
နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ပေါင် သန်း ၁၆၀ အထိအသုံးပြုကာ ကစားသမားသစ် ၆ ဥိး ဖြည့်တည်းခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာလည်း ဖြည့်တင်းမှုအသစ်တွေ ထပ်မံပြုလုပ်သွားဦးမှာဖြစ်ကြောင်း Football London က သတင်းထောက် ခရစ် ဝှိုက်တလေက ပြောဆိုလာပါတယ်။
အာဆင်နယ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ၃ ဦး ဖြည့်တင်းသွားမှာဖြစ်ပြီး အရံဗဟိုခံစစ်မှူး၊ ကွင်းလယ်ဗဟိုနဲ့ အရံဂိုးသမားစတဲ့နေရာတွေအတွက် ဖြည့်တင်းမှုပြုလုပ်သွားမှာဖြစ်တယ်လို့ ဝှိုက်တလေက ဆိုခဲ့ပါတယ်။

“အာဆင်နယ်အသင်း နောက်ထပ်ဖြည့်တင်းဖို့ စီစဉ်နေတဲ့နေရာတွေက ကွင်းလယ်ဗဟိုနဲ့ အရံဗဟိုခံစစ်မှူးပါ။ နောက်ပြီး အာရွမ် ရမ်းစ်ဒေးလ်အတွက် အရံဂိုးသမားတစ်ဦးလည်း ခေါ်ယူပါလိမ့်မယ်။ အကြောင်းကတော့ လီနိုကလည်း (ဇန်နဝါရီမှာ) အသင်းက ထွက်ခွာဖို့ ဖြစ်နိုင်ခြေများနေတာကြောင့်ပါ” လို့ ဝှိုက်တလေက ပြောဆိုခဲပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဂရာနစ် ရှာခါတစ်ယောက် ကာလရှည် ဒါဏ်ရာရရှိနေပြီး သောမတ် ပါတေးကိုလည်း အာဖရိက ဖလားပြိုင်ပွဲဆီ စေလွှတ်ရဖို့ရှိနေတာကြောင့် လာမယ့်ဇန်နဝါရီမှာ ကွင်းလယ်လူခေါ်ယူရေးကို ဦးစားပေးဆောင်ရွက်သွားဖို့ ရှိနေပြီး အရံဂိုးသမားဖြည့်တင်းရေးကတော့ လီနို ဆက်ရှိနေ/မနေ အပေါ် မူတည်နိုင်ပါတယ်။

အရံခံစစ်မှူးဖြည့်တင်းဖို့ စီစဉ်လာရတဲ့အကြောင်းအရင်းကတော့ လက်ရှိပထမပွဲထွက် ခံစစ်တန်းနဲ့ အရံခံစစ်ကစားသမားတွေအကြား အရည်အသွေးနဲ့ ကြိုးစားအားထုတ်မှုအပိုင်း ကွာဟချက် ကြီးမားနေတာကြောင့် ဒါဏ်ရာရပွဲပါယ်ပြဿနာတွေဖြစ်ပေါ်လာချိန်မှာ ပေမီဒေါက်မီ အစားထိုးနိုင်မယ့် ကစားသမားမျိုး ရှာဖွေသွားဖို့ ပြင်ဆင်လာတာပါ။
ပြီးခဲ့တဲ့နွေရာသီတုန်းက မဖြည့်တင်းဖြစ်ခဲ့တဲ့ တိုက်စစ်ပိုင်းကိုတော့ လက်ရှိတိုက်စစ်အစုအဖွဲ့ထဲက ကစားသမားထွက်ခွာမှုအပေါ် မူတည်ပြီးသာ ဖြည့်တင်းသွားဖွယ်ရှိနေပြီး အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ တိုက်စစ်ပိုင်းမှာ ထိပ်တန်းခေါ်ယူမှုပြုလုပ်ဖို့ စိတ်အားထက်သန်နေတာကြောင့် အဆိုပါအပြောင်းအရွှွှေ့မျိုးဟာ လာမယ့်နှစ် နွေရာသီအပြောင်းအရွှေ့ကာလမှသာ ဖြစ်ပေါ်နိုင်ခြေရှိနေတာပါ။
Source: Football London