ဒီယေဂို ကော်စတာက အာဆင်နယ် လိုအပ်နေတဲ့ကစားသမားပါ – ဝီလီယံ ဂါးလက်စ်

[UNICODE]

အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဝီလီယံ ဂါးလက်စ်က အာဆင်နယ်အသင်းအနေနဲ့ လက်တလောမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ စပိန်တိုက်စစ်မှူး ဒီယေဂို ကော်စတာကို မဖြစ်မနေခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ဒီယေဂို ကော်စတာလို နိုင်ပွဲကိုဆာလောင်ပြီး အသင်းအတွက် ဘာမဆိုလုပ်ပေးမယ့် ကစားသမားမျိုး အာဆင်နယ်မှာ လိုအပ်နေတယ်လို့ ဂါးလက်စ်က PlayOJO နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့သလို အူဘာမီယန်း၊ ဝီလီယံနဲ့ ပက်ပေတို့ ခြေစွမ်းကျဆင်းနေချိန်မှာ ကော်စတာက ရေတို အဖြေတစ်ခုဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုသွားတာပါ။

“ကော်စတာက စိတ်ဓာတ်တစ်ခုကို ယူဆောင်လာပါလိမ့်မယ်။ သူက နိုင်ပွဲကို ဆာလောင်စိတ် သိပ်ကို ပြင်းထန်ပါတယ်။ အသင်းဖော်တွေ ကောင်းကောင်းမကစားရင် သူက အော်ဟစ်ဆူပူနေမှာပါ။ ကျွန်တော်ကတော့ ဒါက ကောင်းတဲ့အချက်လို့ မြင်ပါတယ်။ ကျွန်တော် အာဆင်နယ်ပွဲတွေကြည့်တိုင်းမြင်နေရတာက သူတို့က ဂိုးတွေ ပေးနေရရင်တောင်မှ အေးအေးလူလူ လမ်းလျှောက်နေကြတာပါ။ ကော်စတာလို ‘လုပ်ကြစမ်းပါ’ ‘နိုးထကြစမ်းပါ’ လို့ ပြောမယ့်သူ ဘယ်မှာလဲ။ အသင်းတစ်သင်းမှာ ဒီလိုကစားသမားမျိုး ရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ အာဆင်နယ်ကိုသာ သူပြောင်းရွှေ့လာမယ်ဆိုရင် ပြိုင်ဘက်ခံစစ်မှူးတွေအတွက် ခေါင်းခဲစရာဖြစ်လာမှာပါ။ ဒါပေမယ့် လာကာဇက်အတွက်တော့ သတင်းကောင်း မဟုတ်နိုင်ပါဘူး” လို့ ဂါးလက်စ်က ဆိုခဲ့ပါတယ်။

၃၂ နှစ်အရွယ် ဘရာဇီးလ်ဖွား စပိန်တိုက်စစ်မှူး ဒီယေဂို ကော်စတာဟာ ယခုဇန်ဝါရီလဆန်းမှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့သူဖြစ်ပြီး လက်တလောမှာ သူ့ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတချို့အပြင် တရုတ်ကလပ်တွေနဲ့ ဘရာဇီးလ်ကလပ်တွေကလည်း စိတ်ဝင်စားနေပါတယ်။

စပိန်လက်ရွေးစင်တိုက်စစ်မှူး ကော်စတာဟာ အာဆင်နယ်အသင်းရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းမှာ ၄ ရာသီကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၀ ကစားပေးပြီး သွင်းဂိုး ၅၉ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အက်သလက်တီကိုအသင်းထံ ပြန်လည်ပြောင်းရွှေ့သွားခဲ့သူပါ။

ဒီယေဂို ကော်စတာဟာ ဂိုးသွင်းကောင်းပြီး စိတ်ဓာတ်ပြင်းထန်သူဖြစ်ပေမယ့် ပြိုင်ဘက်ကို မထီမထင်တဲ့ အပြုအမူတွေ၊ စည်းကမ်းပိုင်းအားနည်းချက်တွေနဲ့ ဆွပြီးကစားတတ်တဲ့ကစားသမားမျိုးဖြစ်တာကြောင့် ပြိုင်ဘက်ပရိတ်သတ်တွေရဲ့ မုန်းတီးမှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသူဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတွေနဲ့လည်း ပြဿနာအကြိမ်ကြိမ်တက်ခဲ့ဖူးသူဖြစ်ပါတယ်။

Source: Goal

[ZAWGYI]

အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဝီလီယံ ဂါးလက္စ္က အာဆင္နယ္အသင္းအေနနဲ႔ လက္တေလာမွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ စပိန္တုိက္စစ္မွဴး ဒီေယဂို ေကာ္စတာကို မျဖစ္မေနေခၚယူသင့္တယ္လို႔ တုိက္တြန္းေျပာဆိုသြားခဲ့ပါတယ္။

ဒီေယဂို ေကာ္စတာလို ႏိုင္ပြဲကိုဆာေလာင္ျပီး အသင္းအတြက္ ဘာမဆိုလုပ္ေပးမယ့္ ကစားသမားမ်ိဳး အာဆင္နယ္မွာ လိုအပ္ေနတယ္လုိ႔ ဂါးလက္စ္က PlayOJO နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့သလို အူဘာမီယန္း၊ ဝီလီယံနဲ႔ ပက္ေပတို႔ ေျခစြမ္းက်ဆင္းေနခ်ိန္မွာ ေကာ္စတာက ေရတို အေျဖတစ္ခုျဖစ္လာႏုိင္တယ္လို႔လည္း သူက ဆိုသြားတာပါ။

“ေကာ္စတာက စိတ္ဓာတ္တစ္ခုကို ယူေဆာင္လာပါလိမ့္မယ္။ သူက ႏုိင္ပြဲကို ဆာေလာင္စိတ္ သိပ္ကို ျပင္းထန္ပါတယ္။ အသင္းေဖာ္ေတြ ေကာင္းေကာင္းမကစားရင္ သူက ေအာ္ဟစ္ဆူပူေနမွာပါ။ ကၽြန္ေတာ္ကေတာ့ ဒါက ေကာင္းတဲ့အခ်က္လို႔ ျမင္ပါတယ္။ ကၽြန္ေတာ္ အာဆင္နယ္ပြဲေတြၾကည့္တုိင္းျမင္ေနရတာက သူတို႔က ဂိုးေတြ ေပးေနရရင္ေတာင္မွ ေအးေအးလူလူ လမ္းေလွ်ာက္ေနၾကတာပါ။ ေကာ္စတာလို ‘လုပ္ၾကစမ္းပါ’ ‘ႏိုးထၾကစမ္းပါ’ လို႔ ေျပာမယ့္သူ ဘယ္မွာလဲ။ အသင္းတစ္သင္းမွာ ဒီလိုကစားသမားမ်ိဳး ရွိဖုိ႔ လိုအပ္ပါတယ္။ တကယ္လို႔ အာဆင္နယ္ကုိသာ သူေျပာင္းေရႊ႕လာမယ္ဆိုရင္ ျပိဳင္ဘက္ခံစစ္မွဴးေတြအတြက္ ေခါင္းခဲစရာျဖစ္လာမွာပါ။ ဒါေပမယ့္ လာကာဇက္အတြက္ေတာ့ သတင္းေကာင္း မဟုတ္ႏုိင္ပါဘူး” လို႔ ဂါးလက္စ္က ဆိုခဲ့ပါတယ္။

၃၂ ႏွစ္အ႐ြယ္ ဘရာဇီးလ္ဖြား စပိန္တိုက္စစ္မႉး ဒီေယဂို ေကာ္စတာဟာ ယခုဇန္ဝါရီလဆန္းမွာ စပိန္ကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့သူျဖစ္ျပီး လက္တေလာမွာ သူ႔ကိုေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္အသင္းတခ်ိဳ႕အျပင္ တ႐ုတ္ကလပ္ေတြနဲ႔ ဘရာဇီးလ္ကလပ္ေတြကလည္း စိတ္ဝင္စားေနပါတယ္။

စပိန္လက္ေ႐ြးစင္တိုက္စစ္မႉး ေကာ္စတာဟာ အာဆင္နယ္အသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းမွာ ၄ ရာသီၾကာကစားခဲ့ၿပီး ၿပိဳင္ပြဲစုံ ပြဲေပါင္း ၁၂၀ ကစားေပးၿပီး သြင္းဂိုး ၅၉ ဂိုးသြင္းယူေပးခဲ့သူျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ အက္သလက္တီကိုအသင္းထံ ျပန္လည္ေျပာင္းေ႐ႊ႕သြားခဲ့သူပါ။

ဒီေယဂို ေကာ္စတာဟာ ဂိုးသြင္းေကာင္းျပီး စိတ္ဓာတ္ျပင္းထန္သူျဖစ္ေပမယ့္ ၿပိဳင္ဘက္ကို မထီမထင္တဲ့ အျပဳအမူေတြ၊ စည္းကမ္းပိုင္းအားနည္းခ်က္ေတြနဲ႔ ဆြၿပီးကစားတတ္တဲ့ကစားသမားမ်ိဳးျဖစ္တာေၾကာင့္ ၿပိဳင္ဘက္ပရိတ္သတ္ေတြရဲ႕ မုန္းတီးမႈကို ျပင္းျပင္းထန္ထန္ ခံခဲ့ရသူျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္းေတြနဲ႔လည္း ျပႆနာအႀကိမ္ႀကိမ္တက္ခဲ့ဖူးသူျဖစ္ပါတယ္။

Source: Goal

Leave a Reply