
[UNICODE]
ဂန္တဝင် တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က အာဆင်နယ်အသင်းရဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့ ကွင်းလယ်လူ ရူဘင် နီးဗက်စ်ဟာ ဂန်းနားတွေ မဖြစ်မနေခေါ်ယူဖြည့်တင်းသင့်တဲ့ ကစားသမားဖြစ်တယ်လို့ တိုက်တွန်းပြောဆိုသွားပါတယ်။
အာဆင်နယ်အသင်းဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝုလ်ဗ်ကွင်းလယ်လူ နီးဗက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ထိပ်တန်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဂန်းနားတွေနဲ့ ကာယကံရှင် ပေါ်တူဂီသားတို့အကြား ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိထားပြီးဖြစ်တယ်လို့ သိထားရပြီး မိခင်ကလပ် ဝုလ်ဗ်နဲ့ကတော့ ပြောင်းရွှေ့ကြေး ညှိနှိုင်းနေဆဲလို့ သိထားရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ကမ်းဘဲလ်ကတော့ သူ့ရဲ့ အမြင်ကို ခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ “နီးဗက်စ်က ဘယ်လိုကောင်းတဲ့ ကစားသမားမျိုးလဲ လူတိုင်းသိပါတယ်။ ရူးသွပ်လောက်စရာ ခြေစွမ်းမျိုးနဲ့ပါ။ ကျွန်တော်ဆို သူ့ကို ဝုလ်ဗ်က ဘယ်တော့မှ မရောင်းလောက်တော့ဘူးလို့ ထင်ထားမိခဲ့တာပါ” လို့ သူကဆိုခဲ့ပါတယ်။
“နီးဗက်စ်က ထက်မြက်တဲ့ကွင်းလယ်လူ တစ်ယောက်ပါ။ အသက်အရွယ်ကလည်း အရွယ်ကောင်းပေါ့။ ပြီးတော့ သူက ဧရိယာအပြင်ကနေရော အတွင်းထဲကနေပါ ပြိုင်ဘက်ကို ချိန်းခြောက်နိုင်ပါသေးတယ်။ တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်မျိုးပါ။ အသက်က ၂၄ နှစ်ဆိုတော့ ဆက်ပြီးတိုးတက်ဦးမှာဖြစ်သလို အာဆင်နယ်ခေါ်ယူသင့်တဲ့ မှန်ကန်တဲ့ ကစားသမားပါ” လို့လည်း ကမ်းဘဲလ်က ဆိုခဲ့ပါသေးတယ်။

“သူ ဝုလ်ဗ်ကိုရောက်လာချိန်မှာ ဝုလ်ဗ်အသင်း အများကြီး ပြောင်းလဲသွားပါတယ်။ အာဆင်နယ်လည်း သူ့ကို ခေါ်ယူနိုင်မယ်ဆိုရင် ကွင်းလယ်ပိုင်း တောင့်တင်းမှုက သိပ်သိသာသွားမှာပါ။ သူ့ကို သေချာပေါက် ခေါ်ယူသင့်ပါတယ်။ အရိုးသားဆုံး ပြောရရင် ဝုလ်ဗ်ဘက်ကတောင်းဆိုနေတဲ့ ပေါင် သန်း ၄၀ ဆိုတာ ဈေးမဆစ်ပဲ တခါတည်း တန်းပြီးပေးချေလိုက်သင့်တဲ့ ပမာဏမျိုးပါ” လို့ အင်္ဂလိပ်တိုက်စစ်မှူးဟောင်းက တိုက်တွန်းသွားပါတယ်။
ရူဘင် နီးဗက်စ်ဟာ ၂၀၁၄ ခုနှစ်မှာကတည်းက ပေါ်တိုအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပြီး သူ့အသက် ၁၈ နှစ်အရွယ်မှာ ပေါ်တိုအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဝုလ်ဗ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၅.၈ သန်းနဲ့ ဝုလ်ဗ်ထံပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အင်္ဂလိပ်ကလပ်အတွက် ၁၇၆ ပွဲကစား၊ ဂိုး ၂၀ သွင်းယူကာ ၈ ဂိုးဖန်တီးပေးထားပါတယ်။
Source: Football 365, Football Insider
[ZAWGYI]
ဂႏၱဝင္ တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲလ္က အာဆင္နယ္အသင္းရဲ႕ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနတဲ့ ကြင္းလယ္လူ ရူဘင္ နီးဗက္စ္ဟာ ဂန္းနားေတြ မျဖစ္မေနေခၚယူျဖည့္တင္းသင့္တဲ့ ကစားသမားျဖစ္တယ္လုိ႔ တုိက္တြန္းေျပာဆိုသြားပါတယ္။
အာဆင္နယ္အသင္းဟာ အသက္ ၂၄ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ဝုလ္ဗ္ကြင္းလယ္လူ နီးဗက္စ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔ ေခၚယူႏုိင္ဖို႔ ၾကိဳးပမ္းေနပါတယ္။ ထိပ္တန္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ ဂန္းနားေတြနဲ႔ ကာယကံရွင္ ေပၚတူဂီသားတို႔အၾကား ပုဂၢိဳလ္ေရး သေဘာတူညီခ်က္ ရရွိထားျပီးျဖစ္တယ္လုိ႔ သိထားရျပီး မိခင္ကလပ္ ဝုလ္ဗ္နဲ႔ကေတာ့ ေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းေနဆဲလို႔ သိထားရပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ ကမ္းဘဲလ္ကေတာ့ သူ႔ရဲ႕ အျမင္ကို ခုလိုမ်ိဳးေျပာဆိုသြားခဲ့ပါတယ္။ “နီးဗက္စ္က ဘယ္လိုေကာင္းတဲ့ ကစားသမားမ်ိဳးလဲ လူတုိင္းသိပါတယ္။ ရူးသြပ္ေလာက္စရာ ေျခစြမ္းမ်ိဳးနဲ႔ပါ။ ကၽြန္ေတာ္ဆို သူ႔ကို ဝုလ္ဗ္က ဘယ္ေတာ့မွ မေရာင္းေလာက္ေတာ့ဘူးလို႔ ထင္ထားမိခဲ့တာပါ” လို႔ သူကဆိုခဲ့ပါတယ္။
“နီးဗက္စ္က ထက္ျမက္တဲ့ကြင္းလယ္လူ တစ္ေယာက္ပါ။ အသက္အရြယ္ကလည္း အရြယ္ေကာင္းေပါ့။ ျပီးေတာ့ သူက ဧရိယာအျပင္ကေနေရာ အတြင္းထဲကေနပါ ျပိဳင္ဘက္ကို ခ်ိန္းေျခာက္ႏုိင္ပါေသးတယ္။ တကယ့္ကို ရွားပါးတဲ့ ပါရမီရွင္မ်ိဳးပါ။ အသက္က ၂၄ ႏွစ္ဆိုေတာ့ ဆက္ျပီးတိုးတက္ဦးမွာျဖစ္သလို အာဆင္နယ္ေခၚယူသင့္တဲ့ မွန္ကန္တဲ့ ကစားသမားပါ” လို႔လည္း ကမ္းဘဲလ္က ဆိုခဲ့ပါေသးတယ္။

“သူ ဝုလ္ဗ္ကိုေရာက္လာခ်ိန္မွာ ဝုလ္ဗ္အသင္း အမ်ားၾကီး ေျပာင္းလဲသြားပါတယ္။ အာဆင္နယ္လည္း သူ႔ကို ေခၚယူႏုိင္မယ္ဆိုရင္ ကြင္းလယ္ပိုင္း ေတာင့္တင္းမႈက သိပ္သိသာသြားမွာပါ။ သူ႔ကို ေသခ်ာေပါက္ ေခၚယူသင့္ပါတယ္။ အရိုးသားဆံုး ေျပာရရင္ ဝုလ္ဗ္ဘက္ကေတာင္းဆိုေနတဲ့ ေပါင္ သန္း ၄၀ ဆိုတာ ေစ်းမဆစ္ပဲ တခါတည္း တန္းျပီးေပးေခ်လိုက္သင့္တဲ့ ပမာဏမ်ိဳးပါ” လို႔ အဂၤလိပ္တုိက္စစ္မွဴးေဟာင္းက တုိက္တြန္းသြားပါတယ္။
ရူဘင္ နီးဗက္စ္ဟာ ၂၀၁၄ ခုႏွစ္မွာကတည္းက ေပၚတိုအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရရွိခဲ့သူျဖစ္ျပီး သူ႔အသက္ ၁၈ ႏွစ္အရြယ္မွာ ေပၚတိုအသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္လာခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ဝုလ္ဗ္အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၅.၈ သန္းနဲ႔ ဝုလ္ဗ္ထံေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အဂၤလိပ္ကလပ္အတြက္ ၁၇၆ ပြဲကစား၊ ဂိုး ၂၀ သြင္းယူကာ ၈ ဂိုးဖန္တီးေပးထားပါတယ္။
Source: Football 365, Football Insider