
[UNICODE]
အာဆင်နယ်အသင်းက စပါးအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက်မှာ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာဟာ သူ့ရဲ့ အာဆင်နယ်နည်းပြဘဝ သက်တမ်း ၁၅ လတာ ကာလအတွင်း ပရီးမီးယားလိဂ်က ထိပ်သီး ၆ သင်းစာရင်းဝင်အသင်းတွေအားလုံးကို အနိုင်ယူနိုင်ခဲ့သူဖြစ်လာခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်သာရှိသေးတဲ့ စပိန်လူမျိုးနည်းပြအာတီတာဟာ အဘက်ဘက်ကယိုယွင်းနေတဲ့ အာဆင်နယ်အသင်းကို ပြင်ဆင်တည်ဆောက်မှုပြုလုပ်ကာ တာဝန်ယူထိမ်းကျောင်းနေစဉ်ကာလမှာပဲ မန်ယူ၊ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ စပါး၊ လက်စတာစတဲ့ ထိပ်သီး ၆ သင်းစာရင်းဝင်အားလုံးကို အနိုင်ယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အာတီတာရဲ့ လက်အောက်မှာ ထိပ်သီးအသင်းတွေနဲ့ ပြိုင်ပွဲစုံမှာ ၂၁ ပွဲရင်ဆိုင်ကစားခဲ့ပြီး ၁၁ ပွဲအနိုင်ရရှိခဲ့ပါတယ်။ အထူးသဖြင့် မန်ယူအသင်းကို လုံးဝမရှုံးနိမ့်သေးတာနဲ့ လီဗာပူးလ်ကို ၃ ကြိမ်အထိ အနိုင်ယူထားနိုင်တာတွေက ထူးခြားချက်ပါ။
အာတီတာကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံမှာ မန်ယူကို (၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၀ ပွဲရှုံး) ၊ လီဗာပူးလ်ကို (၃ ပွဲနိုင်၊ ၀ ပွဲသရေ၊ ၁ ပွဲရှုံး)၊ မန်စီးတီးကို (၁ ပွဲနိုင်၊ ၀ ပွဲသရေ၊ ၃ ပွဲရှုံး) ၊ ချယ်လ်ဆီးကို (၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး) လက်စတာကို (၂ ပွဲနိုင်၊ ၀ ပွဲသရေ၊ ၁ ပွဲရှုံး) ၊ စပါးကို (၁ ပွဲနိုင်၊ ၀ ပွဲသရေ၊ ၂ ပွဲရှုံး) ဆိုတဲ့ ရလဒ်တွေ ရယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၈ နှစ်အရွယ်သာရှိသေးတဲ့ မီခယ် အာတီတာဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာမှ အာဆင်နယ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တာပါ။
စပိန်လူမျိုး လူငယ်နည်းပြ မီခယ် အာတီတာဟာ အာဆင်နယ်အသင်းနဲ့အတူ နည်းပြဘဝကိုစတင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ နည်းပြဘဝ ပထမ ၈ လ အတွင်းမှာပဲ အသင်းအတွက် FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတွေကို ရယူပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိရာသီမှာလည်း မန်ယူအသင်းကို အိုးလ်ထရက်ဖို့မှာ ဆယ်စုနှစ်နဲ့ချီ အနိုင်မရတော့တဲ့ မှတ်တမ်းဆိုးကို ခြေဖျက်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
[ZAWGYI]
အာဆင္နယ္အသင္းက စပါးအသင္းကို ၂-၁ နဲ႔ အႏုိင္ရခဲ့ျပီးတဲ့ေနာက္မွာ အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာဟာ သူ႔ရဲ႕ အာဆင္နယ္နည္းျပဘဝ သက္တမ္း ၁၅ လတာ ကာလအတြင္း ပရီးမီးယားလိဂ္က ထိပ္သီး ၆ သင္းစာရင္းဝင္အသင္းေတြအားလံုးကို အႏုိင္ယူႏုိင္ခဲ့သူျဖစ္လာခဲ့ပါတယ္။
အသက္ ၃၈ ႏွစ္အရြယ္သာရွိေသးတဲ့ စပိန္လူမ်ိဳးနည္းျပအာတီတာဟာ အဘက္ဘက္ကယိုယြင္းေနတဲ့ အာဆင္နယ္အသင္းကို ျပင္ဆင္တည္ေဆာက္မႈျပဳလုပ္ကာ တာဝန္ယူထိမ္းေက်ာင္းေနစဥ္ကာလမွာပဲ မန္ယူ၊ လီဗာပူးလ္၊ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ စပါး၊ လက္စတာစတဲ့ ထိပ္သီး ၆ သင္းစာရင္းဝင္အားလံုးကို အႏုိင္ယူႏုိင္ခဲ့တာပါ။

အာဆင္နယ္အသင္းဟာ အာတီတာရဲ႕ လက္ေအာက္မွာ ထိပ္သီးအသင္းေတြနဲ႔ ျပိဳင္ပြဲစံုမွာ ၂၁ ပြဲရင္ဆုိင္ကစားခဲ့ျပီး ၁၁ ပြဲအႏုိင္ရရွိခဲ့ပါတယ္။ အထူးသျဖင့္ မန္ယူအသင္းကို လံုးဝမရံႈးနိမ့္ေသးတာနဲ႔ လီဗာပူးလ္ကို ၃ ၾကိမ္အထိ အႏိုင္ယူထားႏုိင္တာေတြက ထူးျခားခ်က္ပါ။
အာတီတာကိုင္တြယ္ေနတဲ့ အာဆင္နယ္အသင္းဟာ ျပိဳင္ပြဲစံုမွာ မန္ယူကို (၂ ပြဲႏိုင္၊ ၁ ပြဲသေရ၊ ၀ ပြဲရံႈး) ၊ လီဗာပူးလ္ကို (၃ ပြဲႏိုင္၊ ၀ ပြဲသေရ၊ ၁ ပြဲရံႈး)၊ မန္စီးတီးကို (၁ ပြဲႏိုင္၊ ၀ ပြဲသေရ၊ ၃ ပြဲရံႈး) ၊ ခ်ယ္လ္ဆီးကို (၂ ပြဲႏိုင္၊ ၁ ပြဲသေရ၊ ၁ ပြဲရံႈး) လက္စတာကို (၂ ပြဲႏုိင္၊ ၀ ပြဲသေရ၊ ၁ ပြဲရံႈး) ၊ စပါးကို (၁ ပြဲႏုိင္၊ ၀ ပြဲသေရ၊ ၂ ပြဲရံႈး) ဆိုတဲ့ ရလဒ္ေတြ ရယူႏုိင္ခဲ့ပါတယ္။

လက္ရွိမွာ အသက္ ၃၈ ႏွစ္အရြယ္သာရွိေသးတဲ့ မီခယ္ အာတီတာဟာ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္ျပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာမွ အာဆင္နယ္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာခဲ့တာပါ။
စပိန္လူမ်ိဳး လူငယ္နည္းျပ မီခယ္ အာတီတာဟာ အာဆင္နယ္အသင္းနဲ႔အတူ နည္းျပဘဝကိုစတင္ခဲ့သူျဖစ္ျပီး သူ႔ရဲ႕ နည္းျပဘဝ ပထမ ၈ လ အတြင္းမွာပဲ အသင္းအတြက္ FA ဖလားနဲ႔ ကြန္ျမဴနတီဒိုင္းေတြကို ရယူေပးႏုိင္ခဲ့သူျဖစ္ျပီး လက္ရွိရာသီမွာလည္း မန္ယူအသင္းကို အိုးလ္ထရက္ဖို႔မွာ ဆယ္စုႏွစ္နဲ႔ခ်ီ အႏုိင္မရေတာ့တဲ့ မွတ္တမ္းဆိုးကို ေျခဖ်က္ေပးႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။