ဆံပင်အဖျား နှစ်ခွတွေကို ဒီလိုဖြေရှင်းပါ

ဆံပင်ကလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဆံပင်ကို သေချာဂရုစိုက်မှာ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆံပင် အဖျားနှစ်ခွဖြစ်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။

ဆံပင် အဖျားနှစ်ခွဆိုတာ ဘာလဲ

ဆံပင် အဖျားနှစ်ခွဆိုတာ ဆံသားရဲ့ အဖျားမှာ ဆံပင်က တစ်ခုထဲမဟုတ်ဘဲ နှစ်ခုကွဲနေတာမျိုး တစ်ခါတလေ ၃ ခွ၊ ၄ ခွလောက်အထိ ကွဲနေတာမျိုးတွေတောင်ရှိတတ်ပါတယ်။ အဖျားတွေက ခြောက်ဖွာပြီး ဒီလိုလေးတွေ ကွဲနေတာကို ဆံပင် အဖျား နှစ်ခွဖြစ်တယ်၊ လို့ ခေါ်တာပါ။

ဘာတွေကြောင့် ဆံပင် အဖျားနှစ်ခွ ဖြစ်ရတာလဲ

ဆံပင် အဖျား နှစ်ခွဖြစ်ရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။

  • အပူချိန် ပြင်းပြင်းနဲ့ ထိတွေ့တာ
  • ဖုန်မှုန့် နဲ့ ညစ်ညမ်းတဲ့အရာတွေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာ
  • ဆံပင်ကို ခဏခဏလျှော်တာ
  • ဓာတုပစ္စည်းပါတဲ့ ဆံသားပုံသွင်းတဲ့ ပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာ
  • ဆံပင်ကို ဆီမလိမ်းတာ
  • ရေနွေးနဲ့ ခေါင်းလျှော်တာ
  • ဆံပင်ကို ပုံမှန် မတိတာ
  • ဆံပင် ဆေးဆိုးတာ
  • ကလိုရင်း ခတ်ထားတဲ့ ရေနဲ့ ဆံသားကို ထိတွေ့တာတွေကြောင့် ဆံပင်အဖျား နှစ်ခွဖြစ်နိုင်ပါတယ်။

ဆံပင်အဖျားနှစ်ခွကို သက်သာစေဖို့

ဆံပင်အဖျားနှစ်ခွကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့

  • ကြက်ဥအကာ

ကြက်ဥက ဆံသားကို အားဖြည့်ပေးသလို ဆံပင်အဖျားနှစ်ခွဖြစ်တာကိုလည်း သက်သာစေနိုင်မှာပါ။ ဆံပင်အရောင် မွဲခြောက်ခြောက်ဖြစ်တာကို သက်သာစေပြီး ဆံသားကို နက်မှောင် တောက်ပြောင်စေမှာပါ။ ကြက်ဥအကာက ဆံသားကို အရင်း ကနေ အဖျားအထိ ပရိုတင်း ပြည့်ဝအောင် ဖြည့်ပေးနိုင်ပါတယ်။ ဆံသားကို အစိုဓာတ် ထိန်းပေးပြီး conditioner အဖြစ် အသုံးပြုပေးလို့ ရပါတယ်။

  • ဘီယာ

ဘီယာက သောက်လို့ကောင်းရုံတင် မဟုတ်ပါဘူး။ ဆံပင်အမြစ်တွေကို အားဖြည့်ပေးပြီး ပျက်စီးနေတဲ့ ဆံပင်ကို ပရိုတင်း ဖြည့်ပေးပါတယ်။ အဖျား နှစ်ခွဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဆံပင်ထူထဲစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင်အတွက် conditioner အဖြစ် အသုံးပြုလို့ ရပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို ဘီယာ လောင်းချပြီး ၂ မိနစ် ကနေ ၃ မိနစ်လောက် ထားလိုက်ရုံပါ။

  • ပျားရည်

ပျားရည်က အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်သလို ဆံသားကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပျားရည်က ဦးရေပြားကိုရော ဆံသားကိုပါ ထိန်းပေးနိုင် ပါတယ်။ ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ဆံပင်ကိုလည်း အရင်းကနေ အဖျားအထိ အားဖြည့်ပေးပြီး ဆံပင် အဖျားနှစ်ခွ ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဦးရေပြားပြဿနာ ကင်းစေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။

  • သံပရာရည်

သံပရာရည်က သဘာဝ conditioner ပါ။ ဆံသားကို အစိုဓာတ်ထိန်းပေးပြီး ဆံပင်ကျိုးပျက်တာ၊ အဖျားနှစ်ခွ ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ရေတစ်ခွက်စာထဲကို သံပရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်လို့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို ဆေးချပေးရုံပါ။ ခေါင်းလျှော်တိုင်း လုပ်ပေးလို့ရပါတယ်။

  • Rose water

Rose water က ရနံ့ကတင် လန်းဆန်းစေတာ မဟုတ်ပါဘူး။ အနာကျက်စေနိုင်သလို အရေပြားကို ထိန်းသိမ်းပေးပြီး ဆံသားကျန်းမာရေးကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင် အဖျား နှစ်ခွ ဖြစ်နေတယ်ဆိုရင် Rose water လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း ၈ ဇွန်း တို့ကို ရောပြီး ဆံပင်မှာလူးပါ။ တစ်နာရီလောက် ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။

  • ငှက်ပျောသီး

ငှက်ပျောသီးက ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ငှက်ပျောသီး အမှည့်ကို အုန်းနို့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး ဆံသားကိုရော ဦးရေပြားကိုပါ နှံ့စပ်အောင် လိမ်းပေးပါ။ ၁ နာရီလောက် ထားပြီး သဘာဝ ခေါင်းလျှော်ရည် တစ်မျိုးမျိုးနဲ့လျှော်ချလိုက်ရုံပါ။

  • ပန်းသီးရှာလကာရည်

ဆံသားကို ပျော့ပျောင်း နူးညံ့စေနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေ ၅၀၀ မီလိ လီတာနဲ့ ရောပြီး ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို လောင်းချပြီး ၁၅ မိနစ်လောက် ထားပေးပါ။

  • ဒိန်ချဉ်

ဒိန်ချဉ်ကသဘာဝ moisturiser ပါ။ ဆံပင် ကျိုးပျက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ။ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ရောပြီး ခေါင်းမှာ လိမ်းပေးပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ရုံပါ။

Writer : Aye Thi Mon

Leave a Reply