
[UNICODE]
အာဆင်နယ်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား မာတင် အိုဒီဂတ်ဟာ နော်ဝေလက်ရွေးစင်အသင်းရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်အဖြစ် ယမန်နေ့တုန်းက တရားဝင်ခန့်အပ်ခြင်းခံခဲ့ရပြီဖြစ်ပါတယ်။
အိုဒီဂတ်ဟာ အသင်းခေါင်းဆောင်တာဝန်ကို လက်ခံရရှိချိန်မှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးတာမို့ နော်ဝေလက်ရွေးစင်အသင်း သမိုင်းမှာ အသက်အငယ်ဆုံး အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ နော်ဝေအသင်း နည်းပြသစ် စတေးလ် ဆိုလ်ဘာကန်ဟာ နည်းပြရာထူးလက်ခံပြီး အချိန်ပိုင်းအတွင်း အိုဒီဂတ်ကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အိုဒီဂတ်ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ ကစားခဲတဲ့ နော်ဝေ-UAE ချစ်ကြည်ရေးခြေစမ်းပွဲမှာ နော်ဝေလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခြင်းခံခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်တုန်းက သူ့ရဲ့ အသက်က ၁၅ နှစ်နဲ့ ၂၅၃ ရက်သာရှိသေးတာမို့ နော်ဝေလက်ရွေးစင်သမိုင်းမှာ အသက်အငယ်ဆုံး လက်ရွေးစင်ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သူဖြစ်ပါတယ်။
အဆိုပါနှစ် ဒီဇင်ဘာလမှာတော့ နော်ဝေလက်ရွေးစင်အသင်းအတွက် ယူရိုခြေစစ်ပွဲစဉ်မှာ ပါဝင်ကစားပေးခွင့်ရခဲ့တာမို့ ဥရောပရဲ့ အသက်အငယ်ဆုံး ယူရိုခြေစစ်ပွဲဝင် ကစားသမား (၁၅ နှစ် ရက် ၃၀၀)အဖြစ် စံချိန်သစ်ထပ်တင်နိုင်သူဖြစ်ပါတယ်။

၂၀၁၅ မတ်လမှာ ကစားတဲ့ ခရိုအေးရှား ၅-၁ နော်ဝေပွဲစဉ်မှာတော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဥရောပခြေစစ်ပွဲအဆင့်ပြိုင်ပွဲတွေမှာ အသက်အငယ်ဆုံး ပွဲထွက်ကစားသမား (၁၆ နှစ် ၁၀၁ ရက်) အဖြစ် စံချိန်ထပ်တင်နိုင်ခဲ့သူပါ။
လက်ရှိမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်တလောမှာတော့ အာဆင်နယ်အသင်းမှာ အငှားစာချုပ်နဲ့ လာရောက်ကစားနေသူဖြစ်ပါတယ်။
Source: Norway F.A
[UNICODE]
အာဆင္နယ္အသင္းက ကြင္းလယ္တိုက္စစ္ကစားသမား မာတင္ အိုဒီဂတ္ဟာ ေနာ္ေဝလက္ေရြးစင္အသင္းရဲ႕ အျမဲတမ္း အသင္းေခါင္းေဆာင္အျဖစ္ ယမန္ေန႔တုန္းက တရားဝင္ခန္႔အပ္ျခင္းခံခဲ့ရျပီျဖစ္ပါတယ္။
အိုဒီဂတ္ဟာ အသင္းေခါင္းေဆာင္တာဝန္ကို လက္ခံရရွိခ်ိန္မွာ အသက္ ၂၂ ႏွစ္အရြယ္သာရွိေသးတာမို႔ ေနာ္ေဝလက္ေရြးစင္အသင္း သမုိင္းမွာ အသက္အငယ္ဆံုး အသင္းေခါင္းေဆာင္ျဖစ္လာခဲ့ပါတယ္။ ေနာ္ေဝအသင္း နည္းျပသစ္ စေတးလ္ ဆိုလ္ဘာကန္ဟာ နည္းျပရာထူးလက္ခံျပီး အခ်ိန္ပိုင္းအတြင္း အိုဒီဂတ္ကို အသင္းေခါင္းေဆာင္အျဖစ္ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

အိုဒီဂတ္ဟာ ၂၀၁၄ ခုႏွစ္ ၾသဂုတ္လ ၂၇ ရက္ေန႔မွာ ကစားခဲတဲ့ ေနာ္ေဝ-UAE ခ်စ္ၾကည္ေရးေျခစမ္းပြဲမွာ ေနာ္ေဝလက္ေရြးစင္အျဖစ္ စတင္ေရြးခ်ယ္ျခင္းခံခဲ့သူျဖစ္ျပီး အဲ့ဒီအခ်ိန္တုန္းက သူ႔ရဲ႕ အသက္က ၁၅ ႏွစ္နဲ႔ ၂၅၃ ရက္သာရွိေသးတာမို႔ ေနာ္ေဝလက္ေရြးစင္သမုိင္းမွာ အသက္အငယ္ဆံုး လက္ေရြးစင္ကစားသမားအျဖစ္ စံခ်ိန္သစ္တင္ႏုိင္ခဲ့သူျဖစ္ပါတယ္။
အဆုိပါႏွစ္ ဒီဇင္ဘာလမွာေတာ့ ေနာ္ေဝလက္ေရြးစင္အသင္းအတြက္ ယူရိုေျခစစ္ပြဲစဥ္မွာ ပါဝင္ကစားေပးခြင့္ရခဲ့တာမို႔ ဥေရာပရဲ႕ အသက္အငယ္ဆံုး ယူရိုေျခစစ္ပြဲဝင္ ကစားသမား (၁၅ ႏွစ္ ရက္ ၃၀၀)အျဖစ္ စံခ်ိန္သစ္ထပ္တင္ႏုိင္သူျဖစ္ပါတယ္။

၂၀၁၅ မတ္လမွာ ကစားတဲ့ ခရိုေအးရွား ၅-၁ ေနာ္ေဝပြဲစဥ္မွာေတာ့ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရရွိခဲ့ျပီး ဥေရာပေျခစစ္ပြဲအဆင့္ျပိဳင္ပြဲေတြမွာ အသက္အငယ္ဆံုး ပြဲထြက္ကစားသမား (၁၆ ႏွစ္ ၁၀၁ ရက္) အျဖစ္ စံခ်ိန္ထပ္တင္ႏုိင္ခဲ့သူပါ။
လက္ရွိမွာ အသက္ ၂၂ ႏွစ္အရြယ္သာရွိေသးတဲ့ ကြင္းလယ္တုိက္စစ္ၾကယ္ပြင့္ အိုဒီဂတ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကစားသမားတစ္ဦးျဖစ္ျပီး လက္တေလာမွာေတာ့ အာဆင္နယ္အသင္းမွာ အငွားစာခ်ဳပ္နဲ႔ လာေရာက္ကစားေနသူျဖစ္ပါတယ္။
Source: Norway F.A