တစ်ကမ္ဘာလုံး ပါးစပ်အဟောင်းသားဖြစ်သွားအောင်လုပ်ပြမယ်လို့ ကြုံဝါးလိုက်တဲ့ အူဘာမီယန်း

[UNICODE]

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ပီယာရီ-အမ်းမရစ် အူဘာမီယန်းက သူတို့အသင်းဟာ လက်တလောမှာ ခြေစွမ်းတည်ငြိမ်မှုတွေ၊ တိုက်စစ်ပိုင်းအားနည်းချက်တွေ ရှိနေပေမယ့် မကြာခင်အချိန်အတွင်းမှာ တစ်ကမ္ဘာလုံး အံ့အားသင့်သွားစေမယ့် စွမ်းဆောင်ရည်မျိုးတွေ ပြသနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြည်တွင်းပြည်ပ ဖလားပြိုင်ပွဲတွေမှာ ရလဒ်တွေကောင်းမွန်နေပေမယ့်လည်း ပြည်တွင်းအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ၉ ပွဲကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲရှုံးနဲ့ ရလဒ်ဆိုးတွေ ကြုံဆုံနေရသလို တိုက်စစ်ပိုင်းကလည်း ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတဲ့အသင်းဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အူဘာမီယန်းကတော့ ခုလိုပြောဆိုသွားခဲ့ပါတယ်။ “အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက ဂိုးရယူနိုင်စွမ်း နည်းပါးနေတာပါပဲ။ ဒါပေမယ့် မန်နေဂျာနဲ့ ကစားသမားတွေအားလံး ဒီပြဿနာကို ဖြေရှင်းကျော်လွှားနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေကြပါတယ်” လို့ အူဘာမီယန်းက AfriqueSports ကို ပြောဆိုခဲ့ပါတယ်။

“လတ်တလောမှာ ရလဒ်တွေက အားရစရာသိပ်မရှိသေးတာကို ဝန်ခံပါတယ်။ ဒါပေမယ့် မကြာခင်မှာ ကျွန်တော်တို့ တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားအောင် လုပ်ပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ဆီကို ရောက်အောင် ခေါ်ဆောင်သွားနိုင်မယ့် ကစားသမားမျိုးတွေကို အသင်းမှာ ပိုင်ဆိုင်ထားပါတယ်” လို့လည်း ဂါဘွန်သားက ဆိုခဲ့ပါသေးတယ်။

“ပြောရရင် တစ်ပွဲလုံးမှာ ဂိုးပေါက် တစ်ကြိမ်ပဲ တည့်တယ်ဆိုထားဦး၊ အဲ့တစ်ကြိမ်က ဂိုးဖြစ်ပြီး ပြိုင်ဘက်က ဂိုးမသွင်းနိုင်ရင်လည်း အနိုင်ရတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုတိုးတက်အောင်တော့ ကြိုးစားရမှာပါ။ လုပ်ကိုလုပ်ရမှာပါ။ ဒါပေမယ့် လက်ရှိအသင်းရဲ့ အခြေအနေနဲ့ အလားအလာတွေအပေါ် ကျွန်တော် အများကြီးကျေနပ်ပြီး ပျော်ရွှင်ရပါတယ်။ ခက်ခဲစွာ ကြိုးပမ်းရဦးမယ်ဆိုတာသိပေမယ့် အကောင်းဆုံးအခိုက်အတန့်တွေပိုင်ဆိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်” လို့လည်း အသင်းခေါင်းဆောင်ကြီးက ဆိုသွားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ ဒီကနေ့ညမှာ ပရီးမီးယားလ်ဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်အသင်းကို အိမ်ကွင်းမှာရင်ဆိုင်ကစားသွားရဖို့ရှိနေပြီး လာမယ့် ဒီဇင်ဘာလထဲမှာတော့ စပါး (A)၊ ဘန်လေ (H)၊ ဆောက်သမ်တန် (H)၊ အဲဗာတန် (A)၊ ချဲလ်ဆီး (H)နဲ့ ဘရိုက်တန် (A) အသင်းတွေကို ဆက်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Source: Metro

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္သူ ပီယာရီ-အမ္းမရစ္ အူဘာမီယန္းက သူတို႔အသင္းဟာ လက္တေလာမွာ ေျခစြမ္းတည္ျငိမ္မႈေတြ၊ တုိက္စစ္ပိုင္းအားနည္းခ်က္ေတြ ရွိေနေပမယ့္ မၾကာခင္အခ်ိန္အတြင္းမွာ တစ္ကမၻာလံုး အံ့အားသင့္သြားေစမယ့္ စြမ္းေဆာင္ရည္မ်ိဳးေတြ ျပသႏုိင္ေအာင္ ၾကိဳးပမ္းသြားမယ္လုိ႔ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ျပည္တြင္းျပည္ပ ဖလားျပိဳင္ပြဲေတြမွာ ရလဒ္ေတြေကာင္းမြန္ေနေပမယ့္လည္း ျပည္တြင္းအမွတ္ေပးျပိဳင္ပြဲျဖစ္တဲ့ ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာေတာ့ ၉ ပြဲကစားျပီးခ်ိန္မွာ ၄ ပြဲႏိုင္၊ ၁ ပြဲ သေရ၊ ၄ ပြဲရံႈးနဲ႔ ရလဒ္ဆိုးေတြ ၾကံဳဆံုေနရသလို တုိက္စစ္ပိုင္းကလည္း ဂိုးေပါက္ေပ်ာက္ဆံုးမႈနဲ႔ ရင္ဆိုင္ေနရတဲ့အသင္းျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္ျပီး အူဘာမီယန္းကေတာ့ ခုလိုေျပာဆိုသြားခဲ့ပါတယ္။ “အဓိက ရင္ဆုိင္ေနရတဲ့ ျပႆနာက ဂိုးရယူႏုိင္စြမ္း နည္းပါးေနတာပါပဲ။ ဒါေပမယ့္ မန္ေနဂ်ာနဲ႔ ကစားသမားေတြအားလံး ဒီျပႆနာကို ေျဖရွင္းေက်ာ္လႊားႏုိင္ဖို႔ အျပင္းအထန္ၾကိဳးပမ္းေနၾကပါတယ္” လို႔ အူဘာမီယန္းက AfriqueSports ကို ေျပာဆိုခဲ့ပါတယ္။

“လတ္တေလာမွာ ရလဒ္ေတြက အားရစရာသိပ္မရွိေသးတာကို ဝန္ခံပါတယ္။ ဒါေပမယ့္ မၾကာခင္မွာ ကၽြန္ေတာ္တို႔ တစ္ကမၻာလံုးကို အံ့အားသင့္သြားေအာင္ လုပ္ျပႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ကၽြန္ေတာ္တို႔ ရည္မွန္းခ်က္ဆီကို ေရာက္ေအာင္ ေခၚေဆာင္သြားႏုိင္မယ့္ ကစားသမားမ်ိဳးေတြကို အသင္းမွာ ပိုင္ဆိုင္ထားပါတယ္” လို႔လည္း ဂါဘြန္သားက ဆိုခဲ့ပါေသးတယ္။

“ေျပာရရင္ တစ္ပြဲလံုးမွာ ဂိုးေပါက္ တစ္ၾကိမ္ပဲ တည့္တယ္ဆိုထားဦး၊ အဲ့တစ္ၾကိမ္က ဂိုးျဖစ္ျပီး ျပိဳင္ဘက္က ဂိုးမသြင္းႏုိင္ရင္လည္း အႏုိင္ရတာပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဒီထက္ပိုတိုးတက္ေအာင္ေတာ့ ၾကိဳးစားရမွာပါ။ လုပ္ကိုလုပ္ရမွာပါ။ ဒါေပမယ့္ လက္ရွိအသင္းရဲ႕ အေျခအေနနဲ႔ အလားအလာေတြအေပၚ ကၽြန္ေတာ္ အမ်ားၾကီးေက်နပ္ျပီး ေပ်ာ္ရႊင္ရပါတယ္။ ခက္ခဲစြာ ၾကိဳးပမ္းရဦးမယ္ဆိုတာသိေပမယ့္ အေကာင္းဆံုးအခိုက္အတန္႔ေတြပိုင္ဆုိင္ဖို႔က ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ျဖစ္ပါတယ္” လို႔လည္း အသင္းေခါင္းေဆာင္ၾကီးက ဆိုသြားခဲ့ပါေသးတယ္။

အာဆင္နယ္အသင္းဟာ ဒီကေန႔ညမွာ ပရီးမီးယားလ္ဂ္ပြဲစဥ္အျဖစ္ ဝုလ္ဗ္အသင္းကို အိမ္ကြင္းမွာရင္ဆုိင္ကစားသြားရဖို႔ရွိေနျပီး လာမယ့္ ဒီဇင္ဘာလထဲမွာေတာ့ စပါး (A)၊ ဘန္ေလ (H)၊ ေဆာက္သမ္တန္ (H)၊ အဲဗာတန္ (A)၊ ခ်ဲလ္ဆီး (H)နဲ႔ ဘရိုက္တန္ (A) အသင္းေတြကို ဆက္တုိက္ရင္ဆုိင္သြားရမွာျဖစ္ပါတယ္။

Source: Metro

Leave a Reply