တင်မီ အေဗရာဟမ်ကို အာဆင်နယ် ခေါ်ယူသင့်သလား

[UNICODE]

HITC သတင်းဌာနရဲ့ ထိပ်တန်းဆောင်းပါးရှင် အိုလီ ဒေါင်းနက်စ်က အာဆင်နယ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းနဲ့ ရာသီကုန်မှာ လမ်းခွဲတော့မယ့် အင်္ဂလိပ်တိုက်စစ်မှူး တင်မီ အေဗရာဟမ်ကို အရခေါ်ယူသင့်တယ်လို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ အလက်ဇန်းဒါး လာကာဇက်နဲ့ အက်ဒီ နကီတီယာတို့ကို ထွက်ခွာခွင့်ပြုတော့မယ်လို့ သတင်းကြီးနေပြီး ၎င်းကစားသမားတွေနေရာကို အစားထိုးဖို့အတွက် တိုက်စစ်မှူး အများအပြားကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေပါတယ်။

အသက် ၂၂ နှစ်အရွယ် ချယ်လ်ဆီးတိုက်စစ်မှူး တင်မီ အေဗရာဟမ်ဟာ အင်္ဂလန်လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၂ ဂိုးအထိ သွင်းဂိုးသွင်းယူပေထားပေမယ့် နည်းပြသစ် တူချယ်နဲ့ ဆက်ဆံရေး ပြေပြစ်မှုမရှိတာကြောင့် အသင်းကနေ ထွက်ခွာလိုနေသူဖြစ်ပါတယ်။

အိုလီ ဒေါင်းနက်စ်ကတော့ အေဗရာဟမ်ဟာ အာဆင်နယ်ပရိတ်သတ်တစ်ယောက်ဖြစ်တာကြောင့် စည်းရုံးရလွယ်ကူမှာဖြစ်ပြီး ချယ်လ်ဆီးနဲ့အာဆင်နယ်တို့အကြားက ဆက်ဆံရေးဟာလည်း ပြေပြစ်မှုရှိတာကြောင့် ဂန်းနားတွေဘက်ကသာ အမှန်တကယ် ကမ်းလှမ်းမှုပြုလုပ်ခဲ့မယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်ဖို့ သေချာတယ်လို့ တွက်ချက်ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာဟာ ခွန်အားနဲ့ ကြံ့ခိုင်မှုကို အားပြုပြီး Link-up play ကစားဟန်နဲ့ ကစားတဲ့ တိုက်စစ်မှူးမျိုးခေါ်ယူလိုကြောင်း ဖွင့်ဟထားတာမို့ အေဗရာဟမ်ဟာ သူအလိုရှိတဲ့ ကစားဟန်နဲ့ကိုက်ညီတဲ့ကစားသမားလည်းဖြစ်သလို အူဘာမီယန်းရဲ့နေရာကို ရေရှည်အစားထိုးဖို့အတွက်လည်း သင့်လျော်တယ်လို့ HITC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ Link-up play ကစားဟန်နဲ့ ကစားတဲ့တိုက်စစ်မှူး အများအပြားကို ပစ်မှတ်ထားနေပြီး ဆဲလ်တစ်က အီဒူယာ့ဒ်၊ ဘရန့်ဖို့ဒ်က အိုင်ဗန် တိုနေးနဲ့ ဖရန့်ဖတ်က ဆေးလ်ဗားတို့က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

Source: HITC

[ZAWGYI]

HITC သတင္းဌာနရဲ႕ ထိပ္တန္းေဆာင္းပါးရွင္ အိုလီ ေဒါင္းနက္စ္က အာဆင္နယ္အသင္းအေနနဲ႔ ျမိဳ႕ခံျပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းနဲ႔ ရာသီကုန္မွာ လမ္းခြဲေတာ့မယ့္ အဂၤလိပ္တိုက္စစ္မွဴး တင္မီ ေအဗရာဟမ္ကို အရေခၚယူသင့္တယ္လုိ႔ တုိက္တြန္းေရးသားလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ေႏြရာသီမွာ အလက္ဇန္းဒါး လာကာဇက္နဲ႔ အက္ဒီ နကီတီယာတို႔ကို ထြက္ခြာခြင့္ျပဳေတာ့မယ္လုိ႔ သတင္းၾကီးေနျပီး ၎ကစားသမားေတြေနရာကို အစားထိုးဖို႔အတြက္ တုိက္စစ္မွဴး အမ်ားအျပားကိုလည္း ပစ္မွတ္ထားေစာင့္ၾကည့္ေနပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ခ်ယ္လ္ဆီးတုိက္စစ္မွဴး တင္မီ ေအဗရာဟမ္ဟာ အဂၤလန္လက္ေရြးစင္တစ္ေယာက္ျဖစ္ျပီး ယခုရာသီမွာ ျပိဳင္ပြဲစံု ၁၂ ဂိုးအထိ သြင္းဂိုးသြင္းယူေပထားေပမယ့္ နည္းျပသစ္ တူခ်ယ္နဲ႔ ဆက္ဆံေရး ေျပျပစ္မႈမရွိတာေၾကာင့္ အသင္းကေန ထြက္ခြာလိုေနသူျဖစ္ပါတယ္။

အိုလီ ေဒါင္းနက္စ္ကေတာ့ ေအဗရာဟမ္ဟာ အာဆင္နယ္ပရိတ္သတ္တစ္ေယာက္ျဖစ္တာေၾကာင့္ စည္းရံုးရလြယ္ကူမွာျဖစ္ျပီး ခ်ယ္လ္ဆီးနဲ႔အာဆင္နယ္တို႔အၾကားက ဆက္ဆံေရးဟာလည္း ေျပျပစ္မႈရွိတာေၾကာင့္ ဂန္းနားေတြဘက္ကသာ အမွန္တကယ္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့မယ္ဆိုရင္ အေျပာင္းအေရႊ႕ျဖစ္ဖို႔ ေသခ်ာတယ္လုိ႔ တြက္ခ်က္ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာဟာ ခြန္အားနဲ႔ ၾကံ့ခုိင္မႈကို အားျပဳျပီး Link-up play ကစားဟန္နဲ႔ ကစားတဲ့ တုိက္စစ္မွဴးမ်ိဳးေခၚယူလိုေၾကာင္း ဖြင့္ဟထားတာမို႔ ေအဗရာဟမ္ဟာ သူအလိုရွိတဲ့ ကစားဟန္နဲ႔ကိုက္ညီတဲ့ကစားသမားလည္းျဖစ္သလို အူဘာမီယန္းရဲ႕ေနရာကို ေရရွည္အစားထိုးဖို႔အတြက္လည္း သင့္ေလ်ာ္တယ္လုိ႔ HITC သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္အသင္းဟာ Link-up play ကစားဟန္နဲ႔ ကစားတဲ့တုိက္စစ္မွဴး အမ်ားအျပားကို ပစ္မွတ္ထားေနျပီး ဆဲလ္တစ္က အီဒူယာ့ဒ္၊ ဘရန္႔ဖို႔ဒ္က အိုင္ဗန္ တိုေနးနဲ႔ ဖရန္႔ဖတ္က ေဆးလ္ဗားတို႔က ထိပ္ဆံုးက ေရပန္းစားေနပါတယ္။

Source: HITC

Leave a Reply