နိုင်ငံတကာရက်သတ္တပတ်မှာ အာတီတာ ဖြေရှင်းရမယ့် ပြဿနာ ၄ ရပ်

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာအနေနဲ့ ယခုနိုင်ငံတကာရပ်သတ္တပတ်အတွင်းမှာ အပြီးအပြတ်ဖြေရှင်းရမယ့် ပြဿနာရပ် ၄ ခု အထိရှိနေတယ်လို့ Football London က သုံးသပ်ဖော်ပြလိုက်ပါတယ်။

ဂန်းနားတွေဟာ ပြင်ပဆုဖလားပြိုင်ပွဲတွေမှာ ခြေစွမ်းတည်ငြိမ်မှုရှိနေပေမယ့် ပရီးမီးယားလိဂ်မှာတော့ တိုက်စစ်ပိုင်အားနည်းချက်တွေကြောင့် ၈ ပွဲကစားထားရာမှာ ၄ ပွဲနိုင် ၄ ပွဲရှုံးနဲ့ ရလဒ်ကောင်းမရယူနိုင်ပဲဖြစ်နေပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့တုန်းကလည်း အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ အရှက်တကွဲအရေးနိမ့်ထားတာကြောင့် ယခုအားလပ်ရက်မှာ နည်းပြအာတီတာတစ်ယောက် အောက်ပါအချက်တွေကို သေချာပေါက် ဖြေရှင်းနိုင်အောင် ပြုလုပ်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ Football London က ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

၁။ ပက်ပေခြေစွမ်းတည်ငြိမ်အောင်လုပ်ဖို့ – ဒီကိစ္စပ ရေရှည်ပြဿနာတစ်ခုဆိုပေမယ့် ခုချိန်မှာတော့ တိုက်စစ်ပိုင်းနဲ့ အခွင့်အရေး ဖန်တီးနိုင်စွမ်း အားနည်းချက်တွေကြောင့် ချက်ခြင်းအလျှင်အမြန်ဖြေရှင်းနိုင်ဖို့ လိုအပ်နေပြီလို့ သုံးသပ်ခံထားရပါတယ်။

၂။ လူငယ်တွေကို အသုံးချဖို့ – ဆာကာ၊ နကီတီယာတို့ကို အသုံးချနေသလိုမျိုး နယ်လ်ဆင်နဲ့ ဝေးလော့ခ်တို့လို ကစားသမားတွေကိုလည်း ယုံကြည်မှုပေးဖို့ လိုအပ်နေပြီလို့ သုံးသပ်ရပါတယ်။ ဒီကစားသမား ၂ ဦးလုံးဟာ လက်ရှိအသင်းမှာ ဝင်ကစားနိုင်လောက်တဲ့အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားသလို အလှည့်အပြောင်းအတွက် စမ်းသပ်အခွင့်အရေးပေးသင့်သူတွေလည်းဖြစ်ပါတယ်။

၃။ တချို့ကစားသမားတွေရဲ့ ခြေစွမ်းကို ပြန်သုံးသပ်ဖို့ – လာကာဇက်၊ အူဘာမီယန်း၊ ဝီလီယံနဲ့ ပပ်ပေတို့လို ခြေစွမ်းမတည်မငြိမ်ဖြစ်နေတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကို ကျပ်ကျပ်မတ်မတ်ကိုင်တွယ်ဖို့နဲ့ ရဲရဲဝံ့ဝံ့လူစာရင်းကနေ ချန်လှပ်ပြီး သတိပေးဖို့လိုအပ်နေတယ်လို့လည်း FL က ဆိုသွားပါတယ်။

၄။ အူဘာမီယန်းကို အပြောင်းအလဲလုပ်ဖို့ – အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းဟာ ပွဲပန်းနေတဲ့ပုံပေါက်နေသလို စိတ်ဖိစီးနေတဲ့ လက္ခဏာတွေလည်း မြင်နေရပါတယ်။ သူ့ကို နေရာပြောင်းလဲကစာခိုင်းဖို့နဲ့ လုံလောက်တဲ့ အနားယူချိန်ပေးဖို့ကို မဖြစ်မနေလုပ်သင့်တယ်လို့ ဆိုထားပါတယ်။ အူဘာမီယန်းမပါဝင်ရင် လက်ရှိတိုက်စစ်ဟာ ပိုဆိုးနိုင်တာမှန်ပေမယ့် ခုလည်းထက်မြက်နေတာမဟုတ်တာမို့ ရေရှည်ကို ထောက်ချင့်ပြီး ဂါဘွန်သားကို အနားပေးဖို့ စီစဉ်သင့်တယ်လို့ ဆိုရမှာပါ။

Source: Football London

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာအေနနဲ႔ ယခုႏုိင္ငံတကာရပ္သတၱပတ္အတြင္းမွာ အျပီးအျပတ္ေျဖရွင္းရမယ့္ ျပႆနာရပ္ ၄ ခု အထိရွိေနတယ္လို႔ Football London က သံုးသပ္ေဖာ္ျပလိုက္ပါတယ္။

ဂန္းနားေတြဟာ ျပင္ပဆုဖလားျပိဳင္ပြဲေတြမွာ ေျခစြမ္းတည္ျငိမ္မႈရွိေနေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ တိုက္စစ္ပိုင္အားနည္းခ်က္ေတြေၾကာင့္ ၈ ပြဲကစားထားရာမွာ ၄ ပြဲႏုိင္ ၄ ပြဲရႈံးန႔ဲ ရလဒ္ေကာင္းမရယူႏုိင္ပဲျဖစ္ေနပါတယ္။

ျပီးခဲ့တဲ့တနလၤာေန႔တုန္းကလည္း အက္စတြန္ဗီလာအသင္းကို အိမ္ကြင္းမွာ အရွက္တကြဲအေရးနိမ့္ထားတာေၾကာင့္ ယခုအားလပ္ရက္မွာ နည္းျပအာတီတာတစ္ေယာက္ ေအာက္ပါအခ်က္ေတြကို ေသခ်ာေပါက္ ေျဖရွင္းႏုိင္ေအာင္ ျပဳလုပ္ဖို႔ လိုအပ္ေနျပီျဖစ္တယ္လုိ႔ Football London က ေဖာ္ျပသြားခဲ့တာျဖစ္ပါတယ္။

၁။ ပက္ေပေျခစြမ္းတည္ျငိမ္ေအာင္လုပ္ဖို႔ – ဒီကိစၥပ ေရရွည္ျပႆနာတစ္ခုဆိုေပမယ့္ ခုခ်ိန္မွာေတာ့ တိုက္စစ္ပိုင္းနဲ႔ အခြင့္အေရး ဖန္တီးႏုိင္စြမ္း အားနည္းခ်က္ေတြေၾကာင့္ ခ်က္ျခင္းအလွ်င္အျမန္ေျဖရွင္းႏုိင္ဖို႔ လိုအပ္ေနျပီလို႔ သံုးသပ္ခံထားရပါတယ္။

၂။ လူငယ္ေတြကို အသံုးခ်ဖို႔ – ဆာကာ၊ နကီတီယာတို႔ကို အသံုးခ်ေနသလိုမ်ိဳး နယ္လ္ဆင္နဲ႔ ေဝးေလာ့ခ္တို႔လို ကစားသမားေတြကိုလည္း ယံုၾကည္မႈေပးဖို႔ လိုအပ္ေနျပီလို႔ သံုးသပ္ရပါတယ္။ ဒီကစားသမား ၂ ဦးလံုးဟာ လက္ရွိအသင္းမွာ ဝင္ကစားႏိုင္ေလာက္တဲ့အရည္အေသြးမ်ိဳးကို ပိုင္ဆိုင္ထားသလို အလွည့္အေျပာင္းအတြက္ စမ္းသပ္အခြင့္အေရးေပးသင့္သူေတြလည္းျဖစ္ပါတယ္။

၃။ တခ်ိဳ႕ကစားသမားေတြရဲ႕ ေျခစြမ္းကို ျပန္သံုးသပ္ဖို႔ – လာကာဇက္၊ အူဘာမီယန္း၊ ဝီလီယံနဲ႔ ပပ္ေပတို႔လို ေျခစြမ္းမတည္မျငိမ္ျဖစ္ေနတဲ့ ကစားသမားေတြရဲ႕ ေျခစြမ္းပိုင္းကို က်ပ္က်ပ္မတ္မတ္ကိုင္တြယ္ဖို႔နဲ႔ ရဲရဲဝံ့ဝ့ံလူစာရင္းကေန ခ်န္လွပ္ျပီး သတိေပးဖို႔လိုအပ္ေနတယ္လို႔လည္း FL က ဆိုသြားပါတယ္။

၄။ အူဘာမီယန္းကို အေျပာင္းအလဲလုပ္ဖို႔ – အသင္းေခါင္းေဆာင္တုိက္စစ္မွဴး အူဘာမီယန္းဟာ ပြဲပန္းေနတဲ့ပံုေပါက္ေနသလို စိတ္ဖိစီးေနတဲ့ လကၡဏာေတြလည္း ျမင္ေနရပါတယ္။ သူ႔ကို ေနရာေျပာင္းလဲကစာခိုင္းဖို႔နဲ႔ လံုေလာက္တဲ့ အနားယူခ်ိန္ေပးဖို႔ကို မျဖစ္မေနလုပ္သင့္တယ္လုိ႔ ဆိုထားပါတယ္။ အူဘာမီယန္းမပါဝင္ရင္ လက္ရွိတုိက္စစ္ဟာ ပိုဆိုးႏုိင္တာမွန္ေပမယ့္ ခုလည္းထက္ျမက္ေနတာမဟုတ္တာမို႔ ေရရွည္ကို ေထာက္ခ်င့္ျပီး ဂါဘြန္သားကို အနားေပးဖို႔ စီစဥ္သင့္တယ္လုိ႔ ဆိုရမွာပါ။

Source: Football London

Leave a Reply