
[UNICODE]
ခြေစွမ်းပိုင်းမတည်ငြိမ်မှုတွေကြောင့် အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဆင်နယ်တောင်ပံကြယ်ပွင့် နီကိုလပ် ပက်ပေကို ခေါ်ယူဖို့ အေစီမီလန်အသင်းက စိတ်ဝင်စားမှုပြသလာနေပါတယ်။
အာဆင်နယ်အသင်းဟာ နီကိုလပ်စ် ပက်ပေကို ယမန်နှစ်ရာသီတုန်းက ပြင်သစ်ကလပ် လိုင်လီအသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးထုတ်ဖော်မပြသနိုင်သေးတာမို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

၂၅ နှစ်အရွယ် အိုင်ဗရီကို့စ် တောင်ပံလူဟာ ယခင်တစ်ပတ်တုန်းက လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကို ဦးခေါင်းနဲ့ဆောင့်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပြီး ပရိတ်သတ်တွေနဲ့ ဂန္တဝင်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းထန်စွာရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း မိုလ်ဒီနဲ့ရင်ဆိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ခြေစွမ်းကောင်းပြန်လည်ပြသနိုင်ခဲ့ပြီး MOTM ဆုပါ ရယူနိုင်ခဲ့ပါတယ်။
သတင်းတစ်ချို့မှာတော့ အာဆင်နယ်အသင်းဟာ နီကိုလပ် ပက်ပေအပေါ် သည်းခံနိုင်စွမ်းကုန်ဆုံးနေပြီဖြစ်ပြီး လာမယ့်ဇန်နဝါရီမှာ အငှားထွက်ကစားစေတာ ဒါမှမဟုတ် အပြီးသတ်ရောင်းချတာမျိုးဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ စီးရီးအေအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အေစီမီလန်အသင်းဟာ ပက်ပေကို ခေါ်ယူဖို့ စိတ်ဝင်စားမှုပြသလာတာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ပက်ပေကို ယူရို သန်း ၅၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီး တိကျတဲ့သတင်းတွေကို ပုံမှန်တင်ဆက်ပေးနေတဲ့ ထိပ်တန်းသတင်းထောက် ဒေးဗစ် အွန်းစတိန်းကတော့ အာဆင်နယ်အသင်းနဲ့ ပက်ပေတို့အကြား ဆက်ဆံရေးဟာ အဆင်ပြေနေပြီး ဂန်းနားတွေဘက်က အိုင်ဗရီကို့စ်သားကို လက်လွှတ်မယ်ဆိုတဲ့သတင်းတွေဟာ အခြေအမြစ်မရှိတဲ့သတင်းတွေလို့ ပြောဆိုသွားပါတယ်။
Source: Calcio Mercato, The Athletic
[ZAWGYI]
ေျခစြမ္းပိုင္းမတည္ျငိမ္မႈေတြေၾကာင့္ အသင္းကေန ထြက္ခြာရဖြယ္ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ အာဆင္နယ္ေတာင္ပံၾကယ္ပြင့္ နီကိုလပ္ ပက္ေပကို ေခၚယူဖို႔ ေအစီမီလန္အသင္းက စိတ္ဝင္စားမႈျပသလာေနပါတယ္။
အာဆင္နယ္အသင္းဟာ နီကိုလပ္စ္ ပက္ေပကို ယမန္ႏွစ္ရာသီတုန္းက ျပင္သစ္ကလပ္ လိုင္လီအသင္းကေန စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူရုိ သန္း ၈၀ နဲ႔ ေခၚယူထားခဲ့တာျဖစ္ျပီး ေျပာင္းေရႊ႕ေၾကးနဲ႔ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳးထုတ္ေဖာ္မျပသႏုိင္ေသးတာမို႔ ေဝဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရသူျဖစ္ပါတယ္။

၂၅ ႏွစ္အရြယ္ အိုင္ဗရီကို႔စ္ ေတာင္ပံလူဟာ ယခင္တစ္ပတ္တုန္းက လိဒ္စ္ယူႏုိက္တက္နဲ႔ပြဲစဥ္မွာ ျပိဳင္ဘက္ကို ဦးေခါင္းနဲ႔ေဆာင့္ခဲ့တာေၾကာင့္ တုိက္ရိုက္အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရျပီး ပရိတ္သတ္ေတြနဲ႔ ဂႏၱဝင္ေတြရဲ႕ ေဝဖန္မႈေတြကို ျပင္းထန္စြာရင္ဆုိင္ခဲ့ရပါေသးတယ္။ ဒါေပမယ့္လည္း မိုလ္ဒီနဲ႔ရင္ဆုိင္ခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာေတာ့ ေျခစြမ္းေကာင္းျပန္လည္ျပသႏုိင္ခဲ့ျပီး MOTM ဆုပါ ရယူႏိုင္ခဲ့ပါတယ္။
သတင္းတစ္ခ်ိဳ႕မွာေတာ့ အာဆင္နယ္အသင္းဟာ နီကိုလပ္ ပက္ေပအေပၚ သည္းခံႏုိင္စြမ္းကုန္ဆံုးေနျပီျဖစ္ျပီး လာမယ့္ဇန္နဝါရီမွာ အငွားထြက္ကစားေစတာ ဒါမွမဟုတ္ အျပီးသတ္ေရာင္းခ်တာမ်ိဳးျဖစ္လာႏုိင္တယ္လုိ႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ စီးရီးေအအမွတ္ေပးဇယားကို ထိပ္ဆံုးကေန ဦးေဆာင္ေနတဲ့ ေအစီမီလန္အသင္းဟာ ပက္ေပကို ေခၚယူဖို႔ စိတ္ဝင္စားမႈျပသလာတာျဖစ္ပါတယ္။ ေအစီမီလန္အသင္းဟာ ပက္ေပကို ယူရို သန္း ၅၀ ဝန္းက်င္နဲ႔ ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။
အာဆင္နယ္အသင္းနဲ႔ ပတ္သက္ျပီး တိက်တဲ့သတင္းေတြကို ပံုမွန္တင္ဆက္ေပးေနတဲ့ ထိပ္တန္းသတင္းေထာက္ ေဒးဗစ္ အြန္းစတိန္းကေတာ့ အာဆင္နယ္အသင္းနဲ႔ ပက္ေပတုိ႔အၾကား ဆက္ဆံေရးဟာ အဆင္ေျပေနျပီး ဂန္းနားေတြဘက္က အုိင္ဗရီကို႔စ္သားကို လက္လႊတ္မယ္ဆိုတဲ့သတင္းေတြဟာ အေျခအျမစ္မရွိတဲ့သတင္းေတြလို႔ ေျပာဆိုသြားပါတယ္။
Source: Calcio Mercato, The Athletic