
[UNICODE]
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်း အီမန်နူယယ် ဖရင်ပေါင်က အာဆင်နယ်အသင်းက ကစားသမားအများစုဟာ အသင်းနဲ့မထိုက်တန်တဲ့ ကစားသမားတွေဖြစ်နေတာမို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
ဂန်းနားတွေဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ဆက်တိုက်ရင်ဆိုင်နေရပြီး အသင်းသမိုင်းမှာ အဆိုးရွားဆုံးနှစ်တစ်နှစ်အဖြစ် သတ်မှတ်ခံရတဲ့အထိ အခြေအနေဆိုးနေတာဖြစ်ပါတယ်။ အသင်းဟာ တန်းဆင်းဇုံနဲ့ ၄ မှတ်အကွာမှာ ရုံးကန်နေရပြီး ရာသီကုန်ဥရောပဝင်ခွင့်ကလည်း မရေရာတော့တဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတာပါ။

ဒါနဲ့ပတ်သက်ပြီး ဖရင်ပေါင်က သူ့ရဲ့ အမြင်ကို ခုလိုပြောဆိုသွားပါတယ်။ “အသင်းမှာ ပြဿနာဖြစ်နေတဲ့ ကိစ္စကတော့ ကစားသမားတွေက လုံလောက်တဲ့ ကြိုးစားအားထုတ်မျိုးမှု လုံးဝမရှိတာပါ။ ကျွန်တော်တို့ အသင်းမှာရှိတုန်းက ခင်ဗျားတို့ ရွက်ကြမ်းရေကြိုတွေလို့ ပြောခဲ့ကြတဲ့ ကစားသမားတွေက ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးတွေကိုတောင် ရဲရဲရင့်ရင့် ရင်ဆိုင်ကြတာပါ။ခု အာဆင်နယ်အသင်းမှာ ကြယ်ပွင့်တွေ ရှိနေပေမယ့် အားကိုးလို့မရတဲ့ ကြယ်ပွင့်တွေ ဖြစ်နေတယ်။ ခင်ဗျားတို့ ဆိုဖာပေါ်ထိုင်ပြီး ကြည့်ချင်စရာကောင်းလောက်တဲ့ ကစားသမားမျိုး အသင်းမှာ မရှိဘူးမဟုတ်လား။ ဒါက အသင်းရဲ့ လက်ရှိပြဿနာပါပဲ” လို့ ဖရင်ပေါင်က ဆိုသွားခဲ့ပါတယ်။
“ကစားသမားသစ်တွေ မခေါ်ယူနိုင်ရင် အသင်းက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဦးမှာပါပဲ။ ပြဿနာက မန်နေဂျာမဟုတ်ပါဘူး။ အသင်းက ကစားသမားအများစုက အာဆင်နယ်နဲ့ထိုက်တန်တဲ့ အရည်အသွေးမျိုးမရှိကြတာပါ။ ကျွန်တော်တို့အသင်းက ဗဟိုနောက်ခံလူရော၊ ခံစစ်အစွန်လူရော လိုအပ်နေသလို အဓိက လိုအပ်နေတာကတော့ ကွင်းလယ်လူတွေပါပဲ။ လက်ရှိအချိန်မှာ အသင်းအနေနဲ့ ကောင်းကောင်းအထောက်အကူဖြစ်စေမယ့် အရည်အသွေးမြင့် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်” လို့ ဖရင်ပေါင်က ဆိုသွားခဲ့ပါတယ်။

“ဥပမာပေးရရင်တော့ အစ္စကိုပေါ့။ သူက ချန်ပီယံလိဂ်ချန်ပီယံဟောင်းဖြစ်သလို စပိန်အသင်းအတွက်လည်း ကစားပေးနေသူပါ။ သူက အာဆင်နယ်ကို သေချာပေါက် ကူညီနိုင်မယ့်သူမျိုးပါ။ ဘာလို့လည်းဆိုရင်တော့ အာဆင်နယ်မှာ သူ့လို တိုက်စစ်ကို ကူညီနိုင်သူမျိုးမရှိတာကြောင့်ပါပဲ။ နောက်ထပ်လိုအပ်ချက်ကတော့ ခံစစ်ပိုင်းပါ။ ခံစစ်က အတော်လေး အကူအညီမဲ့နေတာပါ။ ဘယ်အသင်းကပဲ တိုက်စစ်ဆင်ဆင် ကျွန်တော်တို့ ခြေမှုန်းခံနေရပါတယ်။ ကျွန်တော်တို့မှာ ဒီပြဿနာက နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ ပြဿနာပါ” လို့လည်း သူကဆိုခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းဟာ ယခုတစ်ပတ်မှာ ချယ်လ်ဆီးအသင်းနဲ့ရင်ဆိုင်ရဖို့ရှိနေပြီး နောက်ထပ်ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမှာတော့ ဘရိုက်တန်၊ ဝက်စ်ဘရွမ်းနဲ့ နယူးကာဆယ်အသင်းတွေနဲ့ရင်ဆိုင်သွားရမှာပါ။
Source: Goal, PlayOJO
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူေဟာင္း အီမန္ႏူယယ္ ဖရင္ေပါင္က အာဆင္နယ္အသင္းက ကစားသမားအမ်ားစုဟာ အသင္းနဲ႔မထိုက္တန္တဲ့ ကစားသမားေတြျဖစ္ေနတာမို႔ ကစားသမားသစ္ေတြ ေခၚယူဖို႔ မျဖစ္မေနလိုအပ္ေနျပီျဖစ္တယ္လုိ႔ သံုးသပ္ေျပာဆိုလုိက္ပါတယ္။
ဂန္းနားေတြဟာ ပရီးမီးယားလိဂ္မွာ ရလဒ္ဆိုးေတြ ဆက္တုိက္ရင္ဆုိင္ေနရျပီး အသင္းသမုိင္းမွာ အဆိုးရြားဆံုးႏွစ္တစ္ႏွစ္အျဖစ္ သတ္မွတ္ခံရတဲ့အထိ အေျခအေနဆိုးေနတာျဖစ္ပါတယ္။ အသင္းဟာ တန္းဆင္းဇံုနဲ႔ ၄ မွတ္အကြာမွာ ရံုးကန္ေနရျပီး ရာသီကုန္ဥေရာပဝင္ခြင့္ကလည္း မေရရာေတာ့တဲ့ အေျခအေနမ်ိဳးကို ၾကံဳေတြ႕ေနရတာပါ။

ဒါနဲ႔ပတ္သက္ျပီး ဖရင္ေပါင္က သူ႔ရဲ႕ အျမင္ကို ခုလိုေျပာဆိုသြားပါတယ္။ “အသင္းမွာ ျပႆနာျဖစ္ေနတဲ့ ကိစၥကေတာ့ ကစားသမားေတြက လံုေလာက္တဲ့ ၾကိဳးစားအားထုတ္မ်ိဳးမႈ လံုးဝမရွိတာပါ။ ကၽြန္ေတာ္တို႔ အသင္းမွာရွိတုန္းက ခင္ဗ်ားတို႔ ရြက္ၾကမ္းေရၾကိဳေတြလို႔ ေျပာခဲ့ၾကတဲ့ ကစားသမားေတြက ရီးရဲလ္မက္ဒရစ္လိုအသင္းမ်ိဳးေတြကိုေတာင္ ရဲရဲရင့္ရင့္ ရင္ဆုိင္ၾကတာပါ။ခု အာဆင္နယ္အသင္းမွာ ၾကယ္ပြင့္ေတြ ရွိေနေပမယ့္ အားကိုးလို႔မရတဲ့ ၾကယ္ပြင့္ေတြ ျဖစ္ေနတယ္။ ခင္ဗ်ားတို႔ ဆိုဖာေပၚထုိင္ျပီး ၾကည့္ခ်င္စရာေကာင္းေလာက္တဲ့ ကစားသမားမ်ိဳး အသင္းမွာ မရွိဘူးမဟုတ္လား။ ဒါက အသင္းရဲ႕ လက္ရွိျပႆနာပါပဲ” လို႔ ဖရင္ေပါင္က ဆိုသြားခဲ့ပါတယ္။
“ကစားသမားသစ္ေတြ မေခၚယူႏုိင္ရင္ အသင္းက အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရဦးမွာပါပဲ။ ျပႆနာက မန္ေနဂ်ာမဟုတ္ပါဘူး။ အသင္းက ကစားသမားအမ်ားစုက အာဆင္နယ္နဲ႔ထုိက္တန္တဲ့ အရည္အေသြးမ်ိဳးမရွိၾကတာပါ။ ကၽြန္ေတာ္တို႔အသင္းက ဗဟိုေနာက္ခံလူေရာ၊ ခံစစ္အစြန္လူေရာ လိုအပ္ေနသလို အဓိက လိုအပ္ေနတာကေတာ့ ကြင္းလယ္လူေတြပါပဲ။ လက္ရွိအခ်ိန္မွာ အသင္းအေနနဲ႔ ေကာင္းေကာင္းအေထာက္အကူျဖစ္ေစမယ့္ အရည္အေသြးျမင့္ ေခၚယူမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ေနပါတယ္” လို႔ ဖရင္ေပါင္က ဆိုသြားခဲ့ပါတယ္။

“ဥပမာေပးရရင္ေတာ့ အစၥကိုေပါ့။ သူက ခ်န္ပီယံလိဂ္ခ်န္ပီယံေဟာင္းျဖစ္သလို စပိန္အသင္းအတြက္လည္း ကစားေပးေနသူပါ။ သူက အာဆင္နယ္ကို ေသခ်ာေပါက္ ကူညီႏုိင္မယ့္သူမ်ိဳးပါ။ ဘာလို႔လည္းဆိုရင္ေတာ့ အာဆင္နယ္မွာ သူ႔လို တုိက္စစ္ကို ကူညီႏုိင္သူမ်ိဳးမရွိတာေၾကာင့္ပါပဲ။ ေနာက္ထပ္လိုအပ္ခ်က္ကေတာ့ ခံစစ္ပိုင္းပါ။ ခံစစ္က အေတာ္ေလး အကူအညီမဲ့ေနတာပါ။ ဘယ္အသင္းကပဲ တုိက္စစ္ဆင္ဆင္ ကၽြန္ေတာ္တို႔ ေျခမႈန္းခံေနရပါတယ္။ ကၽြန္ေတာ္တို႔မွာ ဒီျပႆနာက ႏွစ္ေပါင္းမ်ားစြာ အျမစ္တြယ္လာတဲ့ ျပႆနာပါ” လို႔လည္း သူကဆိုခဲ့ပါေသးတယ္။
အာဆင္နယ္အသင္းဟာ ယခုတစ္ပတ္မွာ ခ်ယ္လ္ဆီးအသင္းနဲ႔ရင္ဆုိင္ရဖို႔ရွိေနျပီး ေနာက္ထပ္ရင္ဆိုင္ရမယ့္ ပြဲစဥ္ေတြမွာေတာ့ ဘရိုက္တန္၊ ဝက္စ္ဘရြမ္းနဲ႔ နယူးကာဆယ္အသင္းေတြနဲ႔ရင္ဆုိင္သြားရမွာပါ။
Source: Goal, PlayOJO