ဆေးမြင်းခွာ က တကယ် ဆေးဖက်ဝင်သလား

ဆေးမြင်းခွာ ကို တို့စားတာမျိုး ရှိသလို ဟင်းခါးသောက်တာ၊ ရေနွေးနဲ့ စိမ်သောက်တာမျိုး ရှိပါတယ်။ ဒီလို အမျိုးမျိုး အသုံးပြုကြတဲ့ ဆေးမြင်းခွာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကာလတွေကတည်းက အာရှဒေသမှာ ဆေးဖက်ဝင်အဖြစ် အသုံးပြုကြပါတယ်။ 

ဆေးမြင်းခွာက အရေပြား ကျန်းမာရေးကစလို့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ 

ဆေးမြင်းခွာကို အခုလိုမျိုး အသုံးပြုလို့ ရပါတယ်

ဆေးမြင်းခွာက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အခုလို ထောက်ကူပေးပါတယ်။

အနာကျက်စေနိုင်တယ်

ဆေးမြင်းခွာက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနေပြီး အနာကျက်စေဖို့ ထောက်ကူပေးသလို အနာကို ပိုးမဝင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

ဆေးမြင်းခွာ က တကယ် ဆေးဖက်ဝင်သလား

အရေပြားရောဂါတွေကို သက်သာစေနိုင်တယ်

ဆေးမြင်းခွာက နှင်းခူ အပါအဝင် အမျိုးမျိုးသော အရေပြားပြဿနာတွေကို သက်သာစေဖို့ရော အရေပြားပေါ်က ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ 

အပူလောင်နာကို သက်သာစေနိုင်တယ်

ဆေးမြင်းခွာရဲ့ နောက်ထပ် အာနိသင်တစ်ခုကတော့ အပူလောင်နာကို သက်သာစေနိုင်တာပါ။ အပူလောင်နာပေါ်မှာ ဆေးမြင်းခွာ သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။ 

ကော်လာဂျင် တိုးစေနိုင်တယ်

ဆေးမြင်းခွာက ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်သလို အရေပြားအတွက် လိုအပ်တဲ့ ကော်လာဂျင်တွေ ကိုလည်း ထိုးမြှင့်ပေးနိုင်ပါတယ်။ ညစ်ညမ်းမှုတွေကြောင့် အရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

မှတ်ဉာဏ် ကောင်းစေတယ်

ဆေးမြင်းခွာက မှတ်ဉာဏ်ကောင်းစေဖို့ လုပ်ဆောင်ပေးသလို အာရုံစူးစိုက်မှု ကောင်းစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ 

ဆေးမြင်းခွာ က တကယ် ဆေးဖက်ဝင်သလား

ဆံပင်ကျွတ် သက်သာစေတယ်

ဆေးမြင်းခွာက အသားအရေကို ကျန်းမာစေသလို ဆံပင်ကျွတ် သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

သွေးတိုးကျစေတယ်

ဆေးမြင်းခွာက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့ လုပ်ဆောင်ပေးပါတယ်။ သွေးတိုးရှိတယ်ဆိုရင် ဆေးမြင်းခွာကို စားပေးလို့ ရပါတယ်။ 

ကိုယ်တွင်းအဆိပ်အတောက် ဖယ်ရှားပေးတယ်

ဆေးမြင်းခွာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်သလို သွေးသန့်စေဖို့လည်း ထောက်ကူပေးပါတယ်။ 

အခုလို အကျိုးကျေးဇူးတွေ များတော့ ဆေးမြင်းခွာကို စားပေးလို့ ရပါတယ်။ 

နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့  Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply