တင်မီ အေဗရာဟမ်ကို ခေါ်ယူဖို့ အာဆင်နယ်တိုက်တွန်းခံရ

[UNICODE]

ဈေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ချယ်လ်ဆီးအသင်းက အင်္ဂလန်တိုက်စစ်မှူး တမ်မီ အေဗရာဟမ်ကို ပစ်မှတ်ထား ခေါ်ယူသင့်တယ်လို့ စပါးကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ်က တိုက်တွန်းပြောဆိုသွားပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ တမ်မီ အေဗရာဟမ်ဟာ ပြီးခဲ့တဲ့ ၅ ရာသီအတွင်း ချယ်လ်ဆီး၊ ဆွမ်ဆီး၊ ဘရစ္စတိုးလ်နဲ့ အက်စတွန်ဗီလာတို့အတွက် ပွဲပေါင်း ၂၀၉ ပွဲပါဝင်ကစားပေးခဲ့ပြီး ဂိုး ၉၀ အထိသွင်းယူပေးထားတာကြောင့် လူငယ်တိုက်စစ်မှူးတွေထဲမှာ ခြေစွမ်းထက်မြက်သူတစ်ဦး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အေဗရာဟမ်ဟာ လက်ရှိချယ်လ်ဆီးအသင်းနည်းပြ သောမတ် တူချယ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေပြီး လာမယ့်ရာသီမှာလည်း လန်ဒန်အနောက်ပိုင်းကလပ်မှာ ပွဲထွက်ခွင့်မရေရာတဲ့ အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာကြောင့် ယခုအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေသူပါ။

အာဆင်နယ်အသင်းကလည်း တိုက်စစ်ပိုင်းမှာ ကစားသမားသစ် ရှာဖွေနေပြီး နည်းပြအာတီတာအနေနဲ့ Link-up ချိတ်ဆက်ကစားနိုင်ပြီး အမြင့်ဘောအသုံးချနိုင်စွမ်းလည်းမြင့်မားတဲ့ တိုက်စစ်မှူးမျိုးကို အလိုရှိနေတာမို့ တန်ကြေး ပေါင် သန်း ၄၀ အောက်နဲ့ ခေါ်ယူခွင့်ရှိနေတဲ့ အေဗရာဟမ်ဟာ အာဆင်နယ်အသင်းနဲ့ သင့်လျော်တဲ့တိုက်စစ်မှူးဖြစ်တယ်လို့ Sky Sports ရဲ့ သုံးသပ်သူ ဂျီးနပ်စ်က ဆိုသွားပါတယ်။

“သူ မထင်မှတ်ပဲ ရောက်သွားနိုင်တဲ့အသင်းက အာဆင်နယ်ပါ။ ချယ်လ်ဆီးသာ လက်လွှတ်ခဲ့မယ်ဆိုရင်ပေါ့လေ။ မီခယ် အာတီတာက အူဘာမီယန်းကို ဘယ်တောင်ပံမှာထားကစားရတာကို ပိုသဘောတွေ့သူပါ။ နောက်ပြီး သူကိုယ်တိုင်လည်း Link-up တိုက်စစ်မှူးသစ် ရှာနေတာမဟုတ်လား။ ဒီတော့ အာဆင်နယ်ကို ပြောင်းမယ်ဆိုရင် သူ့အတွက် ပွဲထွက်ခွင့်အခွင့်အရေးရှိနေမှာပါ။ တကယ်တမ်း သူ့မှာရှိတဲ့အရည်အသွေးနဲ့ ဂိုးသွင်းမှတ်တမ်းတွေအရ သူက ဘယ်အသင်းဆီကို ပြောင်းပြောင်း အဆင်ပြေမယ့်သူမျိုးပါ။ ခုချိန်မှာ သူ့ကို အလိုရှိနေတဲ့အသင်းတွေ များနေနိုင်ပါတယ်” လို့ ဂျီးနပ်စ်က Sky Sports ကို ပြောဆိုသွားပါတယ်။

“ကျွန်တော့်အထင်တော့ အက်ဒီ နကီတီယာက ဒီနှစ်နွေရာသီမှာ သေချာပေါက် အမ်းမရိတ်မြေကို စွန့်ခွာတော့မှာပါ။ အသင်းမှာ ကျန်ခဲ့မယ့် ဝါရင့်တိုက်စစ်မှူး ၂ ယောက်မှာ လာကာဇက်ကလည်း အနာဂတ်မရေရာသေးပါဘူး။ မာတီနယ်လီက ရာသီအစပိုင်းကာလတွေကို လွဲချော်ဦးမှာပါ။ ဒီတော့ အာဆင်နယ်မှာ အကျပိုင်းရောက်နေတဲ့ အူဘာမီယန်းနဲ့ အတွေ့အကြုံမရှိသေးတဲ့ ဘာလိုဂန်ကိုသာ ဖြစ်ဖြစ်မြောက်မြောက်ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။ ဒီလိုအခြေအနေမှာ တင်မီ အေဗရာဟမ်ကို အငှားဖြစ်ဖြစ် အပြီးသတ်ဖြစ်ဖြစ် ခေါ်ယူသင့်ပါတယ်” လို့လည်း စပါးကွင်းလယ်လူဟောင်းက သုံးသပ်ခဲ့ပါသေးတယ်။

Source: Sky Sports, Mirror Football

[ZAWGYI]

ေစ်းကြက္အတြင္းမွာ တုိက္စစ္မွဴးသစ္ ရွာေဖြေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ခ်ယ္လ္ဆီးအသင္းက အဂၤလန္တုိက္စစ္မွဴး တမ္မီ ေအဗရာဟမ္ကို ပစ္မွတ္ထား ေခၚယူသင့္တယ္လုိ႔ စပါးကြင္းလယ္လူေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္က တိုက္တြန္းေျပာဆိုသြားပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္သာရွိေသးတဲ့ တမ္မီ ေအဗရာဟမ္ဟာ ျပီးခဲ့တဲ့ ၅ ရာသီအတြင္း ခ်ယ္လ္ဆီး၊ ဆြမ္ဆီး၊ ဘရစၥတိုးလ္နဲ႔ အက္စတြန္ဗီလာတို႔အတြက္ ပြဲေပါင္း ၂၀၉ ပြဲပါဝင္ကစားေပးခဲ့ျပီး ဂိုး ၉၀ အထိသြင္းယူေပးထားတာေၾကာင့္ လူငယ္တုိက္စစ္မွဴးေတြထဲမွာ ေျခစြမ္းထက္ျမက္သူတစ္ဦး ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေအဗရာဟမ္ဟာ လက္ရွိခ်ယ္လ္ဆီးအသင္းနည္းျပ ေသာမတ္ တူခ်ယ္နဲ႔ ဆက္ဆံေရး အဆင္မေျပျဖစ္ေနျပီး လာမယ့္ရာသီမွာလည္း လန္ဒန္အေနာက္ပိုင္းကလပ္မွာ ပြဲထြက္ခြင့္မေရရာတဲ့ အေျခအေနမ်ိဳးနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ ယခုအေျပာင္းအေရႊ႕ကာလမွာ အသင္းေျပာင္းေရႊ႕ဖို႔ စီစဥ္ေနသူပါ။

အာဆင္နယ္အသင္းကလည္း တုိက္စစ္ပိုင္းမွာ ကစားသမားသစ္ ရွာေဖြေနျပီး နည္းျပအာတီတာအေနနဲ႔ Link-up ခ်ိတ္ဆက္ကစားႏုိင္ျပီး အျမင့္ေဘာအသံုးခ်ႏုိင္စြမ္းလည္းျမင့္မားတဲ့ တုိက္စစ္မွဴးမ်ိဳးကို အလိုရွိေနတာမို႔ တန္ေၾကး ေပါင္ သန္း ၄၀ ေအာက္နဲ႔ ေခၚယူခြင့္ရွိေနတဲ့ ေအဗရာဟမ္ဟာ အာဆင္နယ္အသင္းနဲ႔ သင့္ေလ်ာ္တဲ့တုိက္စစ္မွဴးျဖစ္တယ္လုိ႔ Sky Sports ရဲ႕ သံုးသပ္သူ ဂ်ီးနပ္စ္က ဆိုသြားပါတယ္။

“သူ မထင္မွတ္ပဲ ေရာက္သြားႏုိင္တဲ့အသင္းက အာဆင္နယ္ပါ။ ခ်ယ္လ္ဆီးသာ လက္လႊတ္ခဲ့မယ္ဆိုရင္ေပါ့ေလ။ မီခယ္ အာတီတာက အူဘာမီယန္းကို ဘယ္ေတာင္ပံမွာထားကစားရတာကို ပိုသေဘာေတြ႕သူပါ။ ေနာက္ျပီး သူကိုယ္တုိင္လည္း Link-up တုိက္စစ္မွဴးသစ္ ရွာေနတာမဟုတ္လား။ ဒီေတာ့ အာဆင္နယ္ကို ေျပာင္းမယ္ဆိုရင္ သူ႔အတြက္ ပြဲထြက္ခြင့္အခြင့္အေရးရွိေနမွာပါ။ တကယ္တမ္း သူ႔မွာရွိတဲ့အရည္အေသြးနဲ႔ ဂိုးသြင္းမွတ္တမ္းေတြအရ သူက ဘယ္အသင္းဆီကို ေျပာင္းေျပာင္း အဆင္ေျပမယ့္သူမ်ိဳးပါ။ ခုခ်ိန္မွာ သူ႔ကို အလိုရွိေနတဲ့အသင္းေတြ မ်ားေနႏုိင္ပါတယ္” လို႔ ဂ်ီးနပ္စ္က Sky Sports ကို ေျပာဆိုသြားပါတယ္။

“ကၽြန္ေတာ့္အထင္ေတာ့ အက္ဒီ နကီတီယာက ဒီႏွစ္ေႏြရာသီမွာ ေသခ်ာေပါက္ အမ္းမရိတ္ေျမကို စြန္႔ခြာေတာ့မွာပါ။ အသင္းမွာ က်န္ခဲ့မယ့္ ဝါရင့္တိုက္စစ္မွဴး ၂ ေယာက္မွာ လာကာဇက္ကလည္း အနာဂတ္မေရရာေသးပါဘူး။ မာတီနယ္လီက ရာသီအစပိုင္းကာလေတြကို လြဲေခ်ာ္ဦးမွာပါ။ ဒီေတာ့ အာဆင္နယ္မွာ အက်ပိုင္းေရာက္ေနတဲ့ အူဘာမီယန္းနဲ႔ အေတြ႕အၾကံဳမရွိေသးတဲ့ ဘာလိုဂန္ကိုသာ ျဖစ္ျဖစ္ေျမာက္ေျမာက္ပိုင္ဆုိင္ထားတယ္လုိ႔ ဆိုရမွာပါ။ ဒီလိုအေျခအေနမွာ တင္မီ ေအဗရာဟမ္ကို အငွားျဖစ္ျဖစ္ အျပီးသတ္ျဖစ္ျဖစ္ ေခၚယူသင့္ပါတယ္” လို႔လည္း စပါးကြင္းလယ္လူေဟာင္းက သံုးသပ္ခဲ့ပါေသးတယ္။

Source: Sky Sports, Mirror Football

Leave a Reply