
[UNICODE]
အာဆင်နယ်အသင်းဟာ ဒိုမီနစ် ဆိုဘိုဇ်လိုင်ကို လာမယ့်ဇန်နဝါရီမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ခြေလှမ်းသစ်တစ်ရပ် စတင်လိုက်ပြီဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။
အာဆင်နယ်အသင်းရဲ့ လုပ်ရပ်ကတော့ ဟန်ဂေရီကြယ်ပွင့်ရဲ့ မိခင်ကလပ်ဖြစ်တဲ့ သြစတြီးယန်းကလပ် ဆားလ်ဘတ်အသင်းနဲ့ တရားဝင်ဆွေးနွေးမှု စတင်လိုက်တာပါပဲ။ လတ်တလောမှာတော့ ဆိုဘိုဇ်လိုင်ရဲ့ တန်ကြေးကို ပေါင် ၂၆ သန်းအဖြစ် ဆားလ်ဘတ်အသင်းက သတ်မှတ်ထားပါတယ်။

ကွင်းလယ်တိုက်စစ်ပိုင်းမှာ လူအင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ ဂန်းနားတွေဟာ လွန်ခဲ့တဲ့လကတည်းက ကာယကံရှင်ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကို စတင်ချဉ်းကပ်ခဲ့ပြီး အခြေအနေကောင်းတွေ ပိုင်ဆိုင်ခဲ့တာကြောင့် ခုချိန်မှာတော့ ဆားလ်ဘတ်အသင်းနဲ့ပါ ဆွေးနွေးမှုတွေ စတင်လာတာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ဆားလ်ဘတ်တို့အကြား ဆွေးနွေးမှုတွေ စတင်နေပြီဆိုတဲ့ သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာပဲ ဟန်ဂေရီသားဟာ ဇန်နဝါရီ ဒါမှမဟုတ် နောက်အကျဆုံး ရာသီကုန်မှာ သြစတြီးယန်းကလပ်ကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ အက်စ်တာဟာဇီ မက်ထရာစ်က အတည်ပြုသွားခဲ့တာမို့ အာဆင်နယ်အသင်းနဲ့ သတင်းတွေဟာ ပိုမိုအားကောင်းလာနေပြီဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ ဒိုမီနစ် ဆိုဘိုဇ်လိုင်ဟာ ဆားလ်ဘတ်အသင်းအတွက်သာမက ဟန်ဂေရီလက်ရွေးစင်အသင်းမှာပါ အရေးပါတဲ့ကစားသမားဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကြယ်ပွင့် တစ်ဦးအဖြစ် သုံးသပ်ခြင်းခံထားရသူပါ။
လက်ရှိမှာတော့ ဆိုဘိုဇ်လိုင်ကိုခေါ်ယူဖို့ အာဆင်နယ်အသင်းအပြင် လိုက်ပ်ဇစ်၊ ရီးရဲလ်နဲ့ အေစီမီလန်တို့ကလည်း ကြိုးပမ်းနေပေမယ့် ဂန်းနားတွေကတော့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
Source: Daily Star, Nicolo Schira
[ZAWGYI]
အာဆင္နယ္အသင္းဟာ ဒိုမီနစ္ ဆိုဘိုဇ္လုိင္ကို လာမယ့္ဇန္နဝါရီမွာ အျပီးသတ္ေခၚယူႏိုင္ဖို႔ ေျခလွမ္းသစ္တစ္ရပ္ စတင္လိုက္ျပီျဖစ္တယ္လုိ႔ မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။
အာဆင္နယ္အသင္းရဲ႕ လုပ္ရပ္ကေတာ့ ဟန္ေဂရီၾကယ္ပြင့္ရဲ႕ မိခင္ကလပ္ျဖစ္တဲ့ ၾသစၾတီးယန္းကလပ္ ဆားလ္ဘတ္အသင္းနဲ႔ တရားဝင္ေဆြးေႏြးမႈ စတင္လုိက္တာပါပဲ။ လတ္တေလာမွာေတာ့ ဆိုဘုိဇ္လိုင္ရဲ႕ တန္ေၾကးကို ေပါင္ ၂၆ သန္းအျဖစ္ ဆားလ္ဘတ္အသင္းက သတ္မွတ္ထားပါတယ္။

ကြင္းလယ္တုိက္စစ္ပိုင္းမွာ လူအင္အားျဖည့္တင္းဖို႔ စီစဥ္ေနတဲ့ ဂန္းနားေတြဟာ လြန္ခဲ့တဲ့လကတည္းက ကာယကံရွင္ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကို စတင္ခ်ဥ္းကပ္ခဲ့ျပီး အေျခအေနေကာင္းေတြ ပိုင္ဆိုင္ခဲ့တာေၾကာင့္ ခုခ်ိန္မွာေတာ့ ဆားလ္ဘတ္အသင္းနဲ႔ပါ ေဆြးေႏြးမႈေတြ စတင္လာတာျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ ဆားလ္ဘတ္တို႔အၾကား ေဆြးေႏြးမႈေတြ စတင္ေနျပီဆိုတဲ့ သတင္းထြက္ေပၚလာျပီးတဲ့ေနာက္မွာပဲ ဟန္ေဂရီသားဟာ ဇန္နဝါရီ ဒါမွမဟုတ္ ေနာက္အက်ဆံုး ရာသီကုန္မွာ ၾသစၾတီးယန္းကလပ္ကေန ထြက္ခြာေတာ့မွာျဖစ္တယ္လုိ႔ ေအးဂ်င့္ျဖစ္သူ အက္စ္တာဟာဇီ မက္ထရာစ္က အတည္ျပဳသြားခဲ့တာမို႔ အာဆင္နယ္အသင္းနဲ႔ သတင္းေတြဟာ ပိုမိုအားေကာင္းလာေနျပီျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္ရွိျပီျဖစ္တဲ့ ကြင္းလယ္လူ ဒုိမီနစ္ ဆိုဘိုဇ္လုိင္ဟာ ဆားလ္ဘတ္အသင္းအတြက္သာမက ဟန္ေဂရီလက္ေရြးစင္အသင္းမွာပါ အေရးပါတဲ့ကစားသမားျဖစ္ျပီး ဥေရာပရဲ႕ အေကာင္းဆံုး ကြင္းလယ္တုိက္စစ္ၾကယ္ပြင့္ တစ္ဦးအျဖစ္ သံုးသပ္ျခင္းခံထားရသူပါ။
လက္ရွိမွာေတာ့ ဆိုဘိုဇ္လုိင္ကိုေခၚယူဖို႔ အာဆင္နယ္အသင္းအျပင္ လုိက္ပ္ဇစ္၊ ရီးရဲလ္နဲ႔ ေအစီမီလန္တို႔ကလည္း ၾကိဳးပမ္းေနေပမယ့္ ဂန္းနားေတြကေတာ့ ေရပန္းအစားဆံုးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။
Source: Daily Star, Nicolo Schira