တီယာနီက ဘာကြောင့် Captain ဖြစ်သင့်တာလဲ

k. tierney

[UNICODE]

အာဆင်နယ်နဲ့ မန်ယူခံစစ်မှူးဟောင်း မီခယ် ဆီလ်ဗက်စတြာက စကော့တလန် ဘယ်နောက်ခံလူ ကီယန် တီယာနီဟာ ဘာကြောင့် အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်သစ်ဖြစ်လာသင့်တာလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

အမ်းမရိတ်မှာ ၂ ရာသီကြာ ကစားခဲ့ဖူးတဲ့ ဆီလ်ဗက်စတြာက တီယာနီဟာ အသင်းခေါင်းဆောင်ဖြစ်ထိုက်တဲ့ စိတ်ခွန်အားနဲ့ စိတ်ဓာတ်မာကျောမှုမျိုးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ၂၃ နှစ်အရွယ်သာရှိသေးပေမယ့် အသင်းဖော်တွေအပေါ်မှာလည်း လွှမ်းမိုးဦးဆောင်နိုင်တဲ့သူဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

“တီယာနီက ဒီရာသီ သူတို့အသင်းရဲ့ အငြင်းပွားဖွယ်မရှိ အကောင်းဆုံးကစားသမားပါ။ သူ အရမ်းကောင်းပါတယ်။ အထူးသဖြင့် မနှစ်ကရာသီ ဒါဏ်ရာကနေပြန်လာပြီးချိန်ကတည်းကဆိုပါတော့။ သူက သူ့ရဲ့ တန်ဖိုးကို အမျိုးမျိုးသက်သေပြနေတာပါ။ အသင်းသားတွေကို စိတ်ခွန်အားပေးနိုင်သလို သူကိုယ်တိုင်လည်း ဘယ်တော့မှ အရှုံးမပေးတတ်တဲသူမျိုးပါ။” လို့ ဆီလ်ဗက်စတြာက Ladbrokes ဝက်ဘ်ဆိုက်ကို ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဆီလ်ဗက်စတြာက တီယာနီဟာ အသင်းခေါင်းဆောင် လက်ပတ်နဲ့သာထိုက်တန်တာမဟုတ်ပဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူလည်းဖြစ်လာမယ့်သူဖြစ်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

“သူက အနာဂတ်အသင်းခေါင်းဆောင်ဗျ။ သေချာတယ်။ သူ့အနေနဲ့ ပွဲတွေပိုကစားရဖို့ လိုအပ်နေသေးတယ်ဆိုပေမယ့် သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူဖြစ်လာမယ့် အရည်အသွေးမျိုးလည်း ပိုင်ဆိုင်ထားသေးတယ်။ သူ့မှာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်နိုင်တဲ့ စိတ်ဓာတ်ခိုင်မာမှုမျိုး အပြည့်အဝရှိထားတယ်ဗျ” လို့လည်း ပြင်သစ်ခံစစ်မှူးဟောင်းက ဆိုသွားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိရာသီ အခြေအနေနဲ့ပတ်သက်လို့လည်း ပြင်သစ်ခံစစ်မှူးဟောင်းက ခုလို သုံးသပ်သွားခဲ့ပါတယ်။ “ကျွန်တော်ကတော့ အာဆင်နယ်အသင်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပြန်နိုးထလာနိုင်ခဲ့တာကို သဘောကျမိပါတယ်။ ခင်ဗျားတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့အစုအဖွဲ့က FA ဖလားယူနိုင်ခဲ့တယ်၊ အလားအလာကောင်းတဲ့ လူငယ်တွေကိုလည်း စုစည်းထားနိုင်တယ်။ သူတို့ တဖြည်းဖြည်း ပိုပြီးကောင်းကောင်းကစားလာနိုင်နေပါပြီ။ လက်ရှိအာဆင်နယ်အသင်းက သင်ယူရင်း ခရီးဆက်နေရတာပါ” လို့ ဆီလ်ဗက်စတြာက သုံးသပ်သွားခဲ့ပါတယ်။

Source: Goal

[ZAWGYI]

အာဆင္နယ္နဲ႔ မန္ယူခံစစ္မွဴးေဟာင္း မီခယ္ ဆီလ္ဗက္စၾတာက စေကာ့တလန္ ဘယ္ေနာက္ခံလူ ကီယန္ တီယာနီဟာ ဘာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္သစ္ျဖစ္လာသင့္တာလဲဆိုတာကို ရွင္းျပသြားခဲ့ပါတယ္။

အမ္းမရိတ္မွာ ၂ ရာသီၾကာ ကစားခဲ့ဖူးတဲ့ ဆီလ္ဗက္စၾတာက တီယာနီဟာ အသင္းေခါင္းေဆာင္ျဖစ္ထိုက္တဲ့ စိတ္ခြန္အားနဲ႔ စိတ္ဓာတ္မာေက်ာမႈမ်ိဳးကို ပိုင္ဆိုင္ထားသူျဖစ္ျပီး ၂၃ ႏွစ္အရြယ္သာရွိေသးေပမယ့္ အသင္းေဖာ္ေတြအေပၚမွာလည္း လႊမ္းမိုးဦးေဆာင္ႏုိင္တဲ့သူျဖစ္တယ္လုိ႔ သံုးသပ္ေျပာဆိုလုိက္ပါတယ္။

“တီယာနီက ဒီရာသီ သူတို႔အသင္းရဲ႕ အျငင္းပြားဖြယ္မရွိ အေကာင္းဆံုးကစားသမားပါ။ သူ အရမ္းေကာင္းပါတယ္။ အထူးသျဖင့္ မႏွစ္ကရာသီ ဒါဏ္ရာကေနျပန္လာျပီးခ်ိန္ကတည္းကဆိုပါေတာ့။ သူက သူ႔ရဲ႕ တန္ဖိုးကို အမ်ိဳးမ်ိဳးသက္ေသျပေနတာပါ။ အသင္းသားေတြကို စိတ္ခြန္အားေပးႏုိင္သလို သူကိုယ္တုိင္လည္း ဘယ္ေတာ့မွ အရံႈးမေပးတတ္တဲသူမ်ိဳးပါ။” လို႔ ဆီလ္ဗက္စၾတာက Ladbrokes ဝက္ဘ္ဆိုက္ကို ေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ ဆီလ္ဗက္စၾတာက တီယာနီဟာ အသင္းေခါင္းေဆာင္ လက္ပတ္နဲ႔သာထုိက္တန္တာမဟုတ္ပဲ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ဘယ္ေနာက္ခံလူလည္းျဖစ္လာမယ့္သူျဖစ္တယ္လုိ႔ ေျပာဆိုခဲ့ပါေသးတယ္။

“သူက အနာဂတ္အသင္းေခါင္းေဆာင္ဗ်။ ေသခ်ာတယ္။ သူ႔အေနနဲ႔ ပြဲေတြပိုကစားရဖို႔ လိုအပ္ေနေသးတယ္ဆိုေပမယ့္ သူက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးေနာက္ခံလူျဖစ္လာမယ့္ အရည္အေသြးမ်ိဳးလည္း ပိုင္ဆုိင္ထားေသးတယ္။ သူ႔မွာ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ႏုိင္တဲ့ စိတ္ဓာတ္ခိုင္မာမႈမ်ိဳး အျပည့္အဝရွိထားတယ္ဗ်” လို႔လည္း ျပင္သစ္ခံစစ္မွဴးေဟာင္းက ဆိုသြားခဲ့ပါေသးတယ္။

အာဆင္နယ္အသင္းရဲ႕ လက္ရွိရာသီ အေျခအေနနဲ႔ပတ္သက္လို႔လည္း ျပင္သစ္ခံစစ္မွဴးေဟာင္းက ခုလို သံုးသပ္သြားခဲ့ပါတယ္။ “ကၽြန္ေတာ္ကေတာ့ အာဆင္နယ္အသင္း ျပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ျပန္ႏိုးထလာႏုိင္ခဲ့တာကို သေဘာက်မိပါတယ္။ ခင္ဗ်ားတို႔ ၾကိဳက္ၾကိဳက္ မၾကိဳက္ၾကိဳက္ သူတို႔အစုအဖြဲ႕က FA ဖလားယူႏဳိင္ခဲ့တယ္၊ အလားအလာေကာင္းတဲ့ လူငယ္ေတြကိုလည္း စုစည္းထားႏုိင္တယ္။ သူတုိ႔ တျဖည္းျဖည္း ပိုျပီးေကာင္းေကာင္းကစားလာႏုိင္ေနပါျပီ။ လက္ရွိအာဆင္နယ္အသင္းက သင္ယူရင္း ခရီးဆက္ေနရတာပါ” လို႔ ဆီလ္ဗက္စၾတာက သံုးသပ္သြားခဲ့ပါတယ္။

Source: Goal

Leave a Reply