ဆောက်သမ်တန် ၁-၃ အာဆင်နယ် ပွဲစဉ်က မှတ်မှတ်ထင်ထင်အချက် (၅) ချက်

[UNICODE]

လွန်ခဲ့တဲ့ ၄ ရက်ကစားခဲ့တဲ့ FA ဖလားပွဲစဉ်တုန်းက အာဆင်နယ်က ဆောက်သမ်တန်ကို ဒီကွင်းမှာပဲ အရေးနိမ့်ခဲ့တာပါ။ ဒါပေမယ့် ဂန်းနားတွေဟာ သူတို့အာရုံစိုက်နေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာရုံစူးစိုက်မှုအပြည့်နဲ့ကစားပြီး အနိုင်ယူလိုက်ပါတယ်။

ပြောရရင် တံတွေးဆွတ်ကြေးမှာ လျှော်ပေးပြီး နဖူးတောက်ကြေးမှ တကယ်လုပ်ထည့်လိုက်တဲ့ သဘောပါ။ ပွဲစဉ်တွေ ခပ်စိတ်စိတ်ကစားနေရသလို အသင်းသားတွေအကြားမှာ ခြေသလုံးကြွက်သား ဒါဏ်ရာပြဿနာဆိုးကို ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲတိုင်းကို ဝင်ကစားနေလို့မရဘူးဆိုတာကို နားလည်ထားတာမို့ တချို့ဆုဖလားတွေကို စောစောစီးစီး လက်လွှတ်လိုက်တာလို့ ယူဆရပါတယ်။

ဒီနေ့ပွဲစဉ်မှာ အနိုင်ကစားနိုင်ခဲ့တာမို့ အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲက ရှုံးပွဲမရှိဖြစ်လာခဲ့ပြီး ၅ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကိုလည်းပိုင်ဆိုင်လာခဲ့ပါတယ်။ အမှတ်ပေးဇယားမှာလည်း အဆင့် ၉ နေရာကို ယာယီ တက်လှမ်းလာခဲ့တယ်ဆိုပါတော့။

ဆောက်သမ်တန်ကို ရင်ဆိုင်တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ တုန့်ပြန်ပုံနဲ့ ကြိုးစားအားထုတ်ပုံက တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ အသင်းလိုက်စုစည်းမှုလည်းကောင်းခဲ့ပြီးတော့ ပက်ပေ၊ ဆီဒရစ်တို့လို ပုံမှန်လူစာရင်းမှာ သိပ်မပါဖြစ်နေတဲ့ ကစားသမားတွေဟာလည်း ခြေစွမ်းပြသနိုင်ခဲ့တာမို့ ကျေနပ်စရာ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာပါ။ ဒီတော့လည်း ထုံးစံအတိုင်း ထူးခြားချက်လေးတွေကို ထုတ်နှုတ်ပြီး မှတ်မှတ်ထင်ထင်အချက်တွေအဖြစ် သုံးသပ်လိုက်ရပါတယ်။

၁။ မျှော်လင့်ချင်စရာဖြစ်လာတဲ့ ပက်ပေ

အသင်းမှာ ခြေစွမ်းမပြသနိုင်တာကြောင့် ဆက်တိုက်ဆိုသလို ဝေဖန်ခံနေရတဲ့ နီကိုလက် ပက်ပေရဲ့ ခြေစွမ်းဟာ ဒီနေ့ပွဲမှာတော့ တော်တော်လေး သိသာထင်ရှားစွာ တိုးတက်မှု ပြသခဲ့ပါတယ်။ တကယ်တမ်းမှာ ပက်ပေရဲ့ ခြေစွမ်းက တဖြည်းဖြည်းချင်းတိုးတက်လာနေတာ ရှေ့ပွဲစဉ်တစ်ချို့မှာကတည်းကပါ။ သွင်းဂိုးပါဝင်ပတ်သက်မှုတွေ မပြုလုပ်နိုင်ခဲ့တာကလွဲလို့ အခွင့်အရေးဖန်တီးမှုတွေနဲ့ တစ်ဦးချင်းဖြတ်ကျော်မှုတွေ ကောင်းကောင်းလုပ်ပြနိုင်လာသလို အသင်းနဲ့လည်း တဖြည်းဖြည်းချင်း ပိုပိုပြီး အံဝင်လာခဲ့ပါတယ်။ မြင့်မားလှတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏနဲ့ နှေးကွေးလှတဲ့ တိုးတက်နှုန်းတွေကြောင့်သာ လူတွေ သတိမထားမိခဲ့တာပါ။ ဒီနေ့ပွဲစဉ်မှာတော့ ပက်ပေတစ်ယောက် သူ့ရဲ့ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်နေပြီဆိုတာကို ထင်သာမြင်သာပြသနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ခြေပဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက်လုံးမှာလည်း ဆောက်သမ်တန်ခံစစ်တန်းကို ပုံစံမျိုးစုံနဲ့ ဖိအားကောင်းကောင်းပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကစားနေကျမဟုတ်တဲ့ ဘယ်တောင်ပံမှာ ထွက်ကစားရချိန်တိုင်း ခြေစွမ်းပိုတက်လာတာကို သတိထားမိလာတာမို့ အံဝင်အောင် ကစားပြနေတာ ၂ ပွဲ ၃ ပွဲရှိလာပြီမို့ အာတီတာတစ်ယောက် ပက်ပေကို ညာခြမ်းကို ပြန်ပို့ပါ့မလား တွေးချင့်စရာဖြစ်လာပါတယ်။

၂။ အာတီတာနဲ့ အသင်းကို နားလည်ခြင်း အနုပညာ

ခုနောက်ပိုင်း အသင်းတော်တော်များများ အသင်းသားဟောင်းတွေ အသင်းခေါင်းဆောင်ဟောင်းတွေကို နည်းပြအဖြစ် ပြန်ခန့်အပ်ကြတာဟာ သူတို့ရဲ့ အသင်းအပေါ် နားလည်ကျွမ်းဝင်မှုဆိုတဲ့ အားသာချက်ကို အသုံးချချင်လို့ဖြစ်ပါတယ်။ အာတီတာတစ်ယောက် အာဆင်နယ် နည်းပြထိုင်ခုံပေါ်ရောက်လာရတာကလည်း ဒီအချက်ကြောင့်ပါပဲ။ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ လမ်းပတ်နဲ့ မတူတဲ့အချက်တစ်ချက်က အာတီတာ၊ ဆိုးလ်ရှားစတဲ့ နည်းပြတွေဟာ အသင်းရဲ့ တကယ့်အခြေအနေ၊ အားနည်းချက်၊ အားသာချက်၊ ဘုတ်အဖွဲ့ရဲ့ သည်းခံနိုင်စွမ်းနဲ့ အသင်းရဲ့ DNA တွေကို ကောင်းကောင်းဖတ်တတ်သူတွေဖြစ်နေတာပါပဲ။ ဒါကြောင့်လည်း အာတီတာရော ဆိုးလ်ရှားရော အဆိုးရွားဆုံး အခြေအနေတွေမှာ အသင်းရဲ့ ထောက်ခံမှုကို အပြည့်အဝရခဲ့တာပါ။ ခုချိန်မှာဆိုလည်း အာတီတာဟာ အသင်းရဲ့ လူအင်အား၊ ဇန်နဝါရီမှာ ဖြည့်တင်းပေးနိုင်ခြေရှိတဲ့ အလားအလာနဲ့ ပွဲစဉ်အခြေအနေတွေကို တွက်ဆပြီး FA ဖလားကို စောစောစီးစီးလက်လွှတ်လိုက်တာကို မြင်ခဲ့ရပါတယ်။ FA ဖလားမှာ ဆောက်သမ်တန်နဲ့ရင်ဆိုင်ခဲ့တဲ့ အာဆင်နယ်အသင်း လူစာရင်းဟာ ဒီနေ့ပွဲစဉ်နဲ့ သိပ်အများကြီး မကွာခြားပါဘူး။ ဒီနေရာမှာ သတိထားမိတဲ့ အချက် ၂ ချက် မြင်ခဲ့ရပြီး ၁ ချက်ကတော့ ကြိုးစားအားထုတ်မှုနဲ့ အာရုံစူးစိုက်မှုမှာတော့ ၁၀၀% အပြည့်အဝကွာခြားခဲ့တာပါ။ နောက်တစ်ချက်ကတော့ အာဆင်နယ်အတွက် ပြိုင်ပွဲ ၃ ခုလောက်မှာ ဝင်ပြိုင်ဖို့ လုံလောက်တဲ့ လူအင်အားမရှိဘူးဆိုတာပါပဲ။

၃။ ဆာကာ၊ ဆာကာ၊ ဆာကာ

အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်အတွက် ဘူကာယို ဆာကာရဲ့ စွမ်းဆောင်ရည်၊ ရုံးကန်အားနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေက အရမ်းကို ထက်မြက်ကောင်းမွန်လွန်းပါတယ်။ အသင်းရဲ့ ခြေစွမ်းပြန်လည်တည်ငြိမ်လာမှုမှာ ဆာကာရဲ့ ခြေစွမ်းကောင်းတွေ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကို ဖယ်ထားလို့မရပါဘူး။ အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ၈ ပွဲမှာ ဆာကာ တစ်ဦးတည်း ၄ ဂိုးသွင်းယူပြီး ၂ ဂိုးဖန်တီးပေးထားပါတယ်။ ဒီစွမ်းဆောင်ရည်ဟာ အဆိုပါ ၈ ပွဲမှာ ၅ ဂိုးသွင်း ၂ ဂိုးဖန်တီးပေးထားတဲ့ လာကာဇက်ပြီးရင် အကောင်းဆုံး စွမ်းဆောင်ရည်လို့ ဆိုရပါမယ်။ ယမန်နှစ်ရာသီမှာ တည်ငြိမ်ရင့်ကျက်တဲ့ခြေစွမ်းကို စတင်ပြသနိုင်ခဲ့တဲ့ ဆာကာဟာ လက်ရှိရာသီမှာတော့ အသင်းရဲ့ မရှိမဖြစ် ကစားသမားဖြစ်လာနေပြီဖြစ်ပါတယ်။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်လာမယ်ဆိုတဲ့ သူ့ပေါ် ခန့်မှန်းချက်တွေဟာ မှန်ကန်ဖို့ ပိုမိုနီးစပ်လာနေပါပြီ။

၄။ စိတ်ဝင်စားစရာ ပိုကောင်းလာတဲ့ ရှာခါ-ပါတေး Pivot

အာဆင်နယ် ကွင်းလယ်မှာ ရှာခါနဲ့ ပါတေးတို့ တွဲဖက်ကစားတဲ့ ပွဲစဉ်တွေ သိပ်များများ စားစားမရှိသေးပါဘူး။ ဒါပေမယ့် သူတို့ နှစ်ဦးတွဲဖက်ကစားချိန်တိုင်းမှာ သိသာထင်ရှားတာက နှစ်ဦးလုံး တိုက်စစ်-ခံစစ် စွမ်းဆောင်ရည်တွေ မြင့်တက်လာပြီး အသင်းလည်း ရလဒ်ကောင်းတတ်တာပါပဲ။ double pivot ကစားဟန်ကို အားသန်တဲ့ ကစားသမားတွေဖြစ်နေတဲ့အချက်က သူတို့နှစ်ဦးတွဲဖက်ကစားရာမှာ အတော်လေးအဆင်ပြေစေပါတယ်။ ပါတေးက ဘောလုံးထိမ်းချုပ်ပုံကောင်းပြီး ရှာခါက ခံစစ်ကို အာရုံစိုက်ကူနိုင်သလို နှစ်ဦးလုံးရဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းကလည်း အဆင့်အတန်းမြင့်မားကြတာမို့ ကွင်းလယ်ဟာ ဟန်ချက်ညီညွတ်ပြီး အတော်လေး ရုပ်ထွက်လာခဲ့တယ်ဆိုပါတော့။ နှစ်ဦးလုံး ဒါဏ်ရာရ ပွဲပါယ်ပြဿနာတွေ ကင်းစင်ပြီး နည်းပြအာတီတာကိုယ်တိုင်ကလည်း သူတို့ကို ပွဲပန်းမှုဒါဏ်မခံစားရအောင် စီမံပွဲထွက်ခွင့်ပေးနိုင်မယ်ဆိုရင် ဒီနှစ်ရာသီ အာဆင်နယ်အသင်းရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်ဟာ သူတို့နှစ်ဦးရဲ့မောင်းနှင်အားကြောင့် ပိုမိုအားကောင်းလာနိုင်ပါတယ်။

၅။ ပရော်ဖက်ရှင်နယ်ဆန်လွန်းလှသူကြီး ဆီဒရစ်

မနှစ်ကတည်းက ဆီဒရစ် ဆိုအာရက်စ်ကို ခေါ်ယူခဲ့တာကို သဘောမကျခဲ့တဲ့ အာဆင်နယ် ပရိတ်သတ် တော်တော်များခဲ့ပါတယ်။ ခြေစွမ်းကျဆင်းနေပြီလို့ သတ်မှတ်ခံထားရသလို Injury Prone လို့ သတ်မှတ်ရလုနီးပါး ဒါဏ်ရာကလည်းများလှသူပါ။ တကယ်တမ်း ဆိုအာရက်စ်ကို ခေါ်ယူခဲ့တာက ဘယ်လာရင်အတွက် အရံအဖြစ်ခေါ်ယူခဲ့တာပါ။ ဆီဒရစ်က လက်ရှိရာသီ ကိုလာစီနက်ထွက်ခွာသွားချိန်မှာ တီယာနီရဲ့ အရံအဖြစ်ပါ ဝင်ကစားပေးနေပါတယ်။ ဆီဒရစ်ဟာ တချိန်တုန်းက ခြေစွမ်းအတော်လေး ထက်မြက်ခဲ့ဖူးသူဖြစ်ပေမယ့် ဒါဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကျဆင်းသွားခဲ့သူပါ။ ဒါပေမယ့် သူ့မှာ မပျောက်ပျက်သွားတဲ့အရာကတော့ ပရော်ဖက်ရှင်နယ်ဆန်မှုလို့ ဆိုရပါလိမ့်မယ်။ ပရိတ်သတ်ငြိုငြင်သည်ဖြစ်စေ မငြိုငြင်သည်ဖြစ်စေ၊ ခြေစွမ်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကြိုးစားအားထုတ်မှုကို တစ်စက်ကလေးမှ မလျှော့ပဲ နည်းပြတာဝန်ပေးထားတဲ့နေရာမှာ အားကြိုးမာန်တက်ကစားတတ်တဲ့ သူ့ရဲ့ အကျင့်ကို ကျွန်တော် တော်တော်လေးသဘောကျပါတယ်။ ဒီမနက်က ကစားသွားတဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာဆိုလည်း ခြေစွမ်းကောင်းကို ပြသသွားခဲ့ပါတယ်။ ဆီဒရစ်လို ကစားသမားမျိုးကို ဘယ်သူမှ စာတစ်စောင်ပေတစ်ဖွဲ့ ချီးမွမ်းကြမှာမဟုတ်ပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို လေးစားတဲ့အတွက် ဒီစာမှာဖွဲ့နွဲ့ချီးမွမ်းလိုက်ရပါတယ်။

[ZAWGYI]

လြန္ခဲ့တဲ့ ၄ ရက္ကစားခဲ့တဲ့ FA ဖလားပြဲစဥ္တုန္းက အာဆင္နယ္က ေဆာက္သမ္တန္ကို ဒီကြင္းမွာပဲ အေရးနိမ့္ခဲ့တာပါ။ ဒါေပမယ့္ ဂန္းနားေတြဟာ သူတို႔အာရံုစိုက္ေနတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ အာရံုစူးစိုက္မႈအျပည့္နဲ႔ကစားျပီး အႏုိင္ယူလိုက္ပါတယ္။

ေျပာရရင္ တံေတြးဆြတ္ေၾကးမွာ ေလွ်ာ္ေပးျပီး နဖူးေတာက္ေၾကးမွ တကယ္လုပ္ထည့္လုိက္တဲ့ သေဘာပါ။ ပြဲစဥ္ေတြ ခပ္စိတ္စိတ္ကစားေနရသလို အသင္းသားေတြအၾကားမွာ ေျခသလံုးၾကြက္သား ဒါဏ္ရာျပႆနာဆိုးကို ရင္ဆုိင္ေနရတဲ့ အာဆင္နယ္အသင္းဟာ ျပိဳင္ပြဲတုိင္းကို ဝင္ကစားေနလို႔မရဘူးဆိုတာကို နားလည္ထားတာမို႔ တခ်ိဳ႕ဆုဖလားေတြကို ေစာေစာစီးစီး လက္လႊတ္လုိက္တာလုိ႔ ယူဆရပါတယ္။

ဒီေန႔ပြဲစဥ္မွာ အႏုိင္ကစားႏိုင္ခဲ့တာမို႔ အာဆင္နယ္အသင္းရဲ႕ ေနာက္ဆံုး ပရီးမီးယားလိဂ္ ၆ ပြဲက ရံႈးပြဲမရွိျဖစ္လာခဲ့ျပီး ၅ ပြဲႏုိင္ ၁ ပြဲသေရ ရလဒ္ကိုလည္းပိုင္ဆုိင္လာခဲ့ပါတယ္။ အမွတ္ေပးဇယားမွာလည္း အဆင့္ ၉ ေနရာကို ယာယီ တက္လွမ္းလာခဲ့တယ္ဆိုပါေတာ့။

ေဆာက္သမ္တန္ကို ရင္ဆုိင္တဲ့ပြဲစဥ္မွာ အာဆင္နယ္အသင္းရဲ႕ တုန္႔ျပန္ပံုနဲ႔ ၾကိဳးစားအားထုတ္ပံုက ေတာ္ေတာ္ေလး ေကာင္းမြန္ခဲ့ပါတယ္။ အသင္းလုိက္စုစည္းမႈလည္းေကာင္းခဲ့ျပီးေတာ့ ပက္ေပ၊ ဆီဒရစ္တို႔လို ပံုမွန္လူစာရင္းမွာ သိပ္မပါျဖစ္ေနတဲ့ ကစားသမားေတြဟာလည္း ေျခစြမ္းျပသႏုိင္ခဲ့တာမို႔ ေက်နပ္စရာ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့တာပါ။ ဒီေတာ့လည္း ထံုးစံအတုိင္း ထူးျခားခ်က္ေလးေတြကို ထုတ္ႏႈတ္ျပီး မွတ္မွတ္ထင္ထင္အခ်က္ေတြအျဖစ္ သံုးသပ္လုိက္ရပါတယ္။

၁။ ေမွ်ာ္လင့္ခ်င္စရာျဖစ္လာတဲ့ ပက္ေပ

အသင္းမွာ ေျခစြမ္းမျပသႏိုင္တာေၾကာင့္ ဆက္တုိက္ဆိုသလို ေဝဖန္ခံေနရတဲ့ နီကိုလက္ ပက္ေပရဲ႕ ေျခစြမ္းဟာ ဒီေန႔ပြဲမွာေတာ့ ေတာ္ေတာ္ေလး သိသာထင္ရွားစြာ တိုးတက္မႈ ျပသခဲ့ပါတယ္။ တကယ္တမ္းမွာ ပက္ေပရဲ႕ ေျခစြမ္းက တျဖည္းျဖည္းခ်င္းတိုးတက္လာေနတာ ေရွ႕ပြဲစဥ္တစ္ခ်ိဳ႕မွာကတည္းကပါ။ သြင္းဂိုးပါဝင္ပတ္သက္မႈေတြ မျပဳလုပ္ႏဳိင္ခဲ့တာကလြဲလို႔ အခြင့္အေရးဖန္တီးမႈေတြနဲ႔ တစ္ဦးခ်င္းျဖတ္ေက်ာ္မႈေတြ ေကာင္းေကာင္းလုပ္ျပႏုိင္လာသလို အသင္းနဲ႔လည္း တျဖည္းျဖည္းခ်င္း ပိုပိုျပီး အံဝင္လာခဲ့ပါတယ္။ ျမင့္မားလွတဲ့ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပမာဏနဲ႔ ေႏွးေကြးလွတဲ့ တိုးတက္ႏႈန္းေတြေၾကာင့္သာ လူေတြ သတိမထားမိခဲ့တာပါ။ ဒီေန႔ပြဲစဥ္မွာေတာ့ ပက္ေပတစ္ေယာက္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ တိုးတက္ေကာင္းမြန္ေနျပီဆိုတာကို ထင္သာျမင္သာျပသႏုိင္ခဲ့ျပီး အသင္းအတြက္ အေရးပါတဲ့ ေျခပဂိုးတစ္ဂိုးကိုလည္း သြင္းယူေပးခဲ့ပါတယ္။ ပြဲစဥ္တစ္ေလွ်ာက္လံုးမွာလည္း ေဆာက္သမ္တန္ခံစစ္တန္းကို ပံုစံမ်ိဳးစံုနဲ႔ ဖိအားေကာင္းေကာင္းေပးႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ကစားေနက်မဟုတ္တဲ့ ဘယ္ေတာင္ပံမွာ ထြက္ကစားရခ်ိန္တုိင္း ေျခစြမ္းပိုတက္လာတာကို သတိထားမိလာတာမို႔ အံဝင္ေအာင္ ကစားျပေနတာ ၂ ပြဲ ၃ ပြဲရွိလာျပီမို႔ အာတီတာတစ္ေယာက္ ပက္ေပကို ညာျခမ္းကို ျပန္ပို႔ပါ့မလား ေတြးခ်င့္စရာျဖစ္လာပါတယ္။

၂။ အာတီတာနဲ႔ အသင္းကို နားလည္ျခင္း အႏုပညာ

ခုေနာက္ပိုင္း အသင္းေတာ္ေတာ္မ်ားမ်ား အသင္းသားေဟာင္းေတြ အသင္းေခါင္းေဆာင္ေဟာင္းေတြကုိ နည္းျပအျဖစ္ ျပန္ခန္႔အပ္ၾကတာဟာ သူတို႔ရဲ႕ အသင္းအေပၚ နားလည္ကၽြမ္းဝင္မႈဆိုတဲ့ အားသာခ်က္ကို အသံုးခ်ခ်င္လို႔ျဖစ္ပါတယ္။ အာတီတာတစ္ေယာက္ အာဆင္နယ္ နည္းျပထုိင္ခံုေပၚေရာက္လာရတာကလည္း ဒီအခ်က္ေၾကာင့္ပါပဲ။ ခ်ယ္လ္ဆီးကေန ထုတ္ပယ္ခံလုိက္ရတဲ့ လမ္းပတ္နဲ႔ မတူတဲ့အခ်က္တစ္ခ်က္က အာတီတာ၊ ဆိုးလ္ရွားစတဲ့ နည္းျပေတြဟာ အသင္းရဲ႕ တကယ့္အေျခအေန၊ အားနည္းခ်က္၊ အားသာခ်က္၊ ဘုတ္အဖြဲ႕ရဲ႕ သည္းခံႏုိင္စြမ္းနဲ႔ အသင္းရဲ႕ DNA ေတြကို ေကာင္းေကာင္းဖတ္တတ္သူေတြျဖစ္ေနတာပါပဲ။ ဒါေၾကာင့္လည္း အာတီတာေရာ ဆိုးလ္ရွားေရာ အဆိုးရြားဆံုး အေျခအေနေတြမွာ အသင္းရဲ႕ ေထာက္ခံမႈကို အျပည့္အဝရခဲ့တာပါ။ ခုခ်ိန္မွာဆိုလည္း အာတီတာဟာ အသင္းရဲ႕ လူအင္အား၊ ဇန္နဝါရီမွာ ျဖည့္တင္းေပးႏုိင္ေျခရွိတဲ့ အလားအလာနဲ႔ ပြဲစဥ္အေျခအေနေတြကို တြက္ဆျပီး FA ဖလားကို ေစာေစာစီးစီးလက္လႊတ္လုိက္တာကို ျမင္ခဲ့ရပါတယ္။ FA ဖလားမွာ ေဆာက္သမ္တန္နဲ႔ရင္ဆုိင္ခဲ့တဲ့ အာဆင္နယ္အသင္း လူစာရင္းဟာ ဒီေန႔ပြဲစဥ္နဲ႔ သိပ္အမ်ားၾကီး မကြာျခားပါဘူး။ ဒီေနရာမွာ သတိထားမိတဲ့ အခ်က္ ၂ ခ်က္ ျမင္ခဲ့ရျပီး ၁ ခ်က္ကေတာ့ ၾကိဳးစားအားထုတ္မႈနဲ႔ အာရံုစူးစုိက္မႈမွာေတာ့ ၁၀၀% အျပည့္အဝကြာျခားခဲ့တာပါ။ ေနာက္တစ္ခ်က္ကေတာ့ အာဆင္နယ္အတြက္ ျပိဳင္ပြဲ ၃ ခုေလာက္မွာ ဝင္ျပိဳင္ဖို႔ လံုေလာက္တဲ့ လူအင္အားမရွိဘူးဆိုတာပါပဲ။

၃။ ဆာကာ၊ ဆာကာ၊ ဆာကာ

အသက္ ၁၉ ႏွစ္အရြယ္ လူငယ္တစ္ေယာက္အတြက္ ဘူကာယို ဆာကာရဲ႕ စြမ္းေဆာင္ရည္၊ ရံုးကန္အားနဲ႔ ဥာဏ္ရည္ဥာဏ္ေသြးေတြက အရမ္းကို ထက္ျမက္ေကာင္းမြန္လြန္းပါတယ္။ အသင္းရဲ႕ ေျခစြမ္းျပန္လည္တည္ျငိမ္လာမႈမွာ ဆာကာရဲ႕ ေျခစြမ္းေကာင္းေတြ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြကို ဖယ္ထားလို႔မရပါဘူး။ အာဆင္နယ္အသင္းရဲ႕ ေနာက္ဆံုး ၈ ပြဲမွာ ဆာကာ တစ္ဦးတည္း ၄ ဂိုးသြင္းယူျပီး ၂ ဂိုးဖန္တီးေပးထားပါတယ္။ ဒီစြမ္းေဆာင္ရည္ဟာ အဆုိပါ ၈ ပြဲမွာ ၅ ဂိုးသြင္း ၂ ဂိုးဖန္တီးေပးထားတဲ့ လာကာဇက္ျပီးရင္ အေကာင္းဆံုး စြမ္းေဆာင္ရည္လို႔ ဆိုရပါမယ္။ ယမန္ႏွစ္ရာသီမွာ တည္ျငိမ္ရင့္က်က္တဲ့ေျခစြမ္းကို စတင္ျပသႏုိင္ခဲ့တဲ့ ဆာကာဟာ လက္ရွိရာသီမွာေတာ့ အသင္းရဲ႕ မရွိမျဖစ္ ကစားသမားျဖစ္လာေနျပီျဖစ္ပါတယ္။ လာမယ့္ ႏွစ္အနည္းငယ္အတြင္းမွာ ကမၻာ့ထိပ္တန္းၾကယ္ပြင့္တစ္ေယာက္ျဖစ္လာမယ္ဆိုတဲ့ သူ႔ေပၚ ခန္႔မွန္းခ်က္ေတြဟာ မွန္ကန္ဖို႔ ပိုမိုနီးစပ္လာေနပါျပီ။

၄။ စိတ္ဝင္စားစရာ ပိုေကာင္းလာတဲ့ ရွာခါ-ပါေတး Pivot

အာဆင္နယ္ ကြင္းလယ္မွာ ရွာခါနဲ႔ ပါေတးတို႔ တြဲဖက္ကစားတဲ့ ပြဲစဥ္ေတြ သိပ္မ်ားမ်ား စားစားမရွိေသးပါဘူး။ ဒါေပမယ့္ သူတို႔ ႏွစ္ဦးတြဲဖက္ကစားခ်ိန္တုိင္းမွာ သိသာထင္ရွားတာက ႏွစ္ဦးလံုး တုိက္စစ္-ခံစစ္ စြမ္းေဆာင္ရည္ေတြ ျမင့္တက္လာျပီး အသင္းလည္း ရလဒ္ေကာင္းတတ္တာပါပဲ။ double pivot ကစားဟန္ကို အားသန္တဲ့ ကစားသမားေတြျဖစ္ေနတဲ့အခ်က္က သူတို႔ႏွစ္ဦးတြဲဖက္ကစားရာမွာ အေတာ္ေလးအဆင္ေျပေစပါတယ္။ ပါေတးက ေဘာလံုးထိမ္းခ်ဳပ္ပံုေကာင္းျပီး ရွာခါက ခံစစ္ကို အာရံုစိုက္ကူႏုိင္သလို ႏွစ္ဦးလံုးရဲ႕ ေဘာလံုးျဖန္႔ေဝႏုိင္စြမ္းကလည္း အဆင့္အတန္းျမင့္မားၾကတာမို႔ ကြင္းလယ္ဟာ ဟန္ခ်က္ညီညြတ္ျပီး အေတာ္ေလး ရုပ္ထြက္လာခဲ့တယ္ဆိုပါေတာ့။ ႏွစ္ဦးလံုး ဒါဏ္ရာရ ပြဲပါယ္ျပႆနာေတြ ကင္းစင္ျပီး နည္းျပအာတီတာကိုယ္တိုင္ကလည္း သူတို႔ကို ပြဲပန္းမႈဒါဏ္မခံစားရေအာင္ စီမံပြဲထြက္ခြင့္ေပးႏုိင္မယ္ဆိုရင္ ဒီႏွစ္ရာသီ အာဆင္နယ္အသင္းရဲ႕ ဥေရာပဝင္ခြင့္ေမွ်ာ္လင့္ခ်က္ဟာ သူတို႔ႏွစ္ဦးရဲ႕ေမာင္းႏွင္အားေၾကာင့္ ပိုမိုအားေကာင္းလာႏုိင္ပါတယ္။

၅။ ပေရာ္ဖက္ရွင္နယ္ဆန္လြန္းလွသူၾကီး ဆီဒရစ္

မႏွစ္ကတည္းက ဆီဒရစ္ ဆိုအာရက္စ္ကို ေခၚယူခဲ့တာကို သေဘာမက်ခဲ့တဲ့ အာဆင္နယ္ ပရိတ္သတ္ ေတာ္ေတာ္မ်ားခဲ့ပါတယ္။ ေျခစြမ္းက်ဆင္းေနျပီလို႔ သတ္မွတ္ခံထားရသလို Injury Prone လို႔ သတ္မွတ္ရလုနီးပါး ဒါဏ္ရာကလည္းမ်ားလွသူပါ။ တကယ္တမ္း ဆိုအာရက္စ္ကို ေခၚယူခဲ့တာက ဘယ္လာရင္အတြက္ အရံအျဖစ္ေခၚယူခဲ့တာပါ။ ဆီဒရစ္က လက္ရွိရာသီ ကိုလာစီနက္ထြက္ခြာသြားခ်ိန္မွာ တီယာနီရဲ႕ အရံအျဖစ္ပါ ဝင္ကစားေပးေနပါတယ္။ ဆီဒရစ္ဟာ တခ်ိန္တုန္းက ေျခစြမ္းအေတာ္ေလး ထက္ျမက္ခဲ့ဖူးသူျဖစ္ေပမယ့္ ဒါဏ္ရာျပႆနာေတြေၾကာင့္ ေျခစြမ္းက်ဆင္းသြားခဲ့သူပါ။ ဒါေပမယ့္ သူ႔မွာ မေပ်ာက္ပ်က္သြားတဲ့အရာကေတာ့ ပေရာ္ဖက္ရွင္နယ္ဆန္မႈလို႔ ဆိုရပါလိမ့္မယ္။ ပရိတ္သတ္ျငိဳျငင္သည္ျဖစ္ေစ မျငိဳျငင္သည္ျဖစ္ေစ၊ ေျခစြမ္းေကာင္းသည္ျဖစ္ေစ မေကာင္းသည္ျဖစ္ေစ ၾကိဳးစားအားထုတ္မႈကို တစ္စက္ကေလးမွ မေလွ်ာ့ပဲ နည္းျပတာဝန္ေပးထားတဲ့ေနရာမွာ အားၾကိဳးမာန္တက္ကစားတတ္တဲ့ သူ႔ရဲ႕ အက်င့္ကို ကၽြန္ေတာ္ ေတာ္ေတာ္ေလးသေဘာက်ပါတယ္။ ဒီမနက္က ကစားသြားတဲ့ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာဆိုလည္း ေျခစြမ္းေကာင္းကို ျပသသြားခဲ့ပါတယ္။ ဆီဒရစ္လို ကစားသမားမ်ိဳးကို ဘယ္သူမွ စာတစ္ေစာင္ေပတစ္ဖြဲ႕ ခ်ီးမြမ္းၾကမွာမဟုတ္ေပမယ့္ ကၽြန္ေတာ္ကေတာ့ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္မႈကို ေလးစားတဲ့အတြက္ ဒီစာမွာဖြဲ႕ႏြဲ႕ခ်ီးမြမ္းလုိက္ရပါတယ္။

Leave a Reply