါလို႔ထင္ပါတယ္။ လူငယ္ေတြအတြက္ ရင္းႏွီးျမွဳပ္ႏွံတာေကာင္းေပမယ့္ သူတို႔လိုအပ္ေနတာ ေနာက္ထပ္လူငယ္တစ္ေယာက္မဟုတ္ပါဘူး။ သူတို႔ရဲ႕ ႏွစ္ေပါင္းမ်ားစြာ အျမစ္တြယ္ေနတဲ့ ျပႆနာက အဲ့ဒါပါ။ လိုအပ္တဲ့ကစားသမားကို မဝယ္ပဲ လူငယ္ေတြကို အစားထိုးေခၚျပီး တကယ္တမ္း အသံုးမခ်ႏုိင္ျဖစ္ေတာ့ ေငြေတြ အပိုကုန္ကုန္တာေပါ့။ ဆာလီဘား အခု ဘာျဖစ္သြားသလဲ။ ကၽြန္ေတာ္ျမင္တာကေတာ့ ဒါက ေငြျဖဳန္တီးျခင္းတစ္မ်ိဳးပါပဲ” လို႔ ဖာဒီနန္က ဆိုသြားခဲ့ပါတယ္။
Source: TBR