
[UNICODE]
အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ မီခယ် အာတီတာက သူ့ရဲ့အသင်းအနေနဲ့ လက်ရှိမှာတိုက်စစ်ပိုင်း စွမ်းဆောင်ရည်ကျဆင်းနေပေမယ့် ဘောလုံးရာသီတိုင်းမှာ သွင်းဂိုး ၉၀-၁၀၀ ပတ်ဝန်းကျင်လောက် သွင်းယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် ဝေဖန်ခံနေရတဲ့အသင်းဖြစ်ပြီး စပိန်လူမျိုးနည်းပြကတော့ သူ့အသင်းရဲ့တိုက်စစ်ပိုင်းကို ထက်မြက်လာအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေတာဖြစ်ပါတယ်။

“တစ်သင်းလုံး စုစည်းဖို့နဲ့ ဟန်ချက်ညီလာအောင်လုပ်ဖို့က ထင်သလောက်မလွယ်ပါဘူး။ ဒါပေမယ့် တိုက်စစ်ကိစ္စက ပြီးခဲ့တဲ့ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ ကျွန်တော်တို့ အာရုံစိုက်ထားတဲ့ ကိစ္စပါ။ ကျွန်တော်တို့ တိုက်စစ်ပိုင်းကစားပုံပိုပြီးတိုးတက်လာတာကို မြင်နိုင်ပါတယ်။ ပိုပြီး ထိရောက်လာပါတယ်။ အခွင့်အရေးတွေ ပိုရလာတယ်။ ဂိုးတွေ ပိုသွင်းလာနိုင်ပါပြီ” လို့ အာတီတာက ဆိုခဲ့ပါတယ်။
“ထိပ်တန်းအသင်းတစ်သင်းဖြစ်လာဖို့ဆိုရင်တော့ တစ်ရာသီမှာ သွင်းဂိုး ၉၀-၁၀၀ လောက်သွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ အသင်းတိုင်းကို စိန်ခေါ်ချင်ရင် ဂိုးများများသွင်းနိုင်ဖို့လိုမှာပါ။ ပြိုင်ဘက်ကို နေရာတိုင်းမှာ စိန်ခေါ်နိုင်မှ အသင်းကောင်းဖြစ်လာမှာပါ” လို့လည်းစပိန်လူမျိုးနည်းပြက ဆိုသွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ တိုက်စစ်ပိုင်း အဆိုးရွားဆုံးအသင်းတစ်သင်းဖြစ်နေပြီး ကန်ချက်ဖန်တီးနိုင်စွမ်းမှာ အဆင့် ၁၉၊ ဂိုးသွင်းနှုန်းမှာ အဆင့် ၁၃၊ ဂိုးပေါက်တည့်မှုမှာ အဆင့် ၁၄၊ Key Pass ပေးပို့မှုမှာ အဆင့် ၁၇ တွေမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲကစားထားပြီး သွင်းဂိုး ၉ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ပေးဂိုး ၁၀ ဂိုးအထိ ပေးထားရတာမို့ ဂိုးရလဒ်မှာလည်း (-၁) ဖြစ်နေတဲ့အသင်းဖြစ်ပါတယ်။
Source: Football London
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ာျဖစ္သူ မီခယ္ အာတီတာက သူ႔ရဲ႕အသင္းအေနနဲ႔ လက္ရွိမွာတိုက္စစ္ပိုင္း စြမ္းေဆာင္ရည္က်ဆင္းေနေပမယ့္ ေဘာလုံးရာသီတိုင္းမွာ သြင္းဂိုး ၉၀-၁၀၀ ပတ္ဝန္းက်င္ေလာက္ သြင္းယူႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေျပာဆိုလိုက္ပါတယ္။
အာဆင္နယ္အသင္းဟာ တိုက္စစ္ပိုင္း အားနည္းခ်က္ေတြေၾကာင့္ ေဝဖန္ခံေနရတဲ့အသင္းျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပကေတာ့ သူ႔အသင္းရဲ႕တိုက္စစ္ပိုင္းကို ထက္ျမက္လာေအာင္ စြမ္းေဆာင္ႏိုင္မယ္လို႔ ယုံၾကည္မႈအျပည့္ရွိေနတာျဖစ္ပါတယ္။

“တစ္သင္းလုံး စုစည္းဖို႔နဲ႔ ဟန္ခ်က္ညီလာေအာင္လုပ္ဖို႔က ထင္သေလာက္မလြယ္ပါဘူး။ ဒါေပမယ့္ တိုက္စစ္ကိစၥက ၿပီးခဲ့တဲ့ရက္သတၱပတ္ ၂ ပတ္အတြင္းမွာ ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ထားတဲ့ ကိစၥပါ။ ကြၽန္ေတာ္တို႔ တိုက္စစ္ပိုင္းကစားပုံပိုၿပီးတိုးတက္လာတာကို ျမင္ႏိုင္ပါတယ္။ ပိုၿပီး ထိေရာက္လာပါတယ္။ အခြင့္အေရးေတြ ပိုရလာတယ္။ ဂိုးေတြ ပိုသြင္းလာႏိုင္ပါၿပီ” လို႔ အာတီတာက ဆိုခဲ့ပါတယ္။
“ထိပ္တန္းအသင္းတစ္သင္းျဖစ္လာဖို႔ဆိုရင္ေတာ့ တစ္ရာသီမွာ သြင္းဂိုး ၉၀-၁၀၀ ေလာက္သြင္းယူႏိုင္ဖို႔ လိုအပ္ပါတယ္။ အသင္းတိုင္းကို စိန္ေခၚခ်င္ရင္ ဂိုးမ်ားမ်ားသြင္းႏိုင္ဖို႔လိုမွာပါ။ ၿပိဳင္ဘက္ကို ေနရာတိုင္းမွာ စိန္ေခၚႏိုင္မွ အသင္းေကာင္းျဖစ္လာမွာပါ” လို႔လည္းစပိန္လူမ်ိဳးနည္းျပက ဆိုသြားခဲ့ပါတယ္။

တစ္ဖက္မွာလည္း အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ တိုက္စစ္ပိုင္း အဆိုး႐ြားဆုံးအသင္းတစ္သင္းျဖစ္ေနၿပီး ကန္ခ်က္ဖန္တီးႏိုင္စြမ္းမွာ အဆင့္ ၁၉၊ ဂိုးသြင္းႏႈန္းမွာ အဆင့္ ၁၃၊ ဂိုးေပါက္တည့္မႈမွာ အဆင့္ ၁၄၊ Key Pass ေပးပို႔မႈမွာ အဆင့္ ၁၇ ေတြမွာ ရပ္တည္ေနပါတယ္။
အာဆင္နယ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၈ ပြဲကစားထားၿပီး သြင္းဂိုး ၉ ဂိုးသာသြင္းယူထားႏိုင္ပါေသးတယ္။ ဒါ့အျပင္ အာဆင္နယ္အသင္းဟာ ေပးဂိုး ၁၀ ဂိုးအထိ ေပးထားရတာမို႔ ဂိုးရလဒ္မွာလည္း (-၁) ျဖစ္ေနတဲ့အသင္းျဖစ္ပါတယ္။
Source: Football London