နောက်ဆုံးမိနစ် ခေါ်ယူမှုဖြစ်လာဖို့ရှိနေတဲ့ ဟူဆန် အော်ဝါ

ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက လီယွန်ကွင်းလယ်လူ ဟူဆန် အော်ဝါဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံးမိနစ်ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ အော်ဝါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီယွန်အသင်းကလည်း အဆိုပါကစားသမားကို အသင်းကနေ ရှင်းထုတ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ရိုမာနိုရဲ့ ပြောဆိုချက်အရ လီယွန်အသင်းဟာ အော်ဝါကို ကနဦးအငှားစနစ်နဲ့ ခေါ်ယူနိုင်ကြောင်း အာဆင်နယ်အသင်းထံ ကမ်းလှမ်းထားပေမယ့် ဂန်းနားတွေဘက်က ခေါ်ယူခြင်း ပြု/မပြုကို အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ သိထားရပါတယ်။

“ဟူဆန် အော်ဝါရဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ခြေက မပြီးဆုံးသေးပါဘူး။ အင်္ဂလိပ်ကလပ်တွေတိုင်းမှာ အခွင့်အရေးရှိနေပါသေးတယ်။ အာဆင်နယ်က သူ့ကို ခေါ်ယူခြင်း ပြု/မပြုကို လီယွန်ထံ အကြောင်းမပြန်သေးပါဘူး။ နောက်ဆုံးမိနစ် ခေါ်ယူမှုဖြစ်လာနိုင်ခြေရှိနေပါတယ်။ စပါးကတော့ ပထမတစ်ကြိမ် ကြိုးပမ်းမှုမအောင်မြင်ခဲ့သလို ခုချိန်မှာလည်း ညာနောက်ခံလူခေါ်ဖို့ကို ပိုအားစိုက်လာနေတာမို့ အော်ဝါကို သိပ်အာရုံမစိုက်တော့ပါဘူး။ အာဆင်နယ်ကလည်း ကွင်းလယ်လူနဲ့ ညာနောက်ခံလူ အပူတပြင်းရှာဖွေနေတာပါ” လို့ ရိုမာနိုက ဆိုသွားပါတယ်။

ရိုမာနိုကတော့ ဂန်းနားတွေဟာ အော်ဝါကို ခေါ်ယူဖို့ လေးလေးနက်နက် စိတ်ဝင်စားမှုရှိပေမယ့် အသင်းက ပိုလျှံကစားသမားတွေကို ရှင်းထုတ်ဦးမှာဖြစ်ပြီး အပြောင်းအရွှေ့နောက်ဆုံးအချိန်မှသာ ပြင်သစ်သားကို ခေါ်ယူလိမ့်မယ်လို့ ဆိုသွားပါတယ်။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ကာလရဲ့ လက်ကျန် ၄၈ နာရီအတွင်းမှာ ဝီလီယံ၊ ကိုလာစီနက်၊ နကီတီယာ၊ နိုင်းလ်စ်၊ ရန်နာဆင်စတဲ့ အရံကစားသမားတွေကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး လူစာရင်းဖောင်းပွမှုကို အရင်လျှော့ချဖို့ စီစဉ်နေပါတယ်။

Source: CaughtOffside, Romano

Leave a Reply