
[UNICODE]
အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဆောက်သမ်တန်ခံစစ်ကို ဖြိုခွဲဖို့အတွက် အဓိကတိုက်စစ်မှူး လာကာဇက်နဲ့ ကြိုတင်ညှိနှိုင်းတိုင်ပင်မှုပြုလုပ်ခဲ့တယ်လို့ လူငယ်ကြယ်ပွင့် ဆာကာက ပြောဆိုလိုက်ပါတယ်။
ဆောက်သမ်တန်နဲ့ပွဲစဉ်မစတင်မှီမှာ လာကာဇက်နဲ့ တိုင်ပင်ညှိနှိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး လာကာဇက်ကလည်း ဆာကာရဲ့ အကြံပြချက်တွေကို လက်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန်အတွင်းမှာ အပြန်အလှန်ဖန်တီးမှုတွေနဲ့အတူ တစ်ယောက် တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြတာပါ။

ဒါနဲ့ ပတ်သက်ပြီး ဆာကာက “ကျွန်တော် သူနဲ့ ပွဲမစခင်မှာ ကြိုပြီးတိုင်ပင်ဖြစ်တယ်။ ဘယ်လိုအနေအထားမှာ အခွင့်အလမ်းရနိုင်မယ် ဘယ်လိုအသုံးချမယ်ဆိုတာမျိုးပေါ့။ ပြောခဲ့သလိုပဲ သူ အခွင့်အလမ်းရခဲ့ပါတယ်။ အသုံးလည်းချနိုင်ခဲ့ပါတယ်။ ကျွန်တော်က သူ့နောက်က ပြေးလိုက်ခဲ့တာပါ။ သူက ကျွန်တော့်လို လူငယ်တစ်ယောက်ရဲ့ စကားကို နားထောင်ခဲ့ပါတယ်။ ဒီအတွက် အရမ်းဝမ်းသာရပါတယ်” လို့ ဆာကာက BT Sport ကို ပြောဆိုသွားခဲ့တာပါ။
“ကျွန်တော်နဲ့ လာကာနဲ့တင်မကပါဘူး။ တစ်သင်းလုံးလည်း သွင်းဂိုးတွေကြောင့် ပျော်ရွှင်ကြရပါတယ်။ ကွင်းထဲမှာ ကျွန်တော်ခုလို စိတ်အားထက်သန်စွာကစားနိုင်တာက ဘော့စ်က ယုံယုံကြည်ကြည်နဲ့ အခွင့်အရေးပေးထားလို့ပါ။ ဒါကြောင့် အခွင့်အရေးရချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးလုပ်ရပါမယ်။ ပရီးမီးယားလိဂ်က ဒီရာသီမှာ အရမ်းကို လျှင်လျှင်မြန်မြန်ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး ကစားသွားဖို့ လိုအပ်ပါတယ်” လို့လည်း ဆာကာက ပြောဆိုသွားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ ၃ မိနစ်မှာတင် ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချက်ခြင်းဆိုသလို ခြေပဂိုးပြန်ရခဲ့ပြီး ၈ မိနစ်မှာ ရှာခါရဲ့ ဖန်တီးမှုကို ပက်ပေက ဆွဲယူကန်သွင်းခဲ့တာပါ။ ပွဲချိန် ၃၉ မိနစ်မှာတော့ လာကာဇက်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဆာကာက ဂိုးသမားကို ကျော်ဖြတ်သွင်းယူခဲ့ပြီးတော့ ပွဲချိန် ၇၂ မိနစ်မှာတော့ ဆာကာရဲ့ အနိမ့်ဘောဖြတ်တင်ပေးပို့မှုကို လာကာဇက်က ပိတ်သွင်းယူခဲ့ကာ အာဆင်နယ်အသင်းလည်း အနိုင် ၃ မှတ် သေချာသွားခဲ့ပါတယ်။
လာကာဇက်နဲ့ ဆာကာတို့ဟာ လက်ရှိအာဆင်နယ်အသင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေကြတဲ့သူတွေဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၁၀ ပွဲမှာ လာကာဇက်က ၆ ဂိုးသွင်း ၂ ဂိုးဖန်တီးထားပြီး ဆာကာက ၄ ဂိုးသွင်း ၂ ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။
Source: BT Sport
[ZAWGYI]
အာဆင္နယ္အသင္းဟာ ေဆာက္သမ္တန္အသင္းကို အေဝးကြင္းမွာ ၁-၃ ရလဒ္နဲ႔အႏိုင္ယူႏုိင္ခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာ ေဆာက္သမ္တန္ခံစစ္ကို ျဖိဳခြဲဖို႔အတြက္ အဓိကတုိက္စစ္မွဴး လာကာဇက္နဲ႔ ၾကိဳတင္ညွိႏိႈင္းတိုင္ပင္မႈျပဳလုပ္ခဲ့တယ္လုိ႔ လူငယ္ၾကယ္ပြင့္ ဆာကာက ေျပာဆိုလုိက္ပါတယ္။
ေဆာက္သမ္တန္နဲ႔ပြဲစဥ္မစတင္မွီမွာ လာကာဇက္နဲ႔ တုိင္ပင္ညွိႏိႈင္းမႈျပဳလုပ္ခဲ့တာျဖစ္ျပီး လာကာဇက္ကလည္း ဆာကာရဲ႕ အၾကံျပခ်က္ေတြကို လက္ခံခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပြဲခ်ိန္အတြင္းမွာ အျပန္အလွန္ဖန္တီးမႈေတြနဲ႔အတူ တစ္ေယာက္ တစ္ဂိုးစီ သြင္းယူႏုိင္ခဲ့ၾကတာပါ။

ဒါနဲ႔ ပတ္သက္ျပီး ဆာကာက “ကၽြန္ေတာ္ သူနဲ႔ ပြဲမစခင္မွာ ၾကိဳျပီးတုိင္ပင္ျဖစ္တယ္။ ဘယ္လိုအေနအထားမွာ အခြင့္အလမ္းရႏုိင္မယ္ ဘယ္လိုအသံုးခ်မယ္ဆိုတာမ်ိဳးေပါ့။ ေျပာခဲ့သလိုပဲ သူ အခြင့္အလမ္းရခဲ့ပါတယ္။ အသံုးလည္းခ်ႏုိင္ခဲ့ပါတယ္။ ကၽြန္ေတာ္က သူ႔ေနာက္က ေျပးလိုက္ခဲ့တာပါ။ သူက ကၽြန္ေတာ့္လို လူငယ္တစ္ေယာက္ရဲ႕ စကားကို နားေထာင္ခဲ့ပါတယ္။ ဒီအတြက္ အရမ္းဝမ္းသာရပါတယ္” လို႔ ဆာကာက BT Sport ကို ေျပာဆိုသြားခဲ့တာပါ။
“ကၽြန္ေတာ္နဲ႔ လာကာနဲ႔တင္မကပါဘူး။ တစ္သင္းလံုးလည္း သြင္းဂိုးေတြေၾကာင့္ ေပ်ာ္ရႊင္ၾကရပါတယ္။ ကြင္းထဲမွာ ကၽြန္ေတာ္ခုလို စိတ္အားထက္သန္စြာကစားႏုိင္တာက ေဘာ့စ္က ယံုယံုၾကည္ၾကည္နဲ႔ အခြင့္အေရးေပးထားလုိ႔ပါ။ ဒါေၾကာင့္ အခြင့္အေရးရခ်ိန္မွာ ကၽြန္ေတာ္တို႔ အေကာင္းဆံုးလုပ္ရပါမယ္။ ပရီးမီးယားလိဂ္က ဒီရာသီမွာ အရမ္းကို လွ်င္လွ်င္ျမန္ျမန္ေျပာင္းလဲသြားပါတယ္။ ကၽြန္ေတာ္တို႔ တစ္ပြဲခ်င္းစီကို အာရံုစိုက္ျပီး ကစားသြားဖို႔ လိုအပ္ပါတယ္” လို႔လည္း ဆာကာက ေျပာဆိုသြားခဲ့ပါေသးတယ္။

အာဆင္နယ္အသင္းဟာ ၃ မိနစ္မွာတင္ ဦးေဆာင္ဂိုးေပးခဲ့ရေပမယ့္ ခ်က္ျခင္းဆိုသလို ေျခပဂိုးျပန္ရခဲ့ျပီး ၈ မိနစ္မွာ ရွာခါရဲ႕ ဖန္တီးမႈကို ပက္ေပက ဆြဲယူကန္သြင္းခဲ့တာပါ။ ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ လာကာဇက္ရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ ဆာကာက ဂိုးသမားကို ေက်ာ္ျဖတ္သြင္းယူခဲ့ျပီးေတာ့ ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ဆာကာရဲ႕ အနိမ့္ေဘာျဖတ္တင္ေပးပို႔မႈကို လာကာဇက္က ပိတ္သြင္းယူခဲ့ကာ အာဆင္နယ္အသင္းလည္း အႏိုင္ ၃ မွတ္ ေသခ်ာသြားခဲ့ပါတယ္။
လာကာဇက္နဲ႔ ဆာကာတို႔ဟာ လက္ရွိအာဆင္နယ္အသင္းမွာ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနၾကတဲ့သူေတြျဖစ္ျပီး ေနာက္ဆံုးကစားခဲ့တဲ့ ပြဲစဥ္ ၁၀ ပြဲမွာ လာကာဇက္က ၆ ဂိုးသြင္း ၂ ဂိုးဖန္တီးထားျပီး ဆာကာက ၄ ဂိုးသြင္း ၂ ဂိုးဖန္တီးမႈျပဳလုပ္ထားပါတယ္။
Source: BT Sport