“နိုင်ပွဲပျောက်နေတာကို မကျေနပ်ရင် ကျွန်တော့်ကို လာထိုးလို့ရပါတယ်” – အာတီတာ

[UNICODE]

ရလဒ်ဆိုးတွေကြောင့် နည်းပြရာထူးလှုပ်ခတ်နေတယ်လို့ သတင်းကြီးနေတဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းရဲ့နိုင်ပွဲပျောက်ဆုံးနေမှုကြောင့် စိတ်ပျက်နေတယ်ဆိုရင် သူ့ကို လာထိုးနှက်လို့ရတယ်လို့ ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“ကျွန်တော့် ခန္ဓာကိုယ်နဲ့ မျက်နှာကို ခင်ဗျားတို့ရှေ့မှာ ထားထားပါတယ်။ ကျွန်တော် နိုင်ပွဲတွေ မယူနိုင်သေးတာမို့ ခင်ဗျားမကျေနပ်ရင် လာထိုးလို့ရပါတယ်။ ကျွန်တော် ဘာများပြန်တုန့်ပြန်လို့ရမှာတဲ့လဲ။ ကျွန်တော်လုပ်နိုင်တာ အသင်းကို တိုးတက်အောင် ဆက်ကြိုးစားဖို့ပါပဲ” လို့လည်း အာတီတာက ပြောဆိုခဲ့တာပါ။

“နိုင်ပွဲတွေရတဲ့အခါ စိတ်ခံစားချက်တွေက ပြောင်းလဲသွားမယ်ဆိုတာကို သိပါတယ်။ ဖိအားကတော့ တစ်ပွဲနိုင်ရင် နောက်တစ်ပွဲထပ်နိုင်ဖို့ လိုအပ်တာပါပဲ။ ဖိအားတွေက အမြဲတမ်းတည်ရှိနေတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုဖိအားတွေ စိန်ခေါ်မှုတွေကို သဘောကျပါတယ်။ ကျွန်တော်တို့ လက်ရှိအခြေအနေကို ရဲရဲရင့်ရင့်ရင်ဆိုင်သွားမှာပါ။ ဘာကိုမှ ဖုံးကွယ်နေစရာမရှိပါဘူး” လို့လည်း သူကဆိုသွားပါသေးတယ်။

စပိန်လူမျိုးနည်းပြဖြစ် မီခယ် အာတီတာက သူ့အနေနဲ့ ခုမှ ဖိအားဒါဏ်ကို ခံရတာမဟုတ်ပဲ နည်းပြရာထူးကို စတင်လက်ခံခဲ့စဉ်ကတည်းက ဖိအားတွေ ကြုံခဲ့ရတာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အာဆင်နယ်အသင်းကို ကိုင်တွယ်ရတာက လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။

“ဖိအားဒါဏ်ကို ခံနေရလားဆိုရင် ကျွန်တော် အသင်းကို စတာဝန်ယူကတည်းက ဖိအားတွေရှိနေခဲ့တာပါ။ တစ်ချိန်လုံးပါပဲ။ ဒီကိုစရောက်စဉ်ကတည်းက အရာအားလုံးက လှပနေခဲ့တာတော့ မဟုတ်ဘူးလေ။ အခက်ခဲဆုံးဆိုတဲ့ကိစ္စတွေချည်း ကြုံခဲ့ရတာပါ။ အရာအားလုံးက ပျော်စရာအတိနဲ့ လွယ်ကူနေခဲ့တာတစ်ခုမှ မရှိခဲ့ပါဘူး” လို့ အာတီတာကဆိုသွားခဲ့တာပါ။

Source: Arsenal

[ZAWGYI]

ရလဒ္ဆိုးေတြေၾကာင့္ နည္းျပရာထူးလႈပ္ခတ္ေနတယ္လို႔ သတင္းၾကီးေနတဲ့ အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက အသင္းရဲ႕ႏုိင္ပြဲေပ်ာက္ဆံုးေနမႈေၾကာင့္ စိတ္ပ်က္ေနတယ္ဆိုရင္ သူ႔ကို လာထိုးႏွက္လို႔ရတယ္လုိ႔ ေဆာက္သမ္တန္နဲ႔ပြဲမတုိင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။

“ကၽြန္ေတာ့္ ခႏၶာကိုယ္နဲ႔ မ်က္ႏွာကို ခင္ဗ်ားတို႔ေရွ႕မွာ ထားထားပါတယ္။ ကၽြန္ေတာ္ ႏုိင္ပြဲေတြ မယူႏုိင္ေသးတာမို႔ ခင္ဗ်ားမေက်နပ္ရင္ လာထိုးလို႔ရပါတယ္။ ကၽြန္ေတာ္ ဘာမ်ားျပန္တုန္႔ျပန္လို႔ရမွာတဲ့လဲ။ ကၽြန္ေတာ္လုပ္ႏုိင္တာ အသင္းကို တိုးတက္ေအာင္ ဆက္ၾကိဳးစားဖို႔ပါပဲ” လို႔လည္း အာတီတာက ေျပာဆိုခဲ့တာပါ။

“ႏုိင္ပြဲေတြရတဲ့အခါ စိတ္ခံစားခ်က္ေတြက ေျပာင္းလဲသြားမယ္ဆိုတာကို သိပါတယ္။ ဖိအားကေတာ့ တစ္ပြဲႏုိင္ရင္ ေနာက္တစ္ပြဲထပ္ႏုိင္ဖို႔ လိုအပ္တာပါပဲ။ ဖိအားေတြက အျမဲတမ္းတည္ရွိေနတာပါ။ ကၽြန္ေတာ္ကိုယ္တုိင္လည္း ဒီလိုဖိအားေတြ စိန္ေခၚမႈေတြကို သေဘာက်ပါတယ္။ ကၽြန္ေတာ္တုိ႔ လက္ရွိအေျခအေနကို ရဲရဲရင့္ရင့္ရင္ဆုိင္သြားမွာပါ။ ဘာကိုမွ ဖုံးကြယ္ေနစရာမရွိပါဘူး” လို႔လည္း သူကဆိုသြားပါေသးတယ္။

စပိန္လူမ်ိဳးနည္းျပျဖစ္ မီခယ္ အာတီတာက သူ႔အေနနဲ႔ ခုမွ ဖိအားဒါဏ္ကို ခံရတာမဟုတ္ပဲ နည္းျပရာထူးကို စတင္လက္ခံခဲ့စဥ္ကတည္းက ဖိအားေတြ ၾကံဳခဲ့ရတာျဖစ္တယ္လုိ႔လည္း ထုတ္ေဖာ္ေျပာဆိုခဲ့ျပီး အာဆင္နယ္အသင္းကို ကိုင္တြယ္ရတာက လြယ္ကူတဲ့ ကိစၥတစ္ခုမဟုတ္ဘူးလို႔လည္း ေျပာသြားခဲ့ပါတယ္။

“ဖိအားဒါဏ္ကို ခံေနရလားဆိုရင္ ကၽြန္ေတာ္ အသင္းကို စတာဝန္ယူကတည္းက ဖိအားေတြရွိေနခဲ့တာပါ။ တစ္ခ်ိန္လံုးပါပဲ။ ဒီကိုစေရာက္စဥ္ကတည္းက အရာအားလံုးက လွပေနခဲ့တာေတာ့ မဟုတ္ဘူးေလ။ အခက္ခဲဆံုးဆိုတဲ့ကိစၥေတြခ်ည္း ၾကံဳခဲ့ရတာပါ။ အရာအားလံုးက ေပ်ာ္စရာအတိနဲ႔ လြယ္ကူေနခဲ့တာတစ္ခုမွ မရွိခဲ့ပါဘူး” လို႔ အာတီတာကဆိုသြားခဲ့တာပါ။

Source: Arsenal

Leave a Reply