တီယာနီကို ဘယ်လာရင်က ဘယ်လောက်တောင် ကူညီပေးခဲ့သလဲ

[UNICODE]

လက်တလောမှာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ဘောလုံးပရိတ်သတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ခိုင်ခိုင်မာမာ ရရှိနေတဲ့ ဘယ်နောက်ခံလူ ကီယွန် တီယာနီက သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝမှာ အသင်းဖော် ဟက်တာ ဘယ်လာရင်က အရေးပါခဲ့ပြီး သူ့ကြောင့် ခုလို ခြေစွမ်းကောင်းပြသနိုင်နေတာဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

တီယာနီဟာ အသင်းကိုရောက်ရှိလာချိန်မှာ ကြံ့ခိုင်မှုပြဿနာတွေအပြင် ဒါဏ်ရာပါ ရရှိလာတာဖြစ်ပြီး ပွဲထွက်ခွင့်ရဖို့အတွက် အဆိုပါပြဿနာတွေ ကင်းရှင်းသွားချိန်အထိ လနဲ့ချီပြီး စောင့်ဆိုင်းခဲ့ရသူပါ။ အဆိုပါ ကာလအတွင်း သူ ကြုံတွေ့ခဲ့ရတာတွေကို ဘယ်လာရင်ရဲ့ ‘Unseen Journey’ ရုပ်သံစီးရီးမှာ တီယာနီက ခုလိုပြောပြသွားခဲ့ပါတယ်။

“အသင်းကို ရောက်ရောက်ချင်းမှာပဲ ဘယ်လာရင်နဲ့ ကျွန်တော် အတော်လေး ရင်းနှီးသွားခဲ့ပါတယ်။ သူက ကျွန်တော့်ကို စတင်ပြီး မိတ်ဆက်ခဲ့တာပါ။ ‘ငါတို့ အချိန် တော်တော်များများကို တူတူ ကုန်ဆုံးရတော့မှာပဲ’ လို့လည်း သူပြောတယ်ဗျ။ ဘာလို့လဲဆိုရင် သူလည်း အဲ့ဒီတုန်းက ဒဏ်ရာကြီးနဲ့ဗျ” လို့ သူတို့နှစယောက် စတင်ဆုံဖြစ်ခဲ့ပုံကို တီယာနီက ဖောက်သည်ချခဲ့ပါတယ်။

“အဲ့ဒီကနေစပြီး ကျွန်တော်တို့နှစ်ယောက်အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပါတယ်။ သူက အသင်းမှာ ပုံရိပ်အရမ်းကြီးတဲ့ကစားသမားပါ။ စိုးရိမ်စိတ်ရှိနေတဲ့ ကျွန်တော့်အတွက် သူ့ရဲ့ အကူအညီတွေက အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။ အသင်းမှာလည်း ချက်ချင်း အထိုင်ကျစေခဲ့ပါတယ်။ အသင်းမှာ ကျွန်တော့်အတွက် လွှမ်းမိုးမှုအကြီးမားဆုံးလူက ဟတ်တာပဲ ဖြစ်ပါလိမ့်မယ်။ သူ မကူညီပဲနဲ့တော့ ကျွန်တော်လည်း အာဆင်နယ်နဲ့ လန်ဒန်မှာ အလွယ်တကူ အသားကျခဲ့မှာမဟုတ်ပါဘူး” လို့လည်း စကော့တလန် လက်ရွေးစင် ခံစစ်မှူးကဆိုခဲ့ပါသေးတယ်။

“အာဆင်နယ်လို အသင်းမျိုးမှာ အထိုင်ကျဖို့ အချိန်သိပ်ယူလို့ မဖြစ်ဘူးဆိုတာကို ကျွန်တော် နားလည်ထားပါတယ်။ အရင်တုန်းကဆို အမှားတစ်ခုခု ကျူးလွန်မိတိုင်း အတွေးလွန် နေတတ်တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အဲ့ဒီလိုတွေ အတွေးမလွန်တော့ပဲ သက်တောင့်သက်သာ ဘောလုံးကစားလာနိုင်တာက ဘယ်လာရင်ရဲ့ အားပေးစကားတွေကြောင့်ပါ။ သူက ‘မင်းဟာ အာဆင်နယ်မှာ ကစားဖို့ လုံလောက်တဲ့ အရည်အသွေးရှိတယ်။ ကိုယ့်ကိုကိုယ် ယုံထားစမ်းပါ’ လို့ အားပေးခဲ့တယ်လေ” လို့ တီယာနီက ဘယ်လာရင်ရဲ့ ကူညီဖေးမမှုတွေကို ပြန်လည်ပြောပြသွားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ခံစစ်မှူး ကီယန် တီယာနီဟာ ပြီးခဲ့တဲ့ရာသီအစတုန်းကမှ ဆဲလ်တစ်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၄၆ ပွဲပါဝင်ကစားပေးထားပြီး ၂ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးပေးထားပါတယ်။

Source: Bellerin’s You Tube

[ZAWGYI]

လက္တေလာမွာ ေျခစြမ္းေကာင္းေတြ ျပသေနတာေၾကာင့္ ေဘာလံုးပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္မႈကို ခုိင္ခုိင္မာမာ ရရွိေနတဲ့ ဘယ္ေနာက္ခံလူ ကီယြန္ တီယာနီက သူ႔ရဲ႕ အာဆင္နယ္ကစားသမားဘဝမွာ အသင္းေဖာ္ ဟက္တာ ဘယ္လာရင္က အေရးပါခဲ့ျပီး သူ႔ေၾကာင့္ ခုလို ေျခစြမ္းေကာင္းျပသႏုိင္ေနတာျဖစ္တယ္လုိ႔ ဝန္ခံေျပာဆိုသြားခဲ့ပါတယ္။

တီယာနီဟာ အသင္းကိုေရာက္ရွိလာခ်ိန္မွာ ၾကံ့ခိုင္မႈျပႆနာေတြအျပင္ ဒါဏ္ရာပါ ရရွိလာတာျဖစ္ျပီး ပြဲထြက္ခြင့္ရဖို႔အတြက္ အဆုိပါျပႆနာေတြ ကင္းရွင္းသြားခ်ိန္အထိ လနဲ႔ခ်ီျပီး ေစာင့္ဆုိင္းခဲ့ရသူပါ။ အဆုိပါ ကာလအတြင္း သူ ၾကံဳေတြ႕ခဲ့ရတာေတြကို ဘယ္လာရင္ရဲ႕ ‘Unseen Journey’ ရုပ္သံစီးရီးမွာ တီယာနီက ခုလိုေျပာျပသြားခဲ့ပါတယ္။

“အသင္းကို ေရာက္ေရာက္ခ်င္းမွာပဲ ဘယ္လာရင္နဲ႔ ကၽြန္ေတာ္ အေတာ္ေလး ရင္းႏွီးသြားခဲ့ပါတယ္။ သူက ကၽြန္ေတာ့္ကို စတင္ျပီး မိတ္ဆက္ခဲ့တာပါ။ ‘ငါတို႔ အခ်ိန္ ေတာ္ေတာ္မ်ားမ်ားကို တူတူ ကုန္ဆုံးရေတာ့မွာပဲ’ လို႔လည္း သူေျပာတယ္ဗ်။ ဘာလို႔လဲဆိုရင္ သူလည္း အဲ့ဒီတုန္းက ဒဏ္ရာၾကီးနဲ႔ဗ်” လို႔ သူတို႔ႏွစေယာက္ စတင္ဆံုျဖစ္ခဲ့ပံုကို တီယာနီက ေဖာက္သည္ခ်ခဲ့ပါတယ္။

“အဲ့ဒီကေနစၿပီး ကၽြန္ေတာ္တို႔ႏွစ္ေယာက္အၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရး တည္ေဆာက္ႏုိင္ခဲ့ပါတယ္။ သူက အသင္းမွာ ပံုရိပ္အရမ္းၾကီးတဲ့ကစားသမားပါ။ စိုးရိမ္စိတ္ရွိေနတဲ့ ကၽြန္ေတာ့္အတြက္ သူ႔ရဲ႕ အကူအညီေတြက အမ်ားၾကီး အေထာက္အကူျဖစ္ခဲ့ပါတယ္။ အသင္းမွာလည္း ခ်က္ခ်င္း အထိုင္က်ေစခဲ့ပါတယ္။ အသင္းမွာ ကၽြန္ေတာ့္အတြက္ လႊမ္းမိုးမႈအႀကီးမားဆုံးလူက ဟတ္တာပဲ ျဖစ္ပါလိမ့္မယ္။ သူ မကူညီပဲနဲ႔ေတာ့ ကၽြန္ေတာ္လည္း အာဆင္နယ္နဲ႔ လန္ဒန္မွာ အလြယ္တကူ အသားက်ခဲ့မွာမဟုတ္ပါဘူး” လို႔လည္း စေကာ့တလန္ လက္ေရြးစင္ ခံစစ္မွဴးကဆိုခဲ့ပါေသးတယ္။

“အာဆင္နယ္လို အသင္းမ်ိဳးမွာ အထိုင္က်ဖို႔ အခ်ိန္သိပ္ယူလို႔ မျဖစ္ဘူးဆိုတာကို ကၽြန္ေတာ္ နားလည္ထားပါတယ္။ အရင္တုန္းကဆို အမွားတစ္ခုခု က်ဴးလြန္မိတိုင္း အေတြးလြန္ ေနတတ္တာပါ။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အဲ့ဒီလိုေတြ အေတြးမလြန္ေတာ့ပဲ သက္ေတာင့္သက္သာ ေဘာလုံးကစားလာႏုိင္တာက ဘယ္လာရင္ရဲ႕ အားေပးစကားေတြေၾကာင့္ပါ။ သူက ‘မင္းဟာ အာဆင္နယ္မွာ ကစားဖို႔ လုံေလာက္တဲ့ အရည္အေသြးရွိတယ္။ ကိုယ့္ကိုကိုယ္ ယုံထားစမ္းပါ’ လို႔ အားေပးခဲ့တယ္ေလ” လို႔ တီယာနီက ဘယ္လာရင္ရဲ႕ ကူညီေဖးမမႈေတြကို ျပန္လည္ေျပာျပသြားခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ခံစစ္မွဴး ကီယန္ တီယာနီဟာ ၿပီးခဲ့တဲ့ရာသီအစတုန္းကမွ ဆဲလ္တစ္အသင္းကေန အာဆင္နယ္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ျပီး အသင္းအတြက္ ၄၆ ပြဲပါဝင္ကစားေပးထားၿပီး ၂ ဂိုးသြင္းယူကာ ၄ ဂိုးဖန္တီးေပးထားပါတယ္။

Source: Bellerin’s You Tube

Leave a Reply