တစ်နှစ်အတွင်း တီယာနီကို လက်လွှတ်ရနိုင်တယ်လို့ အာဆင်နယ် သတိပေးခံရ

[UNICODE]

အာဆင်နယ်အသင်းအနေနဲ့ ခြေစွမ်းနဲ့ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေဆိုးကို ကျော်ဖြတ်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်မတက်နိုင်ဘူးဆိုရင် အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကီယန် တီယာနီကို တစ်နှစ်အတွင်း ဆုံးရှုံးသွားရနိုင်တယ်လို့ စကောတလန်ကစားသမားဟောင်း ဖရန့်ခ် မက်အဗီးက သတိပေးစကားပြောဆိုသွားပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် (FA ဖလားနဲ့ ကွန်မြူနတီဒိုင်း စတဲ့) မေဂျာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် အမှတ်ပေးဇယားမှာ နှစ်နှစ်ဆက်တိုက် အခြေမလှခဲ့သလို လာမယ့်ရာသီအတွက်လည်း ဥရောပဝင်ခွင့်ကို ဆုံးရှုံးထားပါတယ်။

မက်အဗီးကတော့ အာဆင်နယ်အသင်းရဲ့ လက်ရှိအခြေအနေဟာ မြင့်မားတဲ့ရည်မှန်းချက်မျိုးတွေ ထားရှိဖို့ အဆင်မပြေတော့တဲ့ အခြေအနေဖြစ်နေပြီး တီယာနီလို ရည်မှန်းချက်ကြီးမားပြီး ကြိုးစားအားထုတ်လိုစိတ် ပြင်းထန်တဲ့ကစားသမားမျိုးအတွက် သင့်လျော်တဲ့နေရာမဟုတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း မက်အဗီက ခုလိုမျိုး သတိပေးခဲ့တာဖြစ်ပါတယ်။ “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အာဆင်နယ် ခေါ်ယူခဲ့တဲ့ အကောင်းဆုံးကစားသမားက ကီယန် တီယာနီပါ။ သူက တကယ်ကို အံ့အားသင့်ဖို့ကောင်းတဲ့ ကစားသမားပါ။ သူသာ ကြံ့ခိုင်မှုပြည့်ဝနေရင် တကယ်ကို လက်ဖျားခါလောက်စရာ ခြေစွမ်းမျိုးကို အမြဲထုတ်ပြနေနိုင်သူပါ” လို့ မက်အဗီးက Football Insider ကို ပြောခဲ့ပါတယ်။

“ခုချိန်မှာ အာဆင်နယ်အသင်းက တိုးတက်မလာပဲ ပိုပိုဆုတ်ယုတ်လာနေပါတယ်။ ခုချိန်မှာ မန်စီးတီးကလည်း ပေမှီဒေါက်မှီ ဘယ်နောက်ခံလူ ရှာနေချိန်ဖြစ်နေပါတယ်။ ဒါက အတော်ကို အန္တရာယ်များတဲ့ အနေအထားပါ။ သူတို့ရဲ့ လက်ရှိအနေအထားနဲ့ ငွေကြေးအင်အားအရ တီယာနီကို အလွယ်တကူခေါ်နိုင်စွမ်းရှိပါတယ်။ သူက ကမ္ဘာပေါ်က ဘယ်လိုအသင်းမျိုးမှာမဆို ထိပ်တန်းခြေစွမ်း ထုတ်ပြနိုင်မယ့်သူပါ။ သူက ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူပါ။ အာဆင်နယ်အသင်းအနေနဲ့ သူ့နဲ့ထိုက်တန်တဲ့ တိုးတက်မှုမျိုးကို ပြသနိုင်ဖို့ လိုအပ်ပါတယ်” လို့လည်း သူက သတိပေးသွားပါတယ်။

“လက်ရှိ အာဆင်နယ်အသင်းမှာ ကစားသမားအမြောက်အများက အသင်းရဲ့ဆုတ်ယုတ်မှုတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေကြပါတယ်။ အာဆင်နယ်သာ နောက်ထပ် ဆိုးရွားတဲ့ ရာသီတစ်ခုကို ထပ်ပြီး ကြုံရဦးမယ်ဆိုရင် လက်ကျန် ထိပ်တန်းကစားသမားတွေအားလုံးကို လက်လွှတ်ရပါလိမ့်မယ်။ တီယာနီအပါအဝင်ပေါ့” လို့လည်း သူက ပြောသွားပါတယ်။

Source: Football Insider

[ZAWGYI]

အာဆင္နယ္အသင္းအေနနဲ႔ ေျခစြမ္းနဲ႔ရလဒ္ပိုင္းမတည္မျငိမ္ျဖစ္ေနတဲ့ အေျခအေနဆိုးကို ေက်ာ္ျဖတ္ျပီး လမ္းေၾကာင္းမွန္ေပၚ ျပန္မတက္ႏုိင္ဘူးဆိုရင္ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ ကီယန္ တီယာနီကို တစ္ႏွစ္အတြင္း ဆံုးရံႈးသြားရႏုိင္တယ္လုိ႔ စေကာတလန္ကစားသမားေဟာင္း ဖရန္႔ခ္ မက္အဗီးက သတိေပးစကားေျပာဆုိသြားပါတယ္။

ဂန္းနားေတြဟာ ျပီးခဲ့တဲ့ ၂ ရာသီဆက္တုိက္ (FA ဖလားနဲ႔ ကြန္ျမဴနတီဒိုင္း စတဲ့) ေမဂ်ာ ဆုဖလားေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့ေပမယ့္ အမွတ္ေပးဇယားမွာ ႏွစ္ႏွစ္ဆက္တုိက္ အေျခမလွခဲ့သလို လာမယ့္ရာသီအတြက္လည္း ဥေရာပဝင္ခြင့္ကို ဆံုးရံႈးထားပါတယ္။

မက္အဗီးကေတာ့ အာဆင္နယ္အသင္းရဲ႕ လက္ရွိအေျခအေနဟာ ျမင့္မားတဲ့ရည္မွန္းခ်က္မ်ိဳးေတြ ထားရွိဖို႔ အဆင္မေျပေတာ့တဲ့ အေျခအေနျဖစ္ေနျပီး တီယာနီလို ရည္မွန္းခ်က္ၾကီးမားျပီး ၾကိဳးစားအားထုတ္လိုစိတ္ ျပင္းထန္တဲ့ကစားသမားမ်ိဳးအတြက္ သင့္ေလ်ာ္တဲ့ေနရာမဟုတ္ေတာ့ဘူးလို႔ ဆိုခဲ့ပါတယ္။

ဒါေၾကာင့္လည္း မက္အဗီက ခုလိုမ်ိဳး သတိေပးခဲ့တာျဖစ္ပါတယ္။ “ျပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ အာဆင္နယ္ ေခၚယူခဲ့တဲ့ အေကာင္းဆံုးကစားသမားက ကီယန္ တီယာနီပါ။ သူက တကယ္ကို အံ့အားသင့္ဖို႔ေကာင္းတဲ့ ကစားသမားပါ။ သူသာ ၾက့ံခုိင္မႈျပည့္ဝေနရင္ တကယ္ကို လက္ဖ်ားခါေလာက္စရာ ေျခစြမ္းမ်ိဳးကို အျမဲထုတ္ျပေနႏုိင္သူပါ” လို႔ မက္အဗီးက Football Insider ကို ေျပာခဲ့ပါတယ္။

“ခုခ်ိန္မွာ အာဆင္နယ္အသင္းက တိုးတက္မလာပဲ ပိုပိုဆုတ္ယုတ္လာေနပါတယ္။ ခုခ်ိန္မွာ မန္စီးတီးကလည္း ေပမွီေဒါက္မွီ ဘယ္ေနာက္ခံလူ ရွာေနခ်ိန္ျဖစ္ေနပါတယ္။ ဒါက အေတာ္ကို အႏၱရာယ္မ်ားတဲ့ အေနအထားပါ။ သူတို႔ရဲ႕ လက္ရွိအေနအထားနဲ႔ ေငြေၾကးအင္အားအရ တီယာနီကို အလြယ္တကူေခၚႏုိင္စြမ္းရွိပါတယ္။ သူက ကမၻာေပၚက ဘယ္လိုအသင္းမ်ိဳးမွာမဆို ထိပ္တန္းေျခစြမ္း ထုတ္ျပႏိုင္မယ့္သူပါ။ သူက ကမၻာ့အေကာင္းဆံုး ဘယ္ေနာက္ခံလူပါ။ အာဆင္နယ္အသင္းအေနနဲ႔ သူ႔နဲ႔ထိုက္တန္တဲ့ တိုးတက္မႈမ်ိဳးကို ျပသႏုိင္ဖို႔ လိုအပ္ပါတယ္” လို႔လည္း သူက သတိေပးသြားပါတယ္။

“လက္ရွိ အာဆင္နယ္အသင္းမွာ ကစားသမားအေျမာက္အမ်ားက အသင္းရဲ႕ဆုတ္ယုတ္မႈေတြနဲ႔ပတ္သက္ျပီး ေမးခြန္းထုတ္ေနၾကပါတယ္။ အာဆင္နယ္သာ ေနာက္ထပ္ ဆိုးရြားတဲ့ ရာသီတစ္ခုကို ထပ္ျပီး ၾကံဳရဦးမယ္ဆိုရင္ လက္က်န္ ထိပ္တန္းကစားသမားေတြအားလံုးကို လက္လႊတ္ရပါလိမ့္မယ္။ တီယာနီအပါအဝင္ေပါ့” လို႔လည္း သူက ေျပာသြားပါတယ္။

Source: Football Insider

Leave a Reply