
[UNICODE]
အာဆင်နယ်အသင်းဟာ ရက်ဒ်ဘူးလ်ဆားလ်ဘတ်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား ဒိုမီနစ် ဆိုဘိုဇ်လိုင်ကို ခေါ်ယူဖို့ အရှိန်မြှင့်တင်ကြိုးပမ်းနေပြီး ခြေလှမ်းတွေပိုမိုသွက်လာနေတယ်လို့ Sport Witness က ဖော်ပြလိုက်ပါတယ်။
သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးဟာ ဟန်ဂေရီကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေပြီး အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုပြုနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၂၀ အရွယ်ကွင်းလယ်လူ ဆိုဘိုဇ်လိုင်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ထံကို အာဆင်နယ်အသင်းက ဆက်သွယ်ထားပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း မှန်ကန်မှုရှိကြောင်း မကြာသေးခင်ရက်ပိုင်းတုန်းကမှ ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်ရှိမှာ သြစတြီယန်းကလပ် ဆားလ်ဘတ်အသင်းက ဆိုဘိုဇ်လိုင်ရဲ့ တန်ကြေးကို ပေါင် ၂၆ သန်း သတ်မှတ်ထားပြီး ပြောင်းရွှေ့ကြေးကို ၃ ကြိမ်အရစ်ကျပေးချေကာခေါ်ယူခွင့်ရှိကြောင်းလည်း သိထားရပါတယ်။ ဆားလ်ဘတ်အသင်းဟာ အာဆင်နယ်ဘက်က ကမ်းလှမ်းမှုပြုလုပ်လာရင် ငြင်းဆန်သွားဖို့မရှိပေမယ့် ဂန်းနားတွေအလိုရှိနေတဲ့ ဇန်နဝါရီကာလထက် ရာသီကုန်မှသာလက်လွှတ်လိုနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဟန်ဂေရီလူမျိုး ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဒိုမီနစ် ဆိုဘိုဇ်လိုင်ကို ခေါ်ယူဖို့ ယမန်နှစ်ရာသီကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ယခုနှစ်ရာသီမှာတော့ ကွင်းလယ်တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပိုမိုလိုအပ်လာတာမို့ ဆိုဘိုဇ်လိုင်ကိုခေါ်ယူရေး အရှိန်မြှင့်တင်ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဆိုဘိုဇ်လိုင်အပြင် လိုင်ယွန်အသင်းက ကွင်းလယ်လူ ဟူဆန် အူဝါကိုလည်း အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဂျူဗင်တပ်အသင်းက ဒီယန် ကူလူဆက်ဗ်စကီးနဲ့ အင်တာမီလန်အသင်းက နီကိုလို ဘာရယ်လာတို့ကိုတော့ အရံပစ်မှတ်တွေအဖြစ် စောင့်ကြည့်နေပါတယ်။
Source: Sport Witness, Calcio Mercato, HITC
[ZAWGYI]
အာဆင္နယ္အသင္းဟာ ရက္ဒ္ဘူးလ္ဆားလ္ဘတ္အသင္းက ကြင္းလယ္တုိက္စစ္ကစားသမား ဒိုမီနစ္ ဆိုဘိုဇ္လုိင္ကို ေခၚယူဖုိ႔ အရွိန္ျမွင့္တင္ၾကိဳးပမ္းေနျပီး ေျခလွမ္းေတြပိုမိုသြက္လာေနတယ္လုိ႔ Sport Witness က ေဖာ္ျပလိုက္ပါတယ္။
သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ေတြအရ အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ ဒါရိုက္တာ အီဒူးဟာ ဟန္ေဂရီၾကယ္ပြင့္ကို ေခၚယူႏုိင္ဖို႔ အျပင္းအထန္ၾကိဳးပမ္းေနျပီး ေအးဂ်င့္ျဖစ္သူနဲ႔ ေဆြးေႏြးမႈျပဳေနျပီျဖစ္တယ္လို႔ ဆိုပါတယ္။

အသက္ ၂၀ အရြယ္ကြင္းလယ္လူ ဆိုဘိုဇ္လိုင္ရဲ႕ ေအးဂ်င့္ျဖစ္သူက သူ႔ထံကို အာဆင္နယ္အသင္းက ဆက္သြယ္ထားျပီး ေခၚယူဖို႔ စိတ္ဝင္စားေနတာလည္း မွန္ကန္မႈရွိေၾကာင္း မၾကာေသးခင္ရက္ပိုင္းတုန္းကမွ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
လက္ရွိမွာ ၾသစႀတီယန္းကလပ္ ဆားလ္ဘတ္အသင္းက ဆိုဘိုဇ္လိုင္ရဲ႕ တန္ေၾကးကို ေပါင္ ၂၆ သန္း သတ္မွတ္ထားၿပီး ေျပာင္းေ႐ႊ႕ေၾကးကို ၃ ႀကိမ္အရစ္က်ေပးေခ်ကာေခၚယူခြင့္ရွိေၾကာင္းလည္း သိထားရပါတယ္။ ဆားလ္ဘတ္အသင္းဟာ အာဆင္နယ္ဘက္က ကမ္းလွမ္းမႈျပဳလုပ္လာရင္ ျငင္းဆန္သြားဖို႔မရွိေပမယ့္ ဂန္းနားေတြအလိုရွိေနတဲ့ ဇန္နဝါရီကာလထက္ ရာသီကုန္မွသာလက္လႊတ္လိုေနတယ္လုိ႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

အာဆင္နယ္အသင္းဟာ ဟန္ေဂရီလူမ်ိဳး ကြင္းလယ္တိုက္စစ္ၾကယ္ပြင့္ ဒိုမီနစ္ ဆိုဘိုဇ္လိုင္ကို ေခၚယူဖို႔ ယမန္ႏွစ္ရာသီကတည္းက စိတ္ဝင္စားေနခဲ့တာျဖစ္ၿပီး ယခုႏွစ္ရာသီမွာေတာ့ ကြင္းလယ္တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ ပိုမိုလိုအပ္လာတာမို႔ ဆိုဘိုဇ္လိုင္ကိုေခၚယူေရး အရွိန္ျမႇင့္တင္ႀကိဳးပမ္းလာေနတာ ျဖစ္ပါတယ္။
ဂန္းနားေတြဟာ ဆိုဘိုဇ္လိုင္အျပင္ လိုင္ယြန္အသင္းက ကြင္းလယ္လူ ဟူဆန္ အူဝါကိုလည္း အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားၿပီး ဂ်ဴဗင္တပ္အသင္းက ဒီယန္ ကူလူဆက္ဗ္စကီးနဲ႔ အင္တာမီလန္အသင္းက နီကိုလို ဘာရယ္လာတို႔ကိုေတာ့ အရံပစ္မွတ္ေတြအျဖစ္ ေစာင့္ၾကည့္ေနပါတယ္။
Source: Sport Witness, Calcio Mercato, HITC