
[UNICODE]
အာဆင်နယ်နည်းပြဘဝ သက်တမ်းတစ်လျှောက် အရေးအပါဆုံးနဲ့ အန္တရာယ်အများဆုံး ရက်သတ္တပတ်ထဲကို ရောက်ရှိနေပေမယ့်လည်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရမှာကို စိတ်ပူမနေဘူးလို့ အာဆင်နယ်အသင်းနည်းပြ မီခယ် အာတီတာက ပြောဆိုလိုက်ပါတယ်။
အာတီတာအနေနဲ့ လက်ရှိရာသီမှာ အာဆင်နယ်အသင်းကို အကောင်းဆုံးဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့ခြင်းမရှိပဲ အသင်းဟာလည်း ၂၆ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး အမှတ်ပေးဇယားရပ်တည်မှုဖြစ်တဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေရသလို ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်မှာ ပထမအကျော့ကို အရေးနိမ့်ထားပါတယ်။

ဒါကြောင့် ဒီကနေ့ညမှာ ကစားရမယ့် ဗီလာရီးရဲလ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတယအကျော့ပွဲစဉ်မှာ ရလဒ်ကောင်းမရခဲ့ဘူးဆိုရင် အာတီတာတစ်ယောက် အာဆင်နယ်အသင်းရဲ့ နည်းပြရာထူးကို စွန့်ခွာရနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
နည်းပြအာတီတာကတော့ သူ့အနေနဲ့ အဆိုပါကိစ္စကို ခေါင်းထဲထည့်ပြီး တွေးနေတာမျိုးမရှိဘူးလို့ ငြင်းဆိုသွားခဲ့သလို စိုးရိမ်နေတာမျိုးလည်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။ “ခုချိန်မှာ ကျွန်တော် တွေးနေတာ ဒုတိယအကျော့မှာ ရလဒ်ကောင်းရယူပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်ဖို့ဆိုတာပါပဲ။ ကျန်တဲ့ကိစ္စတွေကို နောက်မှ စဉ်းစားပါမယ်” လို့ အာတီတာက ဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေမှာတော့ အာဆင်နယ်အသင်းပိုင်ရှင် စတန် ခရွန်ကီက အာတီတာကို ယုံကြည်နေဆဲဖြစ်တယ်လို့ ဖော်ပြနေတာတွေရှိနေသလို အာဆင်နယ်ဘုတ်အဖွဲ့ဝင်တစ်ချို့က နည်းပြသစ်ရှာဖွေနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့်လည်း ပရိတ်သတ်တွေနဲ့ ဂန္တဝင်တွေအကြားမှာတော့ နည်းပြဖြစ်သူ မီခယ် အာတီတာရဲ့ စွမ်းဆောင်ရည်အပေါ် သဘောမကျမှုတွေနဲ့ သံသယဝင်မှုတွေ ပိုမိုတိုးပွားလာနေတယ်လို့ စစ်တမ်းတေက ဖော်ပြနေကြပါတယ်။
Source: Daily Mail
[ZAWGYI]
အာဆင္နယ္နည္းျပဘဝ သက္တမ္းတစ္ေလွ်ာက္ အေရးအပါဆံုးနဲ႔ အႏၱရာယ္အမ်ားဆံုး ရက္သတၱပတ္ထဲကို ေရာက္ရွိေနေပမယ့္လည္း နည္းျပရာထူးကေန ထုတ္ပယ္ခံရမွာကို စိတ္ပူမေနဘူးလို႔ အာဆင္နယ္အသင္းနည္းျပ မီခယ္ အာတီတာက ေျပာဆိုလုိက္ပါတယ္။
အာတီတာအေနနဲ႔ လက္ရွိရာသီမွာ အာဆင္နယ္အသင္းကို အေကာင္းဆံုးျဖစ္လာေအာင္ တည္ေဆာက္ႏုိင္ခဲ့ျခင္းမရွိပဲ အသင္းဟာလည္း ၂၆ ႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ အဆိုးရြားဆံုး အမွတ္ေပးဇယားရပ္တည္မႈျဖစ္တဲ့ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနရသလို ယူရိုပါလိဂ္မွာလည္း ဆီမီးဖိုင္နယ္မွာ ပထမအေက်ာ့ကို အေရးနိမ့္ထားပါတယ္။

ဒါေၾကာင့္ ဒီကေန႔ညမွာ ကစားရမယ့္ ဗီလာရီးရဲလ္နဲ႔ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ ဒုတယအေက်ာ့ပြဲစဥ္မွာ ရလဒ္ေကာင္းမရခဲ့ဘူးဆိုရင္ အာတီတာတစ္ေယာက္ အာဆင္နယ္အသင္းရဲ႕ နည္းျပရာထူးကို စြန္႔ခြာရႏုိင္တယ္လုိ႔ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနပါတယ္။
နည္းျပအာတီတာကေတာ့ သူ႔အေနနဲ႔ အဆုိပါကိစၥကို ေခါင္းထဲထည့္ျပီး ေတြးေနတာမ်ိဳးမရွိဘူးလို႔ ျငင္းဆိုသြားခဲ့သလို စိုးရိမ္ေနတာမ်ိဳးလည္းမရွိဘူးလို႔ ဆိုခဲ့ပါတယ္။ “ခုခ်ိန္မွာ ကၽြန္ေတာ္ ေတြးေနတာ ဒုတိယအေက်ာ့မွာ ရလဒ္ေကာင္းရယူျပီး ယူရိုပါလိဂ္ ဗိုလ္လုပြဲအဆင့္ကို တက္လွမ္းႏိုင္ေအာင္ စြမ္းေဆာင္ဖို႔ဆိုတာပါပဲ။ က်န္တဲ့ကိစၥေတြကို ေနာက္မွ စဥ္းစားပါမယ္” လို႔ အာတီတာက ဆိုသြားပါတယ္။

ေနာက္ဆံုးရသတင္းေတြမွာေတာ့ အာဆင္နယ္အသင္းပိုင္ရွင္ စတန္ ခရြန္ကီက အာတီတာကို ယံုၾကည္ေနဆဲျဖစ္တယ္လုိ႔ ေဖာ္ျပေနတာေတြရွိေနသလို အာဆင္နယ္ဘုတ္အဖြဲ႕ဝင္တစ္ခ်ိဳ႕က နည္းျပသစ္ရွာေဖြေနတယ္လုိ႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။
ဒါေပမယ့္လည္း ပရိတ္သတ္ေတြနဲ႔ ဂႏၱဝင္ေတြအၾကားမွာေတာ့ နည္းျပျဖစ္သူ မီခယ္ အာတီတာရဲ႕ စြမ္းေဆာင္ရည္အေပၚ သေဘာမက်မႈေတြနဲ႔ သံသယဝင္မႈေတြ ပိုမိုတုိးပြားလာေနတယ္လို႔ စစ္တမ္းေတက ေဖာ္ျပေနၾကပါတယ္။
Source: Daily Mail